Food & Drink

Quick Food Delivery Service

Quick Food Delivery Service

အချစ်မရှိဘဲ နေနိုင်တယ်၊ မစားဘဲ မနေနိုင်ဘူးဆိုတဲ့ Foodie လေးတွေအတွက် နေပူပူ၊ မိုးရွာရွာ အိမ်ထဲက အိမ်ပြင် ထွက်စရာမလိုဘဲ ကြိုက်ရာ မှာစားလို့ရမယ့် Food Delivery App တွေထဲက ဇူလိုင် (၁၉) ရက်နေ့ကမှ တရားဝင် စတင်မိတ်ဆက်လိုက်တဲ့ Quick Food အကြောင်း မျှဝေပေးချင်ပါတယ်။

Quick Food Application မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင်လ (၁၉) ရက်နေ့က Pan Pacific ဟိုတယ်မှာ နာမည်ကြီး အနုပညာရှင်တွေ၊ Social Influencers တွေ၊ Food Bloggers တွေ တက်ရောက်ပြီး တခမ်းတနား ကျင်းပပြုလုပ်ခဲ့ပါတယ်။

Advertisement

Click Here > 1st San Chain Oo

Quick Food App ဆိုတာက အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှု အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါတယ်။ သူ့မှာ တခြား  Food Delivery App တွေနဲ့ မတူဘဲ ထူးခြားတဲ့ ဝန်ဆောင်မှုတွေ ပါရှိပါတယ်။ ဘာတွေလဲဆိုရင် -

  • စားသောက်ဆိုင် ၃/၄ ဆိုင်ကနေ တပြိုင်တည်း အော်ဒါမှာယူနိုင်ခြင်း
  • Quick Food နဲ့ ချိတ်ဆက်ထားတဲ့ စားသောက်ဆိုင်တွေကနေ Dine In အတွက်ရော၊ Self Pick-up အတွက်ရော အိမ်မှာထဲက ကြိုမှာထားနိုင်ခြင်း

ဆိုင်မှာ ထိုင်စားချင်ရင်ဖြစ်ဖြစ် ပါဆယ်ဆွဲချင်ရင်ဖြစ်ဖြစ် ဆိုင်ရောက်မှ မှာရတော့ အချိန်အကြာကြီး စောင့်နေရတာမျိုး ဖြစ်ဖူးကြမှာပါ။ Quick Food မှာတော့ ဒီလိုပြသနာမျိုး မရှိပါဘူး။ 

  • Mote Phoe (မုန့်ဖိုး) ဆိုတဲ့ Quick Food ရဲ့ ကိုယ်ပိုင် Mobile Wallet ပါရှိခြင်း
  • “Eat Now, Pay Later” ဆိုတော့ “အခုမှာ လကုန်မှရှင်း” အကြွေးစနစ်နဲ့ မှာယူနိုင်ခြင်း

အကြွေးစနစ်ဖြစ်ပေမယ့် အတိုးလုံး၀မယူဘဲ လစာထုတ်ရက်မှ Mote Phoe (မုန့်ဖိုး) ထဲ အရင်းအတိုင်း ပြန်ထည့်ပေးရုံပဲဖြစ်ပါတယ်။

  • Bank အစုံနဲ့ ချိတ်ဆက်ထားတဲ့အတွက် VISA၊ MPU တို့အပြင် ကြိုက်တဲ့ Mobile Payment (Kpay, UAB Pay, CB Pay, AYA Pay, One Pay, Wave Money) နဲ့ ငွေပေးချေနိုင်ခြင်း
  • အစားအသောက်အပြင် ပါဆယ်ပစ္စည်းတွေကိုပါ နေ့ချင်းပေးပို့ပေးမယ့် Instant Delivery Service ရှိခြင်း
  • စားသောက်ဆိုင်တွေအပြင် Mart များ၊ Convenience store များ၊ Beverage Shop များ၊ Pharmacy Store များမှလည်း လိုအပ်တာတွေကို မှာယူနိုင်ခြင်း တို့ဖြစ်ပါတယ်။

လောလောဆယ် Quick Food ကနေ ဒဂုံ၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့် ၊ တာမွေမြို့နယ်တွေအတွက်ပဲ မှာယူလို့ရပါသေးတယ်။ ရန်ကုန်မြို့တွင်းက ကျန်ရှိနေတဲ့ တခြားမြို့နယ်တွေအတွက်ကတော့ မကြာမီ လာမည်၊ မျှော်ပါ။

Quick Food က ကိုယ်ပိုင် Delivery App တစ်ခု သီးသန့်ထုတ်ပြီး iOS နဲ့ Android အပြင် Desktop Version ပါ အသုံးပြုလို့ရအောင် ဖန်တီးပေးထားပါတယ်။ ကိုယ်တိုင်ဖုန်းထဲ Download လုပ်ပြီး အသုံးပြုလို့ရသလို Bank App တွေဖြစ်တဲ့ KBZPay, AYA Pay, One Pay, UAB Pay, Citizens Pay, Wave Money အစရှိတဲ့ Bank App တွေထဲက ဝန်ဆောင်မှုမှာလည်း Mini App တစ်ခုအဖြစ် ထည့်ပေးထားပါတယ်။

⇐ Previous Next

Read 917 times