Food & Drink

Let's Cook Mohinga During Stay Home

Let's Cook Mohinga During Stay Home

မုန့်ဟင်းခါးဆိုတာ ပြည်တွင်းမှာ လူကြိုက်များကြရုံမက ပြည်ပကသူတွေအတွက် ရိုးရာအစားအစာအနေနဲ့ ရေပန်းစားပါသေးတယ်။ ဒီတော့ အိမ်မှာနေရင်းနဲ့ မြန့်မာ့ရိုးရာ မုန့်ဟင်းခါးကို လွယ်လွယ်ကူကူ ချက်စားကြည့်ရအောင်။ 

ပါဝင်ပစ္စည်းများ

ငါးခူ - ၃၀ သား

ငါးဖယ် - ၁၀ သား

ဘဲဥ - ၁၀ လုံး

ကုလားပဲခြမ်း - ၁၀ သား

မြေပဲ - ၅ ကျပ်သား

ဆန်အကျက်မှုန့် - ၁၀ သား

စပါးလင် - ၃ ပင်

ဂျင်းလက် - ၃ လုံး (၂ကျပ်ခွဲ)

ကြက်သွန်ဖြူ - ၄ မွှာ

ကြက်သွန်နီ (အကြီး) - ၇ လုံး

ကြက်သွန်နီ (အသေး) - ၁၀ လုံး

ငရုတ်ပုထောင်း - အနည်းငယ်

နနွင်း ၊ ငရုတ်ကောင်း

အချိုမှုန့် - ၁ ဇွန်း (သုံးလျှင်ကြိုက်သလောက်)

ငံပြာရည် ​- လိုသလောက်

ထန်းလျက် - ၃ခဲ

ငှက်ပျောအူ - ၁ တုံး

ကြက်သွန်နီ(သေး) ၁၀လုံး နှင့်နနွင်း၊ ငရုတ်ကောင်း

အချိုမှုန့် ၁ဇွန်း(သုံးလျှင်ကြိုက်သလောက်)

ငံပြာရည် လိုသလောက်

ထန်းလျှက် ၃ခဲ၊ ငှက်ပျောအူ ၁တုံး

 

ပြုလုပ်နည်း

ငါးခူကို ရေဆေး ဆားကြမ်း မန်းကျည်းသီးနှင့်ဆေးထားပါ။ စပါးလင် ထိပ်ကို ဖြတ်၍ စည်းပြီး နနွင်း ငံပြာရည် တို့ဖြင့် ငါးခူကို ထည့်၍ ပြုတ်ပြီး အရိုးနွှင် ထားရပါမယ်။

အရိုးကို ထောင်းပြီး ဇကာနှင့်ခံကာ ရေနှင့်ဆေးချထားပါ။ ကုလားပဲကို နနွင်း၊ ဆား အနည်းငယ်စီနှင့်နူးသည် အထိပြုတ်ပြီး ခြေထားပါ။ ကြက်သွန်နီ ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ၊ ဂျင်း ၊စပါးလင် တို့ကို ထောင်းထားပါ။

ငှက်ပျောအူကို လှီး၍ ရေ၊ နနွင်း ရောထားသော ဇလုံ တစ်ခု ထဲသို့ လှီးချပါ။ ဆီသတ်ရန် ဆီ ထည့်ပါ။ ငါးဖယ်ကို ပြား၍ ကြော်ထားပါ။ ကျန်သော ဆီထဲသို့ နနွင်းထည့်ပြီး ကြက်သွန်နီကို ကြော်ပြီး ဘေး၌ ခဏကပ်ပြီး ဆယ်ထားပါ။

ကြက်သွန်ဖြူ ထည့်ပါ။ ဂျင်းထည့်ပါ။ စပါးလင်ထည့်ပါ။ ရွှေအိုရောင် သမ်းလာပြီဆို ခဏမွှေပြီး ငါးထည့်ပါ။ ငံပြာရည်၊ (အချိုမှုန့်)ထည့်၍ မွှေးလာပြီး အနည်းငယ် ခြောက်သည်အထိ ဆီသတ်ပါ။

ကြက်သွန်ဥနီ အသေးကို ခွာထားပြီး ဘဲဥကို ပြုတ်ထားပါမယ်။ ငါးပြုတ်ရည်အိုးကို ရေထပ်ထည့်၍ ဆူအောင် တည်ပါ။ ပွက်ပွက် ဆူလာလျှင် ခြေထားသော ပဲထည့်၍ ၁၀မိနစ်ခန့်ထားပါ။

ဆန်အကျက်မှုန့် ရေဖျော်ထည့်ပါ။ ဆန်မှုန့်အနံပျောက်အောင် နောက်ထပ်၁၀မိနစ်လောက်ထားထားပါမယ်။ မြေပဲထောင်း ထားတာ ထည့်ပါ။ ၁၀မိနစ်ခန့် ထပ်ထားပြီလျှင် ဆီသတ်ထားသော ငါးထည့်ပါ။ ငါးဖယ်ကို တုံး၍ ထည့်ပါ။

ဆူလာလျှင် ငှက်ပျောအူ ကြက်သွန်ဥ ထည့်ပြီးမွှေပါ။ အိုးဘဲဥအတွက် ဘဲဥအလုံးလိုက်ထည့်ပြီးပြီးဆို အနံ့မွေးမွေးလေးနဲ့ စားချင်စဖွယ် မုန့်ဟင်းခါးလေးရလာပါပြီ။

⇐ Previous Next

Read 1643 times