Things To Do

Discover endangered Irrawaddy dolphins with Expedia

Discover endangered Irrawaddy dolphins with Expedia

ရာဝတီလင်းပိုင်လေးတွေဟာ မြစ်ထဲမှာနေထိုင်တဲ့ လင်းပိုင်မျိုးစိတ် (၅) ခုထဲက တစ်ခုဖြစ်ပြီး ယခင်က အကောင်ရေ စုစုပေါင်း ၇၁၀၀ ကျော်ရှိရာကနေ အခုဆိုရင် အကောင်ရေ ၇၀ လောက်သာ ကျန်ရှိပါတော့တယ်။ ဧရာဝတီလင်းပိုင်လေးတွေက မျိုးတုန်းလုနီးပါး မျိုးစိတ်တွေထဲက တစ်ခုဖြစ်နေပါပြီ။

ဧရာဝတီလင်းပိုင်လေးတွေကို ကာကွယ်ဖို့ အနီးနားက ငါးဖမ်းရွာ (၅) ရွာ ပူးပေါင်းပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာ ကာကွယ်ရေးဧရိယာကို ပြုလုပ်ပေးထားပါတယ်။ ၇၆ ကီလို အကျယ်အဝန်းရှိပြီး လင်းပိုင်အကောင်ရေ ၃၀ လောက် နေထိုင်ကြပါတယ်။

ယခုဆိုလျှင် ဧရာဝတီလင်းပိုင်လေးတွေ အကြောင်းကို လေ့လာရင်း၊ အပျော်ခရီးလဲသွားရင်းနဲ့ မျိုးတုန်းလုနီးပါး လင်းပိုင်လေးတွေကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်အောင် Expedia Travel Agency မှ Tour လေးတစ်ခု စီစဉ်ပေးထားပါတယ်။


Expedia ရဲ့ The Living Irrawaddy Dolphin Project တစ်ခုဖြစ်တဲ့ ဧရာဝတီလင်းပိုင်လေ့လာရေး အပျော်ခရီးကို ပြောပြပေးချင်ပါတယ်။  Tour က ၁ ရက်မှ ၃ ရက်အထိ ကိုယ့်စိတ်တိုင်းကျ လည်လို့ရပါတယ်။

(၃) ရက်တာ Tour ရဲ့ ပထမတစ်ရက်မှာတော့  ကာကွယ်ရေးဧရိယာရဲ့ တောင်ဖက်ပိုင်းရှိ လင်းပိုင်းလေးတွေ အကြောင်းကို မိတ်ဆက်ပေးပြီး နေ့လည်စာကိုတော့ ဧရာဝတီ ဓလေ့ရိုးရာ ထမင်း၊ ဟင်းကို စားသောက်နိုင်မှာပါ။ ညနေအပြန်လမ်းမှာတော့ မင်းကွန်းပုထိုးတော်ကြီးကို ဖူးမျှော်နိုင်မှာဖြစ်ပါတယ်။ ပထမတစ်ရက်အတွက် လူ ၅ ယောက်မှ ၁၀ ယောက်အထိကို အမေရိကန်ဒေါ်လာ ၁၁၀ ကျပ်သာ ကုန်ကျမှာ ဖြစ်ပါတယ်။

ဒုတိယတစ်ရက်မှာတော့ ကာကွယ်ရေးဧရိယာရဲ့ အလယ်ပိုင်းကို လေ့လာရမှာဖြစ်ပြီး ဒေသခံတွေက လင်းပိုင်လေးတွေ စားဖို့အတွက် ငါးဖမ်းနည်းကိုပါ ခရီးသွားတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ နေ့လည်စာ၊ ညနေစာကိုလဲ ဒေသခံတွေ ဧည့်ခံတဲ့ ရိုးရာထမင်း၊ ဟင်းကို စားသောက်နိုင်မှာပါ။ ဒုတိယနေ့အတွက် ကုန်ကျစရိတ်ကတော့ ၅ ယောက်မှ ၁၀ ယောက်အထိကို အမေရိကန်ဒေါ်လာ ၁၆၅ ကျပ်သာ ကျသင့်မှာပါ။  


Tour ရဲ့ တတိယနေ့ကိုတော့ ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်မှာ ကျင်လည်နေတဲ့ လင်းပိုင်လေးတွေကို လေ့လာရမှာ ဖြစ်ပါတယ်။ လင်းပိုင်လေးတွေနဲ့ ဘယ်လိုထိတွေ့ပြီး ဘယ်လိုဆက်ဆံရမလဲ ဆိုတာတွေကို ဒေသခံတွေက သင်ကြားပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရိုးရာဆေးလိပ်ပြုလုပ်နည်း၊ ရိုးရာမြေအိုးပြုလုပ်နည်းနဲ့ ရက်ကန်းချက်လုပ်နည်းတွေကိုလည်း သိရှိနိုင်မှာပါ။ စျေးနှုန်းအားဖြင့်လည်း တတိယနေ့အတွက် လူ ၅ ယောက်မှ ၁၀ ယောက်အထိကို အမေရိကန်ဒေါ်လာ ၂၄၀ ကျပ် ကုန်ကျမှာဖြစ်ပါတယ်။

အကြမ်းဖြင်းအားဖြင့် ၃ ရက်တာအတွက်ကို တစ်ယောက်လျှင် အပြီးအစီး အမေရိကန်ဒေါ်လာ ၅၃ ကျပ်ခန့် ကုန်ကျမှာ ဖြစ်ပါတယ်။

အသေးစိတ်အကြောင်းအရာကိုတော့ အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါတယ်။

>>> https://burmadolphins.com/tours/3day/

⇐ Previous Next

Read 1802 times