Things To Do

The Best Art Galleries in Yangon

The Best Art Galleries in Yangon

ပန်းချီပြခန်းဆိုတာ အနုပညာကို ချစ်မြတ်နိုးသူတိုင်းအတွက် စိတ်အပန်းဖြေနိုင်တဲ့ နေရာဖြစ်သလို ကိုယ့်ရဲ့ ကိုယ်ပိုင်စိတ်ကူးအသစ်တွေ၊ အဓိပ္ပါယ်ဖော်နိုင်စွမ်းတွေကို ရင့်သန်လာစေတဲ့ နေရာလည်းဖြစ်ပါတယ်။ ပန်းချီအနုပညာကို စိတ်ဝင်စားတဲ့သူတွေ၊ ပန်းချီကားတွေ ဝယ်စုရတာ နှစ်သက်သူတွေ၊ ပန်းချီဆရာတွေရဲ့ မတူညီတဲ့ အနုပညာလက်ရာတွေကို ကြည့်ရှုခံစားချင်သူတွေအတွက် ရန်ကုန်မြို့က လူသိများတဲ့ ပန်းချီပြခန်း (၆) ခုကို ဖော်ပြပေးချင်ပါတယ်။ 

၁။ New Treasure Art Gallery

ဒီပြခန်းက ရန်ကုန်မြို့ရဲ့ အဆင့်မြင့်လူနေရပ်ကွက် ရွှေတောင်ကြားနဲ့ အင်းလျားကန်ဝန်းကျင်မှာ တည်ရှိပါတယ်။ နိုင်ငံတကာမှာ ထင်ရှားတဲ့ မြန်မာ့ပန်းချီအနုပညာရှင် မင်းဝေအောင်ရဲ့ အနုပညာပြခန်းဖြစ်ပြီး လူငယ်အနုပညာရှင်တွေရဲ့ ပြပွဲတွေကိုလည်း အာရုံစိုက် ပြုလုပ်ကျင်းပလေ့ရှိတဲ့ ပြခန်းတစ်ခုလည်း ဖြစ်ပါတယ်။

84A, Thanlwin Road, Golden Hill Avenue, Bahan

09 502 7917

၂။ Gallery 65

၂၀၁၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဒီအနုပညာပြခန်းဟာ ရန်ကုန်မြို့ရဲ့ တမူထူးခြား ဆန်းသစ်တဲ့ ပြခန်းတခုဖြစ်ပါတယ်။ Gallery 65 ပြခန်းက ခေတ်ပြိုင်ပန်းချီအနုပညာမှာ (Contemporary Art) လေးစားရတဲ့ ပန်းချီဆရာကြီး ခင်မောင်ရင်၊ တင်မောင်ဝင်း အစရှိတဲ့ အနုပညာရှင်များရဲ့ လက်ရာများကို ပြသလေ့ရှိသလို၊ တခြားသော အနုပညာရှင်များရဲ့ ခေတ်ပြိုင်ပန်းချီ၊ ခေတ်ပေါ်ပန်းချီ (Modern Art)၊ ပန်းပု၊ ဓာတ်ပုံပြပွဲများကိုလည်း အခါအားလျော်စွာ ပြသလေ့ရှိပါတယ်။ 

65, Yaw Min Gyi Road

09 962 577750

၃။ Authentique Art Gallery  

Authentique Art Gallery ကတော့ Times City Complex ထဲက Building 401 ရဲ့ ဒုတိယလွှာမှာ တည်ရှိပါတယ်။ တနင်္လာနေ့တိုင်း ပြခန်းပိတ်လေ့ရှိပါတယ်။ ပန်းချီပြပွဲတွေ၊ Art Workshop လေးတွေကိုလည်း မကြာမကြာ ကျင်းပပြုလုပ်တတ်ပါသေးတယ်။ Shopping Mall တွေ၊ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေနဲ့ လူစည်ကားတဲ့နေရာဖြစ်လို့ တခြားနေရာတွေ လာရင်း ပန်းချီဆရာ/ဆရာမများရဲ့ လက်ရာမြောက် ပန်းချီကားတွေကို ဝင်ရောက်ခံစားကြည့်ရှုနိုင်ပါတယ်။

Times City Complex, Building 401, Between Hantharwaddy and Kyun Taw Road, Kamayut

09 755 518566

Advertisement

Click Here > Pladco

၄။ Lokanat Galleries

ပန်းဆိုးတန်းလမ်းပေါ်မှာရှိတဲ့ လောကနတ်ပန်းချီပြခန်းဟာဆိုရင် ၁၉၇၁ ခုနှစ်ကတည်းက မြန်မာပန်းချီဆရာတွေ စုပေါင်းဝယ်ယူခဲ့ကြတဲ့ သက်တမ်းရင့် ပန်းချီပြခန်းပဲဖြစ်ပါတယ်။ ခုချိန်ထိတိုင် ပန်းချီကားပေါင်းများစွာ၊ ပန်းချီလက်ရာများစွာကို ဆက်လက်ပြသနေဆဲပါ။ ကျယ်ဝန်းလှတဲ့ ပြခန်းနေရာ အနေအထားကြောင့် ပန်းချီအနုပညာလက်ရာများစွာကို တစ်နေရာတည်းမှာ ခံစားကြည့်ရှုလို့ရပါတယ်။ အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့အထိ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီထိ ဖွင့်လှစ်ပြသနေတာဖြစ်ပါတယ်။ 

62, Pansodan Street

09 250 041 424

၅။ Kalasa Art Space

Kalasa Art Space ကတော့ ပန်းချီပြခန်းသက်သက်ကြီး မဟုတ်ဘဲ အနုပညာလက်ရာတွေ ထုံလွှမ်းပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အနုပညာပန်းချီလက်ရာတွေ ခံစားကြည့်ရှုနိုင်ဖို့ ပန်းချီအခန်း၊ စာပေချစ်မြတ်နိုးသူတွေအတွက် စိတ်အေးလက်ဆေး စာဖတ်နိုင်မယ့် စာဖတ်ခန်း၊ အနုပညာအမှတ်တရပစ္စည်းလေးတွေ ဝယ်ယူနိုင်မယ့် Souvenir Corner စတဲ့ အခန်းလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ချစ်စရာအနုပညာအိမ်ကလေးတစ်လုံးပါ။ Kalasa Art Space ပြခန်းကိုတော့ ဗုဒ္ဓဟူးနေ့ကနေ တနင်္ဂနွေနေ့အထိ မနက် ၁၀ နာရီကနေ ၅ နာရီအထိ ဖွင့်လှစ်ပြသနေတာပါ။ 

No, 91-93 1st floor (Left) Seikanthar Street, Lower Block

09 798 094145

၆။ Anawrahta Art Gallery

အနော်ရထာပန်းချီပြခန်းကို နေ့စဉ် ပိတ်ရက်မရှိ နံနက် ၉ ခွဲကနေ ညနေ ၅ ခွဲအထိ ဖွင့်လှစ်ထားပါတယ်။  ပြခန်းမှာ နိုင်ငံကျော် ပန်းချီဆရာကြီးများရဲ့ ပန်းချီအနုပညာလက်ရာများကို ခင်းကျင်းပြသထားတော့ သွားရောက်ကြည့်ရှုခံစားနိုင်သလို  သင့်တင့်မျှတသော စျေးနှုန်းနဲ့လည်း ဝယ်ယူနိုင်ပါတယ်။ ဒါ့အပြင် ပန်းချီအနုပညာနဲ့ ပတ်သက်တဲ့ အမှတ်တရပစ္စည်းတွေကိုလည်း ရောင်းချပေးလျက်ရှိပါတယ်။

No.50, Thit Yar Pin Street, 23rd Ward, VIP-1 Thuwanna, Thingangyun

09 260 744 244

ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ ပန်းချီပြခန်းတွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို အောက်ကလင့်ခ်မှာ အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။

>>  https://www.yangondirectory.com/listing/art-galleries

⇐ Previous Next

Read 1241 times