Technology

how to keep your earphones from breaking

how to keep your earphones from breaking

နားကြပ်တစ်ခုဝယ်လိုက်ရင် သုံးလေးလလောက်နဲ့ ပျက်သွားတဲ့ သူတွေရှိကြလား?? ရှိတယ်ဆိုရင် အကြာကြီးခံအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဒီစာလေးမှာ ဖတ်ကြည့်လိုက်ပါ။

ထည့်စရာ Case တစ်ခုခုဆောင်ထားပါ

နားကြပ်ထည့်ဖို့ သက်သက်ကြီး Case ဆောင်ထားရတာ သိပ်တော့မလွယ်ကူနေပါဘူး။ ယောင်္ကျားလေးတွေဆို ပိုဆိုးပါတယ် ရှုပ်ရှုပ်ယှက်ယှက် နဲ့လုံးဝ အပိုပစ္စည်းတွေ မသယ်ချင်ပါဘူး။ဒါပေမယ့် ဒီလို နားကြပ်ထည့်ဖို့ case လေးဖြစ်ဖြစ် အိတ်လေးပဲဖြစ်ဖြစ် သပ်သပ်ဆောင်ထားတဲ့အခါ ပျောက်တာတို့ ပျက်တာတို့ သိသိသာသာ လျော့လာမှာပါ။ ကျွန်တော်ဆို နားကြပ်လေးထည့်ဖို့ သားရေအိတ်လေးတစ်ခု ဝယ်ထားပါတယ်။

ကြိုးတွေကို ညင်ညင်သာသာကိုင်ပါ

နာကြပ်ကြိုးတွေက Wonderwoman ရဲ့ Lessoမဟုတ်သလို သင်ထင်ထားသလောက်လည်း မခိုင်ကြပါဘူး။ တစ်ခုခုဖြစ်သွားပြီဆိုရင် တစ်ခုလုံးပျက်မှာပါ။ ဒါကြောင့် ကိုယ့်ရည်းစားလက်လေးကို ကိုင်သလို ဖွဖွလေးကိုင်ကြပါ။

မသုံးဘူးဆိုရင်လည်း သေချာခေါက်ပါ

ကိုယ်မသုံးလို့ သိမ်းထားမယ်ဆိုရင်လည်း သေသေချာချာ သူ့ရဲ့  နဂိုကထည့်ပေးလိုက်တဲ့အတိုင်း သေချာလေးခေါက်ပြီး သိမ်းထားပါ။

ချွေးနဲ့မထိမိအောင် သတိထားပါ

နားကြပ်တွေကို အားကစားလုပ်ရင်းပဲ ဖြစ်ဖြစ် သုံးမယ်ဆိုရင် ချွေးနဲ့ထိမိနိုင်ပါတယ်။ ဒါဆိုရင် နားကြပ်ရဲ့ အသံထွက်တဲ့ စနစ်ကိုထိခိုက်စေမှာ အသေအချာပါပဲ။ ဒါကြောင့် အားကစားလုပ်ရင်း တပ်မယ်ဆို Sport Buds ကိုသုံးတာ အကောင်းဆုံးပါပဲ။ 

စျေးပေါတဲ့ (၁၀၀) ဖိုး (၃) ခုတွေမဝယ်ပါနဲ့

 တစ်ခါတစ်လေ နားကြပ်ပျက်တယ်ဆိုတာ ကိုယ်ဝယ်တဲ့ နားကြပ်ရဲ့ အရည်အသွေးပေါ်မှာလည်း မူတည်ပါသေးတယ်။ (၂၀၀၀) (၃၀၀၀)တန်တွေဆိုရင်တော့ ကိုယ်ပေးတဲ့ စျေးအတိုင်းပြန်ရမှာပါပဲ။

အခုဆို Remax တို့ Aukey တို့လို့ အာမခံလည်းပေးပြီး အရည်အသွေးလည်းကောင်းတဲ့ နားကြပ်တွေရှိနေပါပြီ။ ဒီအချက်တွေကတော့ နားကြပ်ခဏခဏ ပျက်နေတဲ့သူတွေအတွက် သတိထားရမယ့် အချက်တွေပါ။ လိုက်နာမယ်ဆိုရင် ယခင်ကထက်ပိုပြီး အသုံးခံလာမယ်လို့ ယုံကြည်ပါတယ်။

⇐ Previous Next

Read 2927 times