Food & Drink

Thai style chicken rice

Thai style chicken rice

ဆန်သားအိအိ ကြက်သားမွှေးမွှေးနဲ့ ကြက်ဆီထမင်းလေးဟာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ အစားအစာတစ်ခု ဖြစ်မယ်ထင်ပါတယ်။ ကြက်ဆီထမင်းရဲ့ မူလအစဟာ ဟိုင်နန်ကျွန်းဒေသရဲ့ ရိုးရာ အစားအစာတစ်ခု ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံအပြင် မြန်မာနိုင်ငံမှာပါ လူကြိုက်များကြတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပုံမှန်မြန်မာမှာ စားနေကျ ကြက်ဆီထမင်းတွေနဲ့ မတူတဲ့ ထိုင်းစတိုင်လ် ကြက်ဆီထမင်း ပြုလုပ်နည်းလေးကို ဗဟုသုတရဖွယ် တင်ဆက်ပေးလိုက်ချင်ပါတယ်။ 

ပါဝင်ပစ္စည်း

  • ကြက်ရင်ပုံသား (သို့) ကြက်ပေါင်ရင်းသား - (၄)ခု 
  • ရိုးရိုးဆန် - နို့ဆီခွက် (၃)ခွက်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲငံပြာရည် အနောက် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နံနံပင် - (၁)စည်း 
  • သခွာသီး - (၁)လုံး 
  • ရေ - (၇)ခွက်
  • ဂျင်း - (၆)ပြား (ပါးပါးလှီးပြီသား)
  • ကြက်သွန်ဖြူ - (၇)ခု (နုတ်နုတ်စဉ်းပေးပါ)

ပြုလုပ်နည်း 

၁။ ကြက်သားကို ရေဖြင့် သန့်စင်အောင် ဆေးကြောပြီး အခြောက်ခံထားပါ။ 

၂။ ဒယ်အိုးတစ်ခုထဲမှာ ရေ(၇)ခွက်ထည့်ပြီး ဆူတဲ့အထိ တည်ထားပေးပါ။ 

၃။ ရေဆူလာရင် ကြက်သားထည့်ပြီး ဆား စားပွဲတင်ဇွန်း (၁)ဇွန်းခန့် ထည့်ကာ မီးနည်းနည်းနဲ့ (၄၅)မိနစ်ခန့် တည်ထားပေးပါ။ ကြက်သားနူးအိနေစေဖို့အတွက် အိုးကို အဖုံလုံအောင် ဖုံးထားပေးရပါမယ်။ 

၄။ တည်ပြီးရင်တော့ ကြက်အရေခွံကနေ ထွက်လာတဲ့ ရေမျက်နှာပြင်ပေါ်က ကြက်ဆီတွေကို ယောက်ချိုဇွန်းနဲ့ ခပ်ပြီး ခွက်တစ်ခုထဲ ထည့်ထားပေးပါ။ 

၅။ ကြက်ဆီရည် (၄)ခွက်ခွဲအထိ ရအောင်ခပ်ပြီး အခန်းအပူချန်အတိုင်း အအေးခံထားပါ။ 

How to Boil Chicken Breasts: Our No-Fail Technique for Juicy Chicken |  Better Homes & Gardens

ကြက်သားရပြီဆိုရင်တော့ ထမင်းစတင် ချက်ပြုတ်ပါမယ်။ 

၁။ အရင်ဆုံး နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူ (၇)ဥကို ဆီသပ်ပြီး ဆီချက် ချက်ထားပါ။ ဂျင်း (၆)ပြားကို ပါးပါးလှီးထားပါ။ 

၂။ ပြီးရင် ဆန်(၃)လုံးကို ရေဆေးပြီး ဆီချက်၊ ဂျင်း၊ ကြက်ဆီရည် (၄)ခွက်ခွဲ၊ ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်းဝက်၊ ဆား လက်ဖက်ရည်ဇွန်း (၃)ဇွန်း စတာတွေနဲ့ ရောမွှေပြီး ရိုးရိုးထမင်းအိုး တည်သလို တည်ထားပေးပါ။ 

၃။ ထမင်းအိုးတည်ထားချိန်မှာ ပြုတ်ထားပြီးသား ကြက်သားတွေကို အရှည်လိုက် သို့မဟုတ် အနေတော် အတုံးလေးတွေ လှီးထားပေးပါ။ 

၄။ သခွားသီးကို အခွံနွှာပြီး အဝိုင်းလေးတွေ လှီးထားပါ၊ နံနံပင်ကို အမြှီးဖြတ်ထားပါ၊ 

ထမင်းအိုး တည်ထားတဲ့အချိန်မှာ ကြက်ဆီထမင်းရဲ့ မပါမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ ဆော့စ်ကို ပြုလုပ်ထားပါမယ်။ 

ဆော့စ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် အကြည် - စားပွဲတင်ဇွန်း (၃)ဇွန်း
  • ပဲငံပြာရည် အနောက် - လက်ဖက်ရည်ဇွန်း (၁)ဇွန်း
  • ပဲငပိ အနှစ် - စားပွဲတင်ဇွန်း (၃)ဇွန်း
  • သကြား - စားပွဲတင်ဇွန်း (၁)ဇွန်းခွဲ
  • ဗီနီကာ - စားပွဲတင်ဇွန်း (၁)ဇွန်းခွဲ
  • ဂျင်း - စားပွဲတင်ဇွန်း (၂)ဇွန်း 
  • ငရုတ်သီးနီ(သို့)စိမ်း - (၅)ခု 

Korean BBQ Sauce : Recipes : Cooking Channel Recipe | Cooking Channel

ဆော့စ် ပြုလုပ်နည်း

၁။ ခွက်တစ်ခုထဲမှာ ပဲငံပြာရည် အကြည်၊ အနောက်၊ ပဲငပိ၊ သကြား၊ ဗီနီကာတို့ကို ထည့်ထားပါ။ 

၂။ နုတ်နုတ်စင်းထားတဲ့ ဂျင်းနဲ့ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းတွေကို ခုနက ခွက်ထဲထည့်ပြီး အားလုံးကို ရောသမမွှေလိုက်ပါ။ 

၃။ သကြားအရည် ပျော်ဖို့အတွက် မီးနည်းနည်းနဲ့ အပူပေးပြီ ခွက်တစ်ခုထဲ ဆော့စ်ရည်ကို ပြန်ထည့်ထားပေးပါ။

Thai Style Hainanese Chicken Rice Sauce (Khao Mon Gai Sauce)  น้ำจิ้มข้าวมันไก่ - Episode 201 - YouTube

ဟင်းချိုအတွက်ကိုတော့ ခုနက ချက်ထားပြီး ကျန်နေတဲ့ ကြက်ပြုတ်ရည်တွေကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ခပ်ပြီး ဟင်းချိုအဖြစ် ပြင်ဆင်ထားလို့ ရပါတယ်။ 

ထမင်းကျက်ပြီ ဆိုရင်တော့ ကြက်သား၊ သခွာသီး၊ နံနံပင်၊ ဆော့စ်ရည်တို့နဲ့အတူ အရသာရှိလှတဲ့ ထိုင်းစတိုင်လ် ကြက်ဆီထမင်းကို တွဲဖက်သုံးဆောင်နိုင်ပါပြီ။ 

⇐ Previous Next

Read 1663 times