Things To Do

How To Apply Internship

How To Apply Internship

ကျောင်းနားထားလို့ပဲဖြစ်စေ ကျောင်းပြီးသွားလို့ အတွေ့အကြုံ လိုချင်လို့ပဲဖြစ်စေ Intern လျောