Food & Drink

Japan Restaurants In Yangon

Japan Restaurants In Yangon

ဂျပန်အစားအသောက်တွေကို မြည်းစမ်းကြည့်နိုင်ဖို့ ဂျပန်နိုင်ငံအထိ တကူးတက သွားစရာမလိုတော့ပါဘူး။ ရန်ကုန်မှာလည်း ဂျပန်ရိုးရာ ဆိုင်အပြင်အဆင်နဲ့ ဂျပန်အစားအသောက်ကောင်းကောင်းတွေ ရနိုင်တဲ့ ဆိုင်တွေရှိပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ ဆာကူရာပန်းပင်အောက် ကီမိုနိုဝတ်ပြီး ဂျပန်ဆန်ဆန်ဒိတ်ချင်တဲ့ ဘော်ဒါတွေအတွက် ရန်ကုန်မြို့က ဂျပန်စားသောက်ဆိုင် (၅) ဆိုင်ကို ညွှန်ပြပေးလိုက်ပါတယ်။ 

၁။ Ninja Teppanyaki

လှည်းတန်းဘက် ရောက်နေကျ လူဆိုရင်တော့ ဒီဆိုင်လေးကို သိမယ်ထင်ပါတယ်။ ဆိုင်နာမည်နဲ့လိုက်အောင် အပြင်အဆင်က နောက်ခံအနက်ရောင်တွေ သုံးထားလို့ Ninja Vibe ပိုရပါတယ်။ ဒီဆိုင်မှာက ကီမိုနိုဝတ်စုံတွေ၊ နင်ဂျာဝတ်စုံတွေကိုလည်း ဖရီးဝတ်ဆင်ခွင့် ပေးထားတော့ ဂျပန်ရောက် အမှတ်တရဆိုပြီး ဓာတ်ဖမ်းလို့ရပါတယ်။

ဂျပန်စာအစုံအလင်ရရှိပြီး ခေါက်ဆွဲကြိုက်သူတွေအတွက် ရာသီစာ Ramen ပူပူနွေးနွေးလေးတွေ၊ ထမင်းစားရမှ အာသာပြေမယ့်သူတွေအတွက် Rice Bowl တွေ၊ အရံဟင်းတွေ၊ တန်မှတန်တဲ့ ဆူရှီဘူဖေးမီနူးတွေ ရပါတယ်။ ဂျပန်ဆိုင်ရောက်ပြီဆိုရင်တော့ မဖြစ်မနေ မြည်းစမ်းကြည့်သင့်တာက  တစ်လုပ်သောက်တိုင်း လည်ချောင်းထဲ ပူရှိန်းရှိန်းလေး ပျော်ဆင်းသွားမယ့် ဆာကေးလို့ခေါ်တဲ့ ဂျပန်ဆန်ချိုအရက်လေးပါ။ 

Ph : 09 457008594

No. 42, U Tun Lin's Compound St, Hledan, Kamayut Township.

Fb Link: https://www.facebook.com/ninja.teppan

၂။ 38 Station Teppanyaki 

ဆိုင်အပြင်အဆင်လေးက Japanese Theme ပုံစံလုပ်ထားပြီး တစ်ဝိုင်းစီကို အကန့်ခွဲပေးထားတော့ အေးဆေး စကားပြောလို့ကောင်းပါတယ်။ ဒီဆိုင်က Urban Asia Center ရယ်၊ Pearl Condo ရယ်၊ တောင်ဥက္ကလာမှာရယ် (၃) ဆိုင် ရှိပါတယ်။

သံပြားပူထမင်း Pepper Hot Plate၊ Teppanyaki၊ Salmon၊ Sashimi၊ Japan Hotpot Kimchi Nabe၊  Wagyu Beef၊ Sushi နဲ့  Japan lunch set တွေအပြင် စုံလင်လှတဲ့ Japan စာတွေ၊ Japan Sake၊ Umeshu၊ Wine၊ Beer၊ Fresh Juice သောက်စရာတွေ အစုံရလို့  မိသားစု၊ သူငယ်ချင်းဘော်ဒါတွေနဲ့  အေးဆေး Chill လို့ ရပါတယ်။

၁) ဗိုလ်တစ်ထောင်  Urban branch

၄၈ လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ Urban Asia Center၊ ဗိုလ်တစ်ထောင်မြို့နယ်

09953038388

၂) ဗဟန်း Pearl Condo branch 

G17၊ ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒို၊ ဗဟန်းမြို့နယ်

09880768657

၃) 38 eki - Waizayantar branch 

အမှတ် (၃၈)၊ ဝေဇယန္တာလမ်းမပေါ်၊ ကျော်သူ ၂၅ လမ်းထောင့်၊ တောင်ဥက္ကလာပမြို့နယ်

(သစ္စာလမ်းမီးပွိုင့်လမ်းအနီး )

09450025338

Fb link: https://www.facebook.com/profile.php?id=100064593883935

 

