Food & Drink

Krispy Kreme Promotion for Half a Dozen for November Birthdays

Krispy Kreme Promotion for Half a Dozen for November Birthdays

Krispy Kreme ဆိုတာ အမေရိကန် Franchise တစ်ခုဖြစ်ပြီးတော့ Doughnut ကြိုက်တဲ့ လူတွေကြားထဲမှာ ရေပန်းစားနေတဲ့ ဆိုင်တစ်ဆိုင်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် ရန်ကုန်မြို့မှာ ဆိုင်ခွဲပေါင်း (၆) ဆိုင်အထိ ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။ အခုလည်း November Born တွေအတွက် ပျော်စရာသတင်းကောင်းလေးက စောင့်ကြိုလို့နေပါတယ်။ 

ဒီ သတင်းကောင်းလေးကဘာလဲဆိုတော့ ကြိုက်နှစ်သက်ရာ Doughnut တစ်ဒါဇင်ကို ဝယ်ယူလိုက်တာနဲ့ Signature ဖြစ်တဲ့ Original glazed ဒါဇင်ဝက်ကိုလည်း အလကားပေးသွားမယ်လို့ သိရပါတယ်။ နီးစပ်ရာဆိုင်တိုင်းမှာ ကိုယ်က November born ဖြစ်ကြောင်း သက်သေပြတဲ့အနေနဲ့ ID လေးပြလိုက်ရုံနဲ့ ဒီ Promotion လေးကို ခံစားခွင့်ရမှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ သူငယ်ချင်းတွေကြားထဲမှာ November လမွေးတဲ့သူရှိတယ်ဆိုရင်တော့ ဂုန်းဆင်းရအောင် အခုပဲသွားဝယ်သင့်တဲ့ Promotion လေးပဲနော်။ 

 

⇐ Previous Next ⇒

Read 3959 times