မြန်မာ့အစားစာအချိုပွဲတွေထဲက တခုဖြစ်တဲ့ ငှက်ပျောသီးဆနွင်းကင်းကို မွေးနေ့ပွဲအလှူပွဲတွေမှာ တည်ခင်းလေ့ရှိတာမို့ အတော်များများနှစ်သက်ကြမယ်ထင်ပါတယ်။ ဒါကြောင့်မို့ အိမ်မှာ လွယ်လွယ်ကူကူလုပ်လို့ ရမယ့်နည်းလေးကို ပြောပြချင်ပါတယ်။
ပါဝင်ပစ္စည်း
ရခိုင်ငှက်ပျောသီး - အလုံး၂၀
ဂျုံမှုန့် - ၁၀၀ဂရမ်
ရွှေကြည်မှုန့် အနု - ၁၀၀ဂရမ်
ကြက်ဥ - ၃လုံး
သကြား - ၁၂၀ဂရမ်
ထောပတ်/ဆီ -၁၀၀ဂရမ်
သစ်သီးခြောက်အရော - ၁၀၀ ဂရမ်
အုန်းနို့ခရင်မ် - ၃၀၀ ml
အုန်းသီးမှုန့် - တစ်ပန်းကန် ၃၀ ဂရမ်
ဆား - လ္ဘက်ဇွန်း တဝက်
အရောင်အနီ - ၃စက်
ဘိန်းစေ့ - တစ်ဇွန်း Tbsp
ပြင်ဆင်ပြုလုပ်နည်း
(၁)ဦးစွာ ပထမဇလုံတခုတွင် ငှက်ပျောသီးမှည့်ကိုအာလူးချေတံဖြင့်ချေပေးပါ။
(၂)အားလုံးကြေပါက ကျန်ပါဝင်ပစ္စည်းများအားလုံးကို (ဘိန်းစေ့မှအပ)တစ်ခုစီ ထည့်ပြီးမွေပေးပါ။ဂျုံလုံးများမဖြစ်စေရန်သေချာမွေပေးပါ။
(၃)ပြီးလျှင် အိုးတခုတွင်ထည့်ပြီး မီးပေါ်တင်ကာ ဆီပြန်လုံးလာသည်ထိမွေပေးပြီး ဆီလူးထားသောမုန့်ဖုတ်ဘန်းတွင် မုန့်နှစ်ကိုလောင်းထည့်ပါ။
(၄)မျက်နှာပြင်ညီအောင်လုပ်ပြီး အပေါ်မှဘိန်းစေ့ဖြူးကာ အပေါ်မီးများများ အောက်မီးနည်းနည်းဖြင့်ဖုတ်ပါ။Ovenအပူချိန် အပေါ် (၂၂၀) ဒီဂရီ အောက်(၁၂၀)ဒီကရီဖြင့် ၃၀မိနစ်ခန့်ဖုတ်ပါမယ်။ (၁၅) မိနစ်ကို တစ်ခါလောက် လှည့်ပေးဖို့မမေ့ပါနဲ့။
(၅)မုန့်မျက်နှာပြင် အရောင်ပြောင်းပြီဆိုတာနဲ့ မုန့်ဘန်းအလယ်ကို တုတ်သေးသေးနဲ့ထိုးကြည့်ပြီး မုန့်သားကျက်မကျက်စစ်ကြည့်ပါ။မုန့်သားကျက်ပြီဆိုရင်ထုတ်ယူအအေးခံ၍ လိုသလိုလှီးဖြတ်ပြီးသုံးဆောင်နိုင်ပါပြီ ။
Read 2350 times