Food & Drink

Making Chicken Curry

Making Chicken Curry

ကြက်သားဟင်းဆိုတာ ရှေးအစဉ်အဆက် ကတည်းက မြန်မာလူမျိုးတွေရဲ့ သူဌေးဟင်းအဖြစ် ချက်ပြုတ် စားသုံးခဲ့ကြတဲ့ ဟင်းတစ်မျိုး ဖြစ်ပါတယ်။ မြန်မာဟင်းလျာလို့ ဆိုလိုက်ရင် ကြက်သားဆီပြန်ဆိုတာ မပါမဖြစ်တဲ့ ဟင်းတွေထဲ တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။ 

ကြက်သားဟင်းဆီပြန်ကို အရည်သောက် ချဉ်ရည်ဟင်းလေးရယ်၊ ငပိရည်နဲ့ အတို့အမြှပ်လေးတွေရယ်၊ ကော့စင်းနေတဲ့ ထမင်းပူပူလေးနဲ့ စားလိုက်ရတဲ့ နေ့လည်စာဟာ ဘာစားစား ထမင်းပါမှလို့ဆိုတဲ့ ထမင်းကြိုက်တဲ့ မြန်မာလူမျိုးတိုင်းအတွက် ပြီးပြည့်စုံတဲ့ နေ့လည်စာတစ်ခုပါပဲနော်။ 

Eating like a local in Myanmar | The Dine and Wine

အရိုးများတဲ့ မြန်မာကြက်ကိုမှ ဟင်းအနှစ် အမယ်များများနဲ့ စပ်စပ်ကလေး ချက်ထားတဲ့ ကြက်ကလယ်ချက်ကို မော်လမြိုင်ရောက်ဖူးသူတိုင်း စားဖူးကြမယ် ထင်ပါတယ်။ ဒီကနေ့မှာတော့ ကြက်သားဟင်းကြိုက်တဲ့ စာဖတ်သူများအတွက် မော်လမြိုင်ရဲ့ ရိုးရာ ကြက်ကလယ်ချက်နည်း အကြောင်းကို မျှဝေပေးသွားချင်ပါတယ်။ 

ပါဝင်ပစ္စည်း 

Chicken Biryani - Nicky's Kitchen Sanctuary

  • ဗမာကြက် - တစ်ကောင် (၅၀ သားခန့်)
  • ကြက်သွန်နီ - (၇)လုံး (အသေး)
  • ကြက်သွန်ဖြူ - (၁) လုံး (အကြီး)
  • ချင်း - အနည်းငယ် (လက်တစ်ဆစ်ခန့်)
  • ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း (၁) ဇွန်း
  • ကရဝေးရွက် - (၄) ရွက်
  • နနွင်း - လက်ဖက်ရည်ဇွန်း (၁) ဇွန်း
  • ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း (၁) ဇွန်း
  • ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း (၁) ဇွန်း
  • ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း (၁) ဇွန်း
  • ဂေါ်ရင်ဂျီမဆလာ - ထမင်းစားဇွန်း (၂) ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း (၂) ဇွန်း
  • ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း (၁) ဇွန်းခွဲ

ပြုလုပ်နည်း

၁။ နနွင်း၊ ဆား အနည်းငယ်နဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးအကြမ်းမှုန့်တို့ကို ညက်နေအောင် ထောင်းထားပါ။

၂။ ဗမာကြက်ကို အတုံးသေးလေးတွေ ရတဲ့အထိ ခုတ်ထစ်ပြီး ဆား၊ နနွင်း၊ ဟင်းခတ်မှုန့်တို့နဲ့ နယ်ထားပေးပါ။

30-Minute Chicken Curry - Once Upon a Chef

၃။ ဒယ်အိုးထဲကို ဆီထည့်ပြီး ဆီပူလာတဲ့အခါ စောနက ထောင်းထားတာတွေကို ထည့်ပြီး နနွင်း၊ အရောင်တင်မှုန့်၊ ကရဝေးရွက်တို့နဲ့ ဆီသတ်ပါ။

၄။ ကြက်သွန် ကြွပ်နေပြီဆိုတာနဲ့ အတုံးတုံးထားတဲ့ ကြက်သားတွေကို ထည့်မွှေပါ။ ကြက်သားမွှေနေရင်း မဆလာတစ်ဇွန်း ထည့်ပါမယ်။

၅။ ကြက်သား အရောင်ပြောင်းပြီး ကြက်သားအိုး ရေခန်းကာ ဆီပြန်လာရင် ရေကို ကြက်သားတုံးများနဲ့ တစ်ပြေးညီ ထပ်ထည့်ပြီး မီးအေးအေးနဲ့ အဖုံးအုပ် တည်ထားပေးပါ။

Chicken curry recipe | How to make chicken curry - Swasthi's Recipes

၆။ ဆီထပ်ပြန်တော့မယ်ဆိုရင် ဆား၊ ဟင်းခတ်မှုန့် အပေါ့အငန် မြည်းထည့်ပြီး အသားနူးမနူး စမ်းပေးပါ။

၇။ ကြက်သားမနူးမချင်း ရေနည်းနည်းစီ ထပ်ထည့်ပေးရပါမယ်။ လိုအပ်တဲ့ အရသာရောက်ပြီး ကြက်သားလည်း နူးအိနေပြီဆိုရင်တော့ ငရုတ်ကောင်း၊ ငရုတ်သီးလှော်မှုန့်၊ ဂေါ်ရင်ဂျီမဆလာတို့ကို ထည့်ပေးရပါမယ်။

၈။ အနံ့မွှေးလာပြီး အနှစ်ကျကာ ဆီပြန်လာရင်တော့ နူးအိပြီး အရသာရှိတဲ့ မော်လမြိုင်ရဲ့ နာမည်ကြီး ကြက်ကလယ်ချက် ခပ်စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

Dahi Chicken recipe, Chicken in Yogurt Curry, Dahi Wala Murgh

ရလာတဲ့ဟင်းကို မိမိနှစ်သက်ရာ ဟင်းရည်၊ အတို့အမြှပ်တွေနဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါတယ်။ မော်လမြိုင် အစားအစာအတွက် မော်လမြိုင်အထိ သွားစရာမလိုဘဲ စားသုံးနိုင်မှာမို့လို့ ချက်ပြုတ်ရလွယ်ကူပြီး ထမင်းမြိန်စေတဲ့ အညာဟင်းတစ်ခွက်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

⇐ Previous Next

Read 2476 times