Health & Beauty

Benefits of Vitamin-D Cons and Things to Know

Benefits of Vitamin-D Cons and Things to Know

မြန်မာနိုင်ငံတွင် Vitamin-D ကို မိမိသဘောနှင့် မိမိဖြစ်စေ၊ တစ်ခြားသူထံမှ ညွှန်ကြားချက်နှင့်ဖြစ်စေ လွဲမှားစွာ အသုံးပြုခြင်းများစွာ ရှိသည်။ ထိုကဲ့သို့ အသုံးပြုခြင်းကြောင့် မလိုအပ်သော ဆိုးကျိုးများကိုလည်း များစွာ ဖြစ်စေနိုင်သည်။ မှန်ကန်စွာ အသုံးပြုပါကလည်း ကောင်းကျိုးများကို ဖြစ်စေနိုင်သည်။

ထို့ကြောင့် Vitamin-D အကြောင်းနှင့် ပတ်သတ်ပြီး လူသိနည်းသော အကြောင်းအရာများနှင့် ၎င်းသည် ကောင်းကျိုး၊ ဆိုးကျိုးများကို  အောက်ပါအတိုင်း ဖော်ပြပေးထားပါသည်။

နေပူခံလိုက်သောအခါ နေရောင်ခြည်မှရရှိသော UVB သည် အရေပြားတွင် ရှိသော 7 Dehydrocholesterol ကို ခန္ဓာကိုယ်မှ  Vitamin-D အဖြစ် ဖန်တီးလိုက်ပါသည်။၎င်းသည် အူလမ်းကြောင်းတွင်ရှိသော Calcium နှင့် Phosphate ကို စုပ်ယူမှုကောင်းအောင် ကူညီပေးသည့်အပြင် အရိုးကောင်းမွန်စွာ တည်ဆောက်နိုင်ရန်အတွက်လည်း ကူညီပေးသည်။ 

နေအိမ် ပြင်ပသို့မထွက်ပဲ အခန်းအောင်းနေထိုင်သူများအတွက် Vitamin-D ချို့တဲ့ပြီး အရိုးနှင့် ကြွက်သား ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ထိုသို့ ချို့တဲ့မှုကြောင့် အရိုးပျော့ရောဂါ (Rickets) ဖြစ်ပွားနိုင်သည်။ အာဟာရလုံလောက်စွာ မရရှိခြင်းနှင့် နေရောင်ခြည်လုံလောက်စွာ မရရှိခြင်းတို့သည် အဆိုပါရောဂါဖြစ်ပွားရသော အဓိကအကြောင်းရင်း ဖြစ်သည်။ အထူးသဖြင့် အသက် (၆) လမှ (၂) နှစ်အတွင်း ကလေးငယ်များတွင် အဖြစ်များသည်။ 

အသက် (၁၉) မှ (၅၀) နှစ်အတွင်းရှိသော လူတစ်ယောက်၏ နေ့စဥ္လိုအပ္သော Vitamin D ပမာဏ   သည်(၆၀၀) ယူနစ်ဖြစ်သည်။ထိုသို့ လုံလောက်သော ပမာဏ ရရှိစေရန်အတွက် နေပူစာ လှုံပေးသင့်သည့်အပြင် အဆီများသောငါးများ၊ မှို၊ ၀က်သား၊ ကြက်ဥနှင့် Vitamin-D ပမာဏကြွယ်၀သော အစားအစာများကိုလည်း စားပေးသင့်ပါသည်။

တစ်နေ့လျှင် ၁၀ မိနစ်မှ မိနစ် ၂၀ အထိ နေရောင်ခြည်ကာပစ္စည်းမသုံးပဲ အရေပြားပေါ်သို့ နေရောင်ခြည် တိုက်ရိုက်ထိတွေ့သင့်ပါသည်။ သို့သော် နေရောင်ခြည် အပြင်းဆုံးအချိန်ဖြစ်သော မနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအတွင်း အချိန်ကိုမူ ရှောင်ရှားသင့်ပါသည်။

Vitamin-D ဖြည့်စွက်စာ သောက်မည်ဆိုလျှင် သွေးတွင်း Vitamin-D ပမာဏကို သိရပါမည်။ မလိုအပ်ပဲ  ဖြည့်စွက်စာအများကြီး သောက်မိပါက ခန္ဓာကိုယ်၏ ဟန်ချက်လည်းပျက်သွားပြီး သွေးတွင်း ကယ်ဆီယမ်ပမာဏလည်း များလာသည့်အပြင် ကျန်းမာရေးဆိုးကျိုးပေးနိုင်သည်။ 

Vitamin-D သည် သွေးထဲတွင် များလာသောအခါ အခြား Vitamin များကဲ့သို့ ဆီးထဲတွင် စွန့်ထုတ်နိုင်ခြင်းမရှိပါ။ ဆန့်ကျင်ဘက်ဆိုးကျိုး အနေဖြင့် အရိုးများကို အားနည်းစေသည့်အပြင် ပိုနေသော ကယ်ဆီယမ်များသည် ကျောက်ကပ်နှင့် နှလုံးရောဂါကိုလည်း ဖြစ်စေနိုင်သည်။

Sources from MOHS

⇐ Previous Next

Read 1726 times