Technology

Can public outlets be harmful to phones?

Can public outlets be harmful to phones?

အများသုံးနေရာတွေမှာရှိတဲ့ USB အားသွင်းပေါက်တွေကိုသုံးတော့မယ်ဆိုရင် Juice jacking ကိုသတိထားသင့်ပါတယ်။ ခရီးသွားနေတဲ့ အခါပဲဖြစ်ဖြစ်လေဆိပ်မှာပဲ ဖြစ်ဖြစ် ကိုယ့်ဖုန်းမှာအားမရှိတော့ဘူးဆိုရင် အများသုံး USB Port တွေကိုသုံးဖြစ်ကြပါတယ်။ဒါပေမဲ့ ဒီအများသုံး USB တွေနဲ့အတူ အန္တရာယ်တွေကလည်း ကပ်ပါလာနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ USB port တွေဟာ အားသွင်းတာတင်မဟုတ်ပဲ Data အကူအပြောင်းကိုပါ လုပ်နိုင်လို့ပါ။

 

ကိုယ့်ရဲ့ Phone နဲ့ Laptop ထဲကို အားသွင်းပေါက်ကနေတစ်ဆင့်  Software ‌တွေသွင်းသွားနိုင်ပါတယ်။ဒီ Software တွေဟာ အားသွင်းကြိုးနဲ့အများသုံးနေရာတွေမှာ အားသွင်းလိုက်တာနဲ့  ဒီ Software တွေဟာ ဖုန်းကိုကျူးကျော်ဝင်ရောက်ပြီး ထိခိုက်အောင်လုပ်နိုင်ပါတယ်။ကိုယ့်ဖုန်းထဲက ဒေတာကိုခိုးယူတာပဲဖြစ်ဖြစ် ဖျက်ပစ်လိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပြီး နောက်ဆုံး ကိုယ့်ရဲ့နေ့စဉ်အသုံးပြုနေတဲ့ ပုံစံကိုပါထောက်လှမ်းနိုင်ပါတယ်။နောက်ပြီး ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေ, Username , password ,ဓာတ်ပုံနဲ့ email အစရှိတာတွေကိုပါခိုးယူသွားနိုင်ပါတယ်။

Hack ခံရပြီဆိုရင် ဖုန်းတော်တော်များများက အပြင်ပန်းကနေသိနိုင်ဖို့က တော်တော်နည်းပါတယ်။ဒါပေမဲ့ နောက်ကွယ်ကနေ App တွေ Run နေပြီဆိုရင်သိသာတဲ့အချက်တွေတော့ရှိပါတယ်။ဘက်ထရီအား ကုန်တာမြန်နေပြီး Back ground ‌app တွေ run နေတာ၊ ဖုန်းကနဂိုကထက်ပိုပြီးဟန်းနေတာ (သို့မဟုတ်) နှေးနေတာ၊ သုံးနေကျ App တွေက နဂိုကထက် ဖွင့်ရတာလေးနေတာ၊ ဖုန်းက လိုတာထက်ပိုပြီးပူနေတာ၊ ဖုန်းထဲက Setting တွေက ကိုယ်မပြောင်းပဲနဲ့ သူ့ဘာသာသူပြောင်းနေတာ၊ Internet အသုံးပြုမှုဒေတာတွေ လိုတာထက်ပိုပြီးစားနေတာ၊ အဲ့တာတွေထဲကတစ်ခုခုဖြစ်နေပြီ ဒါ့အပြင် ကိုကလည်း အများသုံး အားသွင်းပေါက်ကို သုံးမိတယ်ဆိုရင် ဖုန်းကိုဒေတာတွေကူးပြီးတာနဲ့ Factory reset ချသင့်ပါတယ်။

ဖုန်းထဲကို တိုက်ရိုက်အားမသွင်းပဲ Power bank ထဲကိုသွင်းပြီး Power bank ကနေတစ်ဆင့်ပြန်သွင်းပါ။Data အဝင်ကို ခွင့်မပြုတဲ့ ကရိယာတွေကိုအသုံးပြုပါ။ဒီကရိယာတွေဟာ ကိုယ့်ဖုန်းထဲကို Power အဝင်ကိုပဲခွင့်ပြုပြီး Data ကူးယူမှုကိုခွင့်မပြုပါဘူး။ ဖုန်းမှာ USB cable ကနေ ဒေတာကူပြောင်းမှုကိုပိတ်ထားပါ။ အခုလိုမျိုးကြိုတင်ကာကွယ်ခြင်းဟာအများသုံး USB အားသွင်းပေါက်တွေနဲ့အားသွင်းတော့မယ်ဆိုရင် ကိုယ့်ဖုန်းကိုအနည်းနဲ့အများတော့ကာကွယ်နိုင်ပါတယ်။

⇐ Previous Next

Read 1340 times