Things To Do

Opportunity to buy one YPS card and get two cards

Opportunity to buy one YPS card and get two cards

(YPS) အရောင်းစင်တာများ ပြန်လည်ဖွင့်လှစ်တဲ့အနေနဲ့ YBS တွင် အသုံးပြုသည့် (YPS) ကဒ်တွေကို တစ်ကဒ်ဝယ် တစ်ကဒ်လက်ဆောင်ရရှိမှာပဲဖြစ်ပါတယ်။ ကိုဗစ်ရောဂါစတင်ဖြစ်ပွားသည်မှစ၍ (YPS) ဝန်ဆောင်မှုစင်တာများကို စက်တင်ဘာ (၂၂)ရက်မှ စတင်ကာ ယာယီပိတ်သိမ်းထားခဲ့တာဖြစ်ပြီး နိုဝင်ဘာ (၃)ရက်နေ့မှာမှ ပြန်ဖွင့်ခဲ့တာပါ။ 

နိုဝင်ဘာ (၉) ရက်ကနေ စပြီး နိုဝင်ဘာ (၂၂) ရက်နေ့အထိ (YPS) အရောင်းစင်တာတွေဖြစ်တဲ့ ရန်ကုန်မြို့တော်ခန်းမဘေး၊မဟာဗန္ဓုလပန်းခြံရှေ့၊ မြန်မာပလာဇာ၊ယုဇနပလာဇာ၊ လှည်းတန်းမှတ်တိုင်၊ YUPTရုံးချုပ်ရှေ့၊ဗန္ဓုလပါရမီကားဝင်းရှေ့တွေမှာ တစ်ကဒ်ဝယ် တစ်ကဒ်လက်ဆောင်ရရှိမယ့် အစီအစဥ် ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ 

(YPS)ကဒ်တွေကို ဇူလိုင်လ (၂၁)ရက်နေ့မှစတင်ကာ YBS ယာဥ်လိုင်း (၁၂)လိုင်းတွင် အသုံးပြုခဲ့ပြီး သြဂုတ် (၈)ရက်နေ့မှာတော့ နောက်ထပ် ယာဥ်လိုင်း (၂၁) လိုင်းမှာ ထပ်မံအသုံးပြုနိုင်ခဲ့ပြီဖြစ်လို့ ယခုအခါ ယာဥ်လိုင်း(၃၃) လိုင်းတွင် အသုံးပြုနိုင်တော့မှာပဲဖြစ်ပါတယ်။  

ယခုလက်ရှိတွက်ချက်မှုအရ (YBS) စီးနင်းသူ နှစ်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ 

⇐ Previous Next ⇒

Read 7340 times