Food & Drink

The History Of Coca Cola

The History Of Coca Cola

ကိုကာကိုလာ အချိုရည်ကို အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှ ဆေးဝါးပညာရှင် ဒေါက်တာဂျွန် ပန်မ်ဘာတန်က ဖော်စပ်တီထွင်ခဲ့ပါသည်။ ၁၈၈၆ ခုနှစ် မေလကဖြစ်ပြီး ကိုကာကိုလာဟူသော အမည်ကို သူ၏ စာရင်းကိုင်ဖြစ်သူ ဖရန့်ရော်ဘင်ဆင်က ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်း ကိုကာကိုလာ အမှတ်တံဆိပ်သည် ယနေ့တိုင် အောင်မြင်ကျော်ကြားနေဆဲ ဖြစ်သည်။ ပထမဆုံးသော အဆိုပါအချိုရည်ကို (၁၈၈၆) ခုနှစ်၊ မေလ (၈) ရက်၌ အတ္တလန်တာမြို့ရှိ ဆေးဆိုင်မှ စတင် ရောင်းချခဲ့ပါသည်။ စတင် ထုတ်လုပ်စဉ်က ဂျွန်ပန်မ်ဘာတန်အတွက် အရှုံးပေါ်ခဲ့သည်ဟုဆိုသည်။ 

 

ဂျွန်ပန်မ်ဘာတန်ဟာ အမေရိကန်ပြည်တွင်းစစ်အတွင်းမှာ ဒဏ်ရာရတဲ့သူတွေနဲ့ မော်ဖင်းစွဲနေတဲ့ သူတွေများပြားနေခဲ့ပါတယ်။ဒါကြောင့်မို့လို့ ဆေးဘက်ဆိုင်ရာဘွဲ့ရရှိထားတဲ့ ဒေါက်တာပန်မ်ဘာတန်ဟာ သင့်တော်တဲ့ဆေးဝါးရရှိဖို့ သုတေသနလုပ်ခဲ့ပါတယ်။ အစပိုင်းမှာ Kola Coka ဆိုတဲ့နာမည်နဲ့ ဝိုင်ဆန်ဆန် Alcoholic Drink  ကိုစပြီးထုတ်လုပ်ခဲ့ပါတယ်။ 

 

ဒါပေမယ့် နောက်တစ်နှစ်အကြာမှာတော့ “Coca Cola” ဆိုတဲ့နာမည်နဲ့ Non-alcoholic Drink ကိုထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။ စစချင်းရောင်းတုန်းက Cola တစ်ပုလင်းကို (၅)ဆင့်နဲ့ စတင်ရောင်းချခဲ့ပါတယ်။ ဒေါက်တာ ပန်မ်ဘာတင်က ကိုလာဟာ မော်ဖင်းဆွဲတာ၊ခေါင်းကိုက်တာ၊အစာမကြေတာတွေ ပျောက်ကင်းနိုင်တယ်ဆိုပြီးရောင်းချခဲ့တာပါ။ 

1888 ခုနှစ်မှာတော့ တခြားစီးပွားရေးလုပ်ငန်း (၃)ခုကနေ မတူတဲ့ Cola သုံးမျိုးကို စတင်ရောင်းချခဲ့ပါတယ်။ 

 

 

ဒေါက်တာ ပန်မ်ဘာတန်ဟာ သူ့သားကိုပဲ Coca Cola နာမည်ကိုအသုံးပြုခွင့်ပေးပြီး ကျန်တဲ့သူတွေကိုတော့ Formula ကိုပဲ အသုံးပြုခွင့်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Formula ပြောင်းလဲပြီးတော့ New Coke ဆိုပြီး ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပရိတ်သတ်ကမကြိုက်တာကြောင့် ယခင်အရသာကိုပဲ ပြန်ပြောင်းပြီးထုတ်လုပ်ခဲ့ရပါတယ်။

⇐ Previous Next

Read 1487 times