Shopping & Promos

Steps when you buy a house in installments

Steps when you buy a house in installments

လျှောက်ထားသူသည် မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ပြီး ၀န်ထမ်း၊ အငြိမ်းစား၀န်ထမ်း၊ ကုမ္ပဏီ၀န်ထမ်း၊ သာမန် စသဖြင့် လျှောက်ထားသည့် ပုံစံဖြည့်မှု ကွဲပြားနိုင်သည်။

(က) လျှောက်လွှာပုံစံအား မြို့ပြနှင့်အိမ်ရာဌာနတွင် တောင်းခံနိုင်သည်။
( ခ) ဌာနမှ ထုတ်ပေးသည့် ပုံစံတွင် စနစ်တကျ ဖြည့်စွက်ကာ တောင်းခံထားသော အချက်အလက်များ ပြည့်စုံစွာ အသေးစိတ်ထည့်သွင်းရာ မြို့ပြအိမ်ရာဌာနသို့ ပြန်လည် လျှောက်ထားရမည်။
( ဂ) ဆောက်လုပ်ရေးနှင့် အိမ်ရဖွံ့ဖြိုးရေးဘဏ်တွင် ငွေစာရင်းဖွင့်ပြီး ဖြစ်ရမည်။

လျှောက်ထားရန်အဆင့်များ

အဆင့် (၁)
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရှိ အိမ်ရာအရောင်းပြခန်းများတွင် ပုံစံလာရောက် တောင်းခံခြင်း

အဆင့် (၂)
လျှောက်ထားသူမှ မိမိလိုအပ်သည့် အိမ်ခန်းအားရွေးချယ်ပြီး  သတ်မှတ်ပုံစံအလိုက် လိုအပ်သည်များ ဖြည့်စွက်ခြင်း၊

အဆင့်(၃)
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အရောင်းဌာနများသို့ လာရောက် တင်ပြလျှောက်ထားခြင်း၊

အဆင့် (၄)
CHID ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း

အဆင့်( ၅)
သတ်မှတ်ငွေပမာဏ ငွေစာရင်းတွင် ရှိမရှိစိစစ်ခြင်းနှင့် လိုအပ်သည်များ ဆောင်ရွက်ခြင်း၊

အဆင့်(၆)
အိမ်ခန်းနေထိုင်ခွင့်ချပေးခြင်း၊

ဆက်သွယ်ရမည့်လိပ်စာ
ရန်ကုန်- မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာအရောင်းဌာနများ၊
နေပြည်တော် - ရုံးအမှတ် (၄၀)၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန။

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ
ရန်ကုန်၊ နေပြည်တော်
Website: http://www.construction.gov.mm 

⇐ Previous Next ⇒

Read 3918 times