Advertisement

Click Here > Zhong Xin

၃။ The Sake Bros

တစ်ဆိုင်လုံးကို ဂျပန်မီးပုံးနီနီလေးတွေနဲ့ အလှဆင်ထားတဲ့ The Sake Bros ဂျပန်စားသောက်ဆိုင်ဟာ ရှင်စောပုလမ်းမပေါ်က City Mart ဘေးမှာ ရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှု အငွေ့အသက်တွေ မပြယ်အောင် ဂျပန်မီးပုံးလေးတွေ၊ ရိုးရာဝတ်စုံတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို အသးစိတ် ပြင်ဆင်ထားထာမို့ Japanese Vibe ကို အပြည့်အ၀ ရမှာပါ။ 

ဒီဆိုင်မှာ လူကြိုက်များတာက ဂျပန်စာတွေအပြင် အနံ့အရသာနဲ့ ပြည့်စုံတဲ့ Japanese Drinks တွေ၊ ဖန်တီးမှုအသစ်နဲ့ လွင့်ထွက်မြင့်တက်စေမယ့် Cocktails တွေပါ။ စားစရာအနေနဲ့ အရသာနှစ်မျိုးရှိတဲ့ Ramen၊ Teppanyaki၊ Sashimi၊ Sushi၊ Tempura၊ Salad၊ Soup နဲ့ Side dish တွေ အစုံရပါတယ်။ 

ဇွန်လအတွက် ပရိုမိုးရှင်းကတော့ Heineken ဘီယာ (၅) ခွက် မှာသောက်ရင် Salmon Skin Tempura ဆိုတဲ့ ဆယ်လ်မွန်အရေခွံကြွပ်ကြွပ်ကြော် တစ်ပွဲ ဖရီးစားရမှာပါ။

Ph : 09 442222273

86(A), Shin Saw Pu Road, Sanchaung, Yangon

Fb Link: https://www.facebook.com/TheSakeBros

၄။ Hanabi Yangon Japanese Restaurant

ဆိုင်အပြင်အဆင်လေးက ဂျပန်စတိုင်ကိုမှ ပန်းလေးတွေနဲ့ အလှဆင်ထားတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးဖြစ်နေပါတယ်။ ဓာတ်ပုံရိုက်ရင်လည်း လှနေမယ့် အပြင်အဆင်မျိုးပါ။ 

မြို့ထဲဘက်ရောက်လို့ ဆူရှီကောင်းကောင်းနဲ့ ဂျပန်စာဆန်းဆန်းလေးတွေ စားချင်ရင် ဒီဆိုင်လေးက အဆင်ပြေမှာပါ။ စားကောင်းပြီး စျေးတန်တဲ့အပြင် Sushi အမျိုးပေါင်း (၅၀) ကျော်နဲ့ Side Dish တွေပါ ထည့်ပေးထားတဲ့ အချိန်ကန့်သတ်ချက်မရှိ Sushi Buffet နဲ့ တခြား ဂျပန်ရိုးရာအစားအသောက် တွေကိုလည်း ရနိုင်ပါတယ်။ 

No.157/169, 36 Street (Middle), Kyauktada Township, Yangon

09 777 201080

https://www.facebook.com/hanabiyangonjapaneserestaurant

၅။ Osushi 

Osushi ဆိုင်က တာမွေ၊ ပုဇွန်တောင်၊ ပါရမီ၊ တောင်ဥက္ကလာတို့မှာ ဆိုင်ခွဲ (၄) ဆိုင်ရှီပြီး Terminal M နဲ့ Junction City တို့မှာ Food Court (၂) ခု ရှိပါတယ်။  တစ်ဆိုင်လုံးကို Japanese Theme ကိုမှ ရှင်းရှင်းလေး အလှဆင်ပေးထားလို့ ဂျပန်စာ သွားစားရင်း ဓါတ်ပုံလှလှလေးတွေ ရိုက်ခဲ့လို့ရပါတယ်။

Sushi ကို အချိန်အကန့်အသတ်မရှိ အ၀စားချင်ရင် Osushi Tamwe၊ Pazundaung Ocean ဒုတိယထပ်နဲ့ ပါရမီဆိုင်မှာ သွားစားနိုင်ပါတယ်။ ဇွန်လ (၁၆) ရက်နေ့အထိ Osushi ဘယ်ဆိုင်ခွဲကနေမဆို ဘာပဲမှာစားစား Foodpanda နဲ့ မှာစားမယ်ဆို ၅၀% ထိ ပရိုမိုးရှင်းတွေလည်း ပေးနေပါတယ်။ 

Shopping Center တွေမှာ အေးအေးလူလူ တစ်ပွဲချင်းစားမယ်ဆို Terminal M တတိယထပ်က Food Court နဲ့ Junction City Food Court က O Sushi မှာ တစ်ပွဲချင်း မှာစားလို့ရပါတယ်။ Premium Taste နဲ့ တကယ့် Luxury Feeling နဲ့ စားချင်ရင်တော့ O Sushi - Classic တောင်ဥက္ကလာမှာ အေးအေးလူလူ သုံးဆောင်လို့ရပါတယ်။ 

09 756 048502

Fb Link - https://www.facebook.com/profile.php?id=100085378810139

⇐ Previous Next

Read 1384 times