Shopping & Promos

Insein Citymart will be temporarily closed due to an employee infection

Insein Citymart will be temporarily closed due to an employee infection

ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ City Mart Supermarket ဖော့ကန်ဆိုင်ခွဲအား အောက်တိုဘာလ (၂၄)ရက်နေ့မှ စတင်ကာ ယာယီ ပိတ်သွားမည် ဖြစ်ကြောင်း City Mart ၏ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် သိရသည်။ 

 

ဖော့ကန်ဆိုင်ခွဲတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းတစ်ဦးမှ ကိုဗစ်ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြုချက် ရခဲ့သည့်အတွက် ပိတ်ထားခဲ့ခြင်း ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မည့် ရက်ကိုမူ အတိအကျ မသိရသေးပေ။ 

 

Citymart Center အတွင်း၌လည်း ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ပိုးသတ်ဆေး ဖြန်းခြင်းနှင့် သန့်ရှင်းရေးများ ပြုလုပ်လျက် ရှိပြီး ဝန်ထမ်းအတွက် လိုအပ်သော ထောက်ပံ့မှုများ ပေးနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။ 

 

 

ရန်ကုန်တစ်မြို့လုံးရှိ Citymart ဆိုင်ခွဲများ၏ ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ 

 

နံနက် (၇) နာရီမှ ည (၉) နာရီအထိ 

>> ဝေဇယန္တာ Citymart

 

နံနက် (၁၀) နာရီမှ ည (၇) နာရီအထိ

>> Junction 8, Junction ဇဝန၊ Junction မော်တင် နှင့် Junction Square.

 

နံနက် (၉) နာရီမှ ည (၈) နာရီအထိ

>> (၆၂) လမ်းနှင့် နန်းရှေ့၊ (၁၉)လမ်း ဆိုင်ခွဲ၊ မန္တလေးမြို့။

 

နံနက် (၉) နာရီမှ ည (၉) နာရီအထိ

>> အခြားဆိုင်ခွဲများ အားလုံး

 

ရန်ကုန်တစ်မြို့လုံးရှိ Citymart ဆိုင်ခွဲများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များကို အောက်ပါ Link တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ 

https://bit.ly/3e2KUVW

 

 

အင်းစိန်၊ ဖော့ကန်တစ်ဝိုက်ရှိ ဈေးဝယ်သူ မိဘပြည်သူများ အနေဖြင့် ဈေးဝယ်ယူလိုပါက Citymart သမိုင်းဆိုင်ခွဲ၊ Citymart ကျန်စစ်မင်း လှိုင်သာယာ ဆိုင်ခွဲနှင့် Citymall Online Website မှတစ်ဆင့် မှာယူနိုင်သည်။ 


ထို့ပြင် နေ့စဉ်သုံး ပစ္စည်းများအား CMHL ၏ City2U အိမ်အရောက် ဈေးဝယ်ယူ ပို့ဆောင်ပေးသော ဝန်ဆောင်မှု မှတစ်ဆင့် ရန်ကုန်မြို့အချို့တွင် ပို့ဆောင်ပေးလျက် ရှိပြီး ပို့ဆောင်ခ (၂,၀၀၀) ကျပ်နှုန်းဖြင့် မှာယူနိုင်မည် ဖြစ်ကြောင်း သိရသည်။ 

 

Website Link >> www.citymall.com.mm

Order မှာယူရန် Link >> https://bit.ly/cmhlorder

 

⇐ Previous Next

Read 1434 times