Health & Beauty

“Listeriosis” also known as "Circling Disease"

 “Listeriosis” also known as "Circling Disease"

လတ်တလောမှာ တိရစ္ဆာန်တွေ အုံလိုက်ကျင်းလိုက် စက်ဝိုင်းပုံ လည်ပတ်နေတဲ့ ဗီဒီယိုကလစ်တွေ နိုင်ငံတကာက လူမှုယွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒါပေမဲ့ ဒီလို တိရစ္ဆာန်တွေအမြောက်အများ စက်ဝိုင်းပုံ လည်ပတ်နေရတဲ့ အကြောင်းအရင်းကိုတော့ တိတိကျကျ ဘယ်သူမှမပြောနိုင်သေးပါဘူး။

ဒီလို အလားတူဖြစ်ရပ်မျိုးက တိရစ္ဆာန်တွေ “Circling Disease” လို့ခေါ်တဲ့ “စက်ဝိုင်းရောဂါ” ဖြစ်တဲ့အချိန်မှာ ပြတဲ့ ရောဂါလက္ခဏာလို့ ဆေးပညာရှင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒါကြောင့် “Circling Disease” လို့ခေါ်တဲ့ “စက်ဝိုင်းရောဂါ” နဲ့ ပတ်သတ်တဲ့ သိကောင်းစရာ အကြောင်းအရာတချို့ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

“Circling Disease” လို့ လူသိများတဲ့ “Listeriosis” ရောဂါဟာ ပြင်းထန်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး လူတွေကိုပါ ကူးစက်နိုင်ပါတယ်။ လူတွေမှာဆိုရင် ကိုယ်ဝန်ဆောင်သည်တွေ၊ အသက် ၆၅ နှင့် အထက်ရှိသူတွေနဲ့ ကိုယ်ခံအားမကောင်းသူတွေအနေနဲ့ ရောဂါကူးစက်ခံရရင် ရောဂါအပြင်းအထန် ခံစားရတတ်ပါတယ်။

“Listeriosis” ရောဂါဟာ “Listeria Monocytogenes” လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးမွှားကနေတဆင့် ဖြစ်ပွားတဲ့ရောဂါဖြစ်ပါတယ်။ ဒီရောဂါက လူတွေထက် သိုးတွေ၊ ဆိတ်တွေ၊ ဆယ်လ်မွန်ငါးတွေမှာ အဖြစ်များပါတယ်။ "Listeria Monocytogenes" ပိုးက မှိုတက်နေတဲ့ အစားအစာတွေ၊ တိရစ္ဆာန်မစင်တွေမှာ ရှိသလို ပတ်ဝန်းကျင်မှာလည်း အလွယ်တကူ တွေ့ရတတ်ပါတယ်။ ကူးစက်ရောဂါဆိုပေမယ့် Covid 19 လို ရောဂါကူးစက်ခံနေရသူ အနားရှိရုံနဲ့ လေကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါမျိုးမဟုတ်ပါဘူး။ မှိုတက်နေတဲ့ အစားအစာတွေ စားမိမှ၊ ဒီရောဂါဖြစ်နေတဲ့ တိရစ္ဆာန်ရဲ့ အသားကို စားမိမှ ကူးစက်နိုင်တဲ့ ရောဂါမျိုးပါ။

ရောဂါပိုးဟာ ဦးနှောက်ဘက်တစ်ခြမ်းလုံးကို ဖျက်စီးပစ်လိုက်တာမလို့ ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုကို ဦးနှောက်က ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ဘက်တစ်ဘက်ထဲကိုပဲ ယိုင်ထိုးယိုင်ထိုးနဲ့ ဆက်တိုက်သွားနေတာ၊ မြေပေါ်မှာ ငြိမ်ပြီး ရပ်လို့မနိုင်တော့တာကြောင့် ပတ်ချာလည် မရပ်မနား လှည့်ပတ်နေကြတာပဲဖြစ်ပါတယ်။

"Listeriosis" ရောဂါလက္ခဏာတွေကတော့ စက်ဝိုင်းပုံလှည့်ပတ်ခြင်းအပြင် ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ လည်ပင်းတောင့်ခြင်း၊ ဖျားနာခြင်း၊ စိတ်ဓာတ်ကျခြင်း တို့ဖြစ်ပါတယ်။ရောဂါပိုးကူးစက်ခံရပြီး (၂၄) နာရီအတွင်း ရောဂါလက္ခဏာပြပြီး (၄၈) နာရီအတွင်း သေဆုံးတတ်ကြပါတယ်။ 

ရောဂါကူးစက်ခံရပြီဆိုတာနဲ့ အကောင်ငယ်တွေကတော့ ကုသလို့မရဘဲ သေဆုံးမှာဖြစ်ပြီး သိုး၊ ဆိတ်၊ ကျွဲ၊ နွားတို့ကတော့ ပြန်သက်သာဖို့ ရာခိုင်နှုန်းနည်းပေမဲ့ အသက်မဆုံးရှုံးအောင်တော့ ကြိုးစားကယ်တင်လို့ရပါတယ်။ ဒါပေမဲ့ ကုသလိုက်လို့ ပြန်ကောင်းလာရင်တောင်မှ ရာသက်ပန် ဦးနှောက်ထိခိုက်သွားမှာဖြစ်ပါတယ်။

 

⇐ Previous Next

Read 3169 times