Entertainment

Tom & Jerry Live Action's 90s addiction to childhood

Tom & Jerry Live Action's 90s addiction to childhood

Tom & Jerry ဆိုတာ 90s’ Kids တွေရဲ့ အသည်းစွဲ ကာတွန်းကားတစ်ကားလို့ ပြောလို့ရပါတယ်။ ငယ်ငယ်က ကျောင်းကပြန်ရောက်တာနဲ့ လွယ်အိတ်ပစ်ချပြီး TV ရှေ့ကိုအမြဲရောက်ရှိနေအောင် ဘယ်ကားကမှ မစွဲဆောင်နိုင်ခဲ့ပါဘူး။ ဘယ်ကားတွေက ဘယ်လောက်ပဲကောင်းကောင်း ကျွန်တော်တို့ရင်ထဲကို Tom & Jerry လောက်တော့ မရောက်ရှိခဲ့ပါဘူး။  2021 March လ မှာဆိုရင် ကျွန်တော်တို့ရဲ့ အချစ်တော်တွေကို Live Action အဖြစ်နဲ့ ရုပ်ရှင်ဖန်သားပြင်တွေထက်မှာ ကြည့်ရှုခံစားရတော့မှာပါ။ 

ကြောင်နဲ့ ကြွက်နဲ့အတူ အမေရိကန် မင်းသမီးချော Chloe Grace Moretz ကလည်းပါဝင်လာမှာဖြစ်ပြီး ငယ်ငယ်ကနဲ့ မတူပဲ တစ်မူထူးခြားတဲ့ Live Action Animated Hybrid  ဖြစ်ပါတယ်။ ဒါပေမယ့် အရင်အငွေ့အသက်တွေကိုလည်း  ပြန်ခံစားရမယ့် အရိပ်အယောင်တွေ အပြည့်ပါတာမို့လို့ စိတ်ပျက်စေမယ်လို့တော့ ကျွန်တော်ကမထင်ပါဘူး။ 

Jerry နဲ့Tom ရဲ့ ပိုစတာတွေကိုလည်း အမေရိကန်၊အင်္ဂလန်၊ တရုတ်၊ မက်ဆီကို၊ ပြင်သစ်၊ ဘရာဇီး စတဲ့ ကမ္ဘာ့နိုင်ငံအနှံ့မှာ သွားရောက်ရိုက်ကူးထားပါသေးတယ်။ Trailer ကိုကြည့်ချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာ သွားကြည့်နိုင်ပါတယ်..

https://bit.ly/35FbNg6

 

⇐ Previous Next

Read 1795 times