Shopping & Promos

Where is the best to buy meat, fish and vegetables online?

Where is the best to buy meat, fish and vegetables online?

အခုလို ကိုဗစ်ဖြစ်ပွားနေတဲ့ကာလမှာ စျေးကိုသွားပြီး ဟင်းချက်ဖို့ သွားဝယ်ရတာ စိတ်မချရပါဘူး။အိမ်မှာနေပြီး လိုအပ်တဲ့ အသားငါးတွေ၊ ဟင်းသီးဟင်းရွက်တွေကို အွန်လိုင်းကနေတစ်ဆင့် မှာကြားလို့ရနေပါပြီ။  ဒီအထဲမှာမှ ဘယ်ကမှာလို့ အကောင်းဆုံးလဲဆိုတာကို ပြောပြပေးသွားမှာပါ။ 

CityMall Online 

သူက App မရှိပေမယ့် Facebook Page နဲ့ Website ကနေ အလွယ်တကူ မှာယူနိုင်မှာပဲ ဖြစ်ပါတယ်။ ၆၉၅၀ ကျပ်တန်ဖိုးရှိတဲ့ ပစ္စည်းဝယ်ယူရင် Free Delivery နဲ့ပို့ပေးမှာဖြစ်ပြီး အဲ့ထက်နည်းရင်တော့ Delivery Charge ပေးရမှာပဲ ဖြစ်ပါတယ်။ 

Zay Chin Mart 

သူကတော့ App ရှိသလို Website လည်းရှိပါတယ်။ အသားငါး၊ဟင်းသီးဟင်းရွက်တွေ ဝယ်ရင် အိမ်တိုင်ရာရောက် Delivery Free နဲ့ပို့ပေးမှာပဲ ဖြစ်ပါတယ်။ 

Farm Shop 

သူကလည်း App ကနေတစ်ဆင့် လွယ်လွယ်ကူကူ မှာလို့ရပါတယ်။ မနက် (၁၀) ကနေ ည (၁၀) ထိမှာယူလို့ရပြီး ကိုယ်မှာထားတဲ့ ပစ္စည်းတွေကို နောက်နေ့ညနေ (၃) နာရီနောက်ဆုံးထားပြီး လာရောက်ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ 

One Stop Mart Online Shopping 

နာမည်ကြီး 1 Stop Mart Convenience Store ကနေ ကိုယ်မှာတဲ့ပစ္စည်းတွေကို လိုက်ပို့ပေးတာဖြစ်ပြီး လူသုံးကုန် ပစ္စည်းတွေ စားသောက်ဖွယ်ရာတွေကို မှာယူနိုင်မှာပါ။ ၅၀၀၀ ကျပ်နဲ့အထက်ကိုတော့ ပို့ဆောင်ခ အခမဲ့နဲ့ ပို့ပေးမှာဖြစ်ပါတယ်။ 

Food2U 

သူကတော့ Foodpanda လိုမျိုး အအေးတွေ ပီဇာတွေ အစရှိတာတွေကို မှာယူနိုင်မယ့်အပြင် အသားငါးတွေလည်း မှာယူလို့ရနိုင်မှာ ဖြစ်ပါတယ်။ 

ဒီ Delivery Service တွေကစိတ်ချရတဲ့အပြင် မြန်မြန်ဆန်ဆန်နဲ့ လာပို့ပေးမှာဖြစ်လို့ အခုလိုအချိန်မှာ သိထားသင့်ပါတယ်။ 

⇐ Previous Next

Read 2499 times