Food & Drink

5 Most Famous and Best Bubble Tea Shops in Yangon

5 Most Famous and Best Bubble Tea Shops in Yangon

Bubble Tea ဆိုတာ ဒီဘက်ခေတ် လူငယ်တွေကြားမှ ရေပန်းစားနေတာ အချိန်ကာလ အနည်းငယ်တော့ ရှိပါပြီ။ အထူးသဖြင့် ဆယ်ကျော်သက်ကောင်မလေးတွေကြားထဲမှာပေါ့။ ကောင်မလေး (၁၀)ယောက်ဆို (၈)ယောက်လောက်က Bubble Tea ကြိုက်ကြပါတယ်။ ကိုယ့်ကောင်မလေး စိတ်ဆိုးနေတယ်ဆို သူကြိုက်တဲ့ Flavour နဲ့ Bubble Tea လေးတစ်ခွက်ပို့လိုက်ရင် အနည်းနဲ့အများတော့ စိတ်ဆိုးပြေသွားမှာပါ။ 

ဒီတော့ ရန်ကုန်မှာ နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံး Bubble Tea ဆိုင်တွေက ဘယ်ဆိုင်တွေဖြစ်မလဲဆိုတာ အောက်မှာ တစ်ချက်ကြည့်ကြည့်လိုက်ပါ။

Cheese O’Tea

တခြားဆိုင်တွေနဲ့ မတူတဲ့သူ့ရဲ့ Cheese အရသာကြောင့် နာမည်ကြီးတဲ့ဆိုင်လေးပါ။စျေးက အနည်းငယ်များတယ် ပြောလို့ရပေမယ့် အရသာကတော့ တော်တော်မိုက်ပါတယ်။ နောက်ဆုံးကျန်ခဲ့တဲ့ Cheese လေးကို စားပြီးရင် အီစိမ့်နေတာလေးက အသက်ပါပဲ။ 

 

Tea Land 

ဒီဆိုင်လေးကလည်း ကျွန်တော်တော်တော်လေး သဘောကျတဲ့ဆိုင်ထဲမှာပါပါတယ်။  သူ့ရဲ့ Cheese ကတော့ အဆိမ့်မဟုတ်ပဲ နည်းနည်းငန်တဲ့ဘက်ကိုသွားပါတယ်။ Oreo နဲ့မှာရင်တော့ တခြားဆိုင်တွေထက် Oreo ပိုများတာပါတယ်။ ဒီဆိုင်မှာ ကျွန်တော်ကတော့ Choco Oreo Smoothies နဲ့ Coffee Smoothies with Oreo Topping ကိုတော်တော်လေး  ကဘောကျပါတယ်။ 

 

Gong Cha 

ဒီဆိုင်ကလည်းဖွင့်တာ ကြာနေပြီဖြစ်တဲ့ဆိုင်ပါ။တခြားဆိုင်နဲ့ မတူတဲ့ အရသာ ထူးထူးဆန်းဆန်းလေးတွေလည်း ရတတ်လို့ နာမည်ကြီးပါတယ်။ Bubble Tea တွေအပြင် Fresh ဖြစ်တဲ့ အသီးဖျော်ရည်လေးတွေလည်း ရပါသေးတယ်။

 

Tea Code 

ဒီဆိုင်လေးကတော့ စမ်းချောင်းမှာရှိတဲ့ ဆိုင်လေးပါ။ သောက်စရာ Milk Tea တွေ Fruit Tea တွေအပြင် စားစရာ Sandwich လေးတွေ Chicken Nugget လေးတွေကအစ ရပါတယ်။ Wifi လည်းကောင်းတာမို့လို့ သူငယ်ချင်းနဲ့ဖြစ်ဖြစ် တစ်ယောက်တည်းအလုပ်လုပ်ချင်၊ စာလုပ်ချင်တာပဲဖြစ်ဖြစ် အေးအေးဆေးဆေး လုပ်နေလို့ရပါတယ်။ 

 

Ocha

ဒီဆိုင်လေးကလည်း ဖွင့်တဲ့ သက်တမ်း (၃) နှစ်တောင်ရှိနေပြီဖြစ်တဲ့ ဆိုင်လေးပါ။ တခြားဆိုင်တွေနဲ့မတူပဲ ဘူးလေးကလည်း လုံးလုံးလေးနဲ့ ချစ်စရာကောင်းပါတယ်။ Bubble Tea တွေအပြင် Waffle လေးတွေကိုလည်း Topping လေးတွေနဲ့ ရနိုင်သေးတယ်နော်။ 

ဒီဆိုင် (၅)ဆိုင်ကတော့ ကျွန်တော် အမြဲသောက်နေကြဖြစ်တဲ့အပြင် လူတော်တော်များများလည်း ကြိုက်တတ်ကြတာမို့လို့ ဒီစာရင်းမှာထည့်ထားတာပါ။တခြားဘယ်ဆိုင်က ဘာတွေကောင်းလဲဆိုတာကိုလည်း ပြောသွားကြပါဦး။ 

⇐ Previous Next

Read 3091 times