Things To Do

Thadingyut Festival 2023

Thadingyut Festival 2023

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့နှင့် (၂၉) ရက်နေ့တို့တွင် သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ရွှေတိဂုံဘုရားနှင့် ဗိုလ်တစ်ထောင်ဘုရားတို့တွင် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားနဲ့အတူ ဆီမီးထွန်းညှိ ပူဇော်ပွဲကို ကျင်းပသွားမယ်လို့ စေတီတော်ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ကနေ သိရပါတယ်။

ရွှေတိဂုံဘုရား

အောက်တိုဘာလ (၂၈) ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ မတိုင်မီ အဖိတ်နေ့မှာတော့ ရွှေတိဂုံစေတီရင်ပြင်မှာ ညနေ ၅ နာရီ အချိန်ကစပြီး အောင်မြေနေရာမှာ မီးစေတီများ လှည့်လည်ပူဇော်တာနဲ့ ဆီးမီးခုံမှာ ဆီမီး ၁၀၀၀ဝ ပူဇော်ပွဲ ပြုလုပ်တာတွေ ဆောင်ရွက်မယ်လို့ သိရပါတယ်။

အောက်တိုဘာလ (၇) ရက်နေ့ကတည်းက ရွှေတိဂုံစေတီတော်ရင်ပြင်ဆောင်းတန်းတွေမှာ ပရိတ်ရွတ်၊ ပဌာန်းနဲ့ မေတ္တာဘာဝနာ တရားတော် ရွတ်ဖတ်ပွားများတာတွေကို ပြုလုပ်နေပြီး အောက်တိုဘာလ (၂၉) ရက်နေ့ သီတင်းကျွတ်လပြည့်နေ့မှာတော့ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားအနေနဲ့ စေတီတော်ကြီးကို ဆွမ်းကပ်တာ၊ သံင်္ဃာတော်သြဝါဒ စရိယဆရာတော်တွေကို ဆွမ်းကပ်လှူဒါန်းတာ၊ ဆွမ်းဆန်စိမ်းလှောင်းလှူတာတွေ ပြုလုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။  

ဗိုလ်တစ်ထောင်ဘုရား

သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ (၂၉) ရက်နေ့ မနက် (၅) နာရီခွဲ အချိန်မှာ စေတီတော်မြတ်ကြီးမှာရှိတဲ့ ဗုဒ္ဓဆင်းတုတော်တွေကို အရုဏ်ဆွမ်း (ပန်း၊ ရေချမ်း၊ ဆီမီး) ဆပ်ကပ်လှူဒါန်းတာ၊ မနက် (၇) နာရီအချိန် နန်းဦးတန်ဆောင်းမှာ အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ အဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်တာနဲ့ မေတ္တာဘာဝနာပွားများတဲ့ အခမ်းအနားတွေကို ပြုလုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲဒီနောက် စေတီတော်ကြီးကို ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တွေနဲ့ ရွတ်ဖတ်ပူဇော်မယ့် ဝတ်အဖွဲ့တွေက လက်ယာရစ်တစ်ပတ် လှည့်လည်ပြီး အောင်မြေမှာ ရွတ်ဖတ်ပူဇော်တဲ့ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ ရုပ်သိမ်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ညနေ (၅) နာရီခွဲအချိန်လောက်မှာတော့ တိုးချဲ့ဓမ္မရင်ပြင်မှာ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲကို ကျင်းပသွားမယ်လို့ သိရပါတယ်။

နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့တိုင်း အဘိဓမ္မာအခါတော်နေ့ အခမ်းအနားအနေနဲ့ ရောင်စုံမီးများနဲ့ လှည့်လည်ပူဇော်တာ၊ ဆီမီးထွန်းညှိ ပူဇော်တာတွေ ပြုလုပ်လျှက်ရှိပြီး ယခုလာမယ့် သီတင်းကျွတ်လပြည့်နေ့အတွက်လည်း ကုသိုလ်အလှူတွေမှာ အများပြည်သူတွေလည်း ပါဝင်ဆင်နွှဲနိုင်ကြောင်း စေတီတော် ဂေါပကအဖွဲ့က အသိပေးထားပါတယ်။

Source - Myanma Platform, One News Myanmar

⇐ Previous Next

Read 711 times