Things To Do

uab pay bazaar

uab pay bazaar

သီတင်းကျွတ်ညလေးတစ်ညမှာ ချစ်သူလက်ကလေးကိုတွဲ ပွဲစျေးတန်းလျှောက်ရတဲ့ ခံစားချက်မျိုးရအောင် uab bank ကနေ ကြီးမှူးကျင်းပပေးနေတဲ့ သတင်းကျွတ်အကြို ပွဲစျေးတန်းကြီးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

uabpay bazaar လို့ အမည်ပေးထားတဲ့ ပွဲစျေးတန်းကြီးကို Times City Outdoor Area မှာ စက်တင်ဘာ (၂၉) ရက်နေ့ကနေ အောက်တိုဘာ (၁) ရက်နေ့အထိ မနက် ၁၀ နာရီ မှ ည ၇ နာရီအထိ သုံးရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ 

uabpay bazaar ပွဲစျေးတန်းကြီးမှာ -

- အစားတလိုင်းတို့အကြိုက် အစားအသောက်တန်းတွေ

- အနာဂတ်အကြောင်း မေးမြန်းဖို့အတွက် Tarot အစီအစဉ်

- အလုပ်ရှာနေသူတို့အတွက် uab bank ရဲ့  Job Booth 

- လူကြိုက်များတဲ့ နယ်ပယ်အစုံက Local Brand ဆိုင်တွေပါဝင်ပြီး စုစုပေါင်း ဆိုင်ခန်း (၁၀၀) လောက်ကို ခင်းကျင်းပြသထားပါတယ်။

စျေးဆိုင်ခန်းတွေက အမိုက်စားလျှော့စျေးတွေနဲ့ ရောင်းချသွားမယ့်အပြင် ထူးခြားတဲ့ Live Band Music နဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အစီအစဥ်လေးတွေပါ ထည့်သွင်းပေးထားပါသေးတယ်။ အထူးလျှော့စျေးအစီအစဥ်များကို ခံစားနိုင်ဖို့အတွက် uabpay ကို Download ဆွဲပြီး ငွေဖြည့်သွားဖို့တော့ လိုပါလိမ့်မယ်။

⇐ Previous Next

Read 902 times