Things To Do

Myanmar Rice Price In Yangon

Myanmar Rice Price In Yangon

ယနေ့ ဩဂုတ်လ (၂၅) ရက်နေ့မှစပြီး ရန်ကုန်ရှိ မြို့နယ် (၁၇) မြို့နယ်မှာ ဧည့်မထဆန် (၁) ပြည်ကို ၂,၅၀၀ ကျပ်နှုန်းဖြင့်  စတင်ရောင်းချပေးမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားပါသည်။ 

KKK.jpg

Advertisement

Click Here > KKK

ရန်ကုန်ရှိ မြို့နယ် (၁၇) ခု၏ လူနေရပ်ကွက်များ၊ ဈေးများရှိ ဆန်ဆိုင်ပေါင်း (၄၂) ဆိုင်မှတဆင့် ဧည့်မထအမျိုးအစား ဆန် (၁) ပြည်ကို ၂,၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချသွားမည်ဟု ဖော်ပြထားပါသည်။ 

May be an image of ticket stub, blueprint and text

မြို့နယ်အလိုက် ရောင်းချပေးမည့် ဆန်ဆိုင်များမှာ လှိုင်သာယာတွင် (၇) ဆိုင်၊ ရွှေပြည်သာတွင် (၄) ဆိုင်၊ တောင်ဒဂုံတွင် (၄) ဆိုင်၊ မြောက်ဥက္ကလာပတွင် (၅) ဆိုင်၊ မြောက်ဒဂုံတွင် (၂) ဆိုင်၊ ဒဂုံဆိပ်ကမ်းတွင် (၁) ဆိုင်၊ အရှေ့ဒဂုံတွင် (၂) ဆိုင်၊ သင်္ဃန်းကျွန်းတွင် (၃) ဆိုင်၊ ပုဇွန်တောင်တွင် (၁) ဆိုင်၊ သာကေတတွင် (၁) ဆိုင်၊ ဒေါပုံတွင် (၂) ဆိုင်၊ ဒလတွင် (၃) ဆိုင်၊ ကြည့်မြင်တိုင်တွင် (၁) ဆိုင်၊ အလုံတွင် (၁) ဆိုင်၊ ဆိတ်ကြီးခနောင်တိုတွင် (၁) ဆိုင်၊ မင်္ဂလာဒုံတွင် (၃) ဆိုင်၊ အင်းစိန်တွင် (၁) ဆိုင် စသည်ဖြင့် မြို့နယ် (၁၇) ခုရှိ ဆန်ဆိုင်ပေါင်း (၄၂) ဆိုင်မှတစ်ဆင့် ရောင်းချပေးမည်ဖြစ်သည်။

May be an image of blueprint and text

ယင်းအပြင် လူနေရပ်ကွက်များအတွင်းသို့ ကားဖြင့် လှည့်လည်၍ ဧည့်မထဆန် (၁) ပြည်ကို ကျပ် ၂,၅၀၀ နှုန်းဖြင့် ရောင်းချပေးနေကြောင်းနှင့် ဝါးတန်းကုန်စည်ဒိုင်၊ ဘုရင့်နောင်ကုန်စည်ဒိုင်တို့တွင်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား (၁) ခု တင်ပြလျှင် တစ်လစာအတွက် ပေါ်ဆန်းအမျိုးအစား ဆန်အိတ် (၁) အိတ်နှင့် ဧည့်မထအမျိုးအစား ဆန်အိတ် (၁) အိတ်တို့ကို သက်သက်သောစျေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း အသိပေးထားပါသည်။

⇐ Previous Next

Read 783 times