Food & Drink

Korean style pancakes are easy to make

Korean style pancakes are easy to make

ပန်ကိတ်ဆိုတာ ဒီမှာလုပ်စားကြတာ နည်းပေမယ့် လုပ်ရတာ တော်တော်လွယ်ကူပြီးတော့ အရသာလည်းရှိတဲ့ သရေစာတစ်မျိုးပါ။ပါဝင်ပစ္စည်းတွေကလည်း အများကြီးမဟုတ်တာကြောင့် အိမ်မှာပဲ လုပ်စားလို့ အဆင်ပြေပါတယ်။ 

ပါဝင်ပစ္စည်းများ

အာလူး (၂)လုံး

ကြက်သွန်နီ - (၁)လုံး

ဆား - အနည်းငယ် 

ပြောင်းကော်မှုန့် - အနည်းငယ်

အာလူး အလုံးကြီး (၂) လုံးကို အခွံခွာပြီး ရေစင်အောင်ဆေးပြီး အညိုရောင်မပြောင်းသွားအောင်လို့  ရေအေးအေးလေးနဲ့ ခဏစိမ်ထားပါမယ်။ ကြက်သွန်နီ တစ်လုံးကို ခြစ်ထားပါမယ်။

ရေစိမ်ထားသော အာလူးများကိုလဲ အာလူးလိုခြစ်ထားပါတယ်။ဆားအနည်းငယ်၊ ပြောင်းကော်မုန့်အနည်းငယ် ထည့်ပြီး အာလူးများနဲ့ ကြက်သွန်နီများအား သမအာင်မွှေထားပါမယ်။ ဒယ်အိုးပူအောင်အရင်လုပ်ပြီ ဆီအနည်းငယ်ထည့် ပြီးဆီပူလာအောင် ခဏစောင့်ပါ။

Non Stick Pan ကိုသုံးပါက ပိုအဆင်ပြေမှာပါ။ဆီပူလာရင် နယ်ထားသော အာလူးများကိုထည့်ပြီး ရွှေအိုရောင်လေး သမ်းအောင် ခဏစောင့်ပါမယ်။ 

ပြီးရင်တော့ စားချင်စဖွယ် အားလူးပန်ကိတ်လေး ရလာပါပြီ။ 

 

အချဥ်လုပ်နည်း 

တွဲစားဖို့ အချဥ်လေးလည်း လုပ်လို့ရပါတယ်။ ကြက်သွန်နီတစ်လုံး ပါးပါးလှီးထည့်။ ကြက်သွန်မြိတ်တစ်ပင်နဲ့ ငြုပ်သီးစိမ်း (၂) တောင့် ပါးပါးလှီးထည့်ပါမယ်။ ပဲငံပြာရည်အကြည် ထမင်းစားဇွန်း (၂) ဇွန်းထဲ့သံပုရာသီး အကြီးတစ်လုံး အရည်ညှစ်ပြီး အားလုံးသမအောင် မွှေလိုက်တဲ့အခါ တွဲစားဖို့ အချဉ် ရပါပြီ။

⇐ Previous Next

Read 1578 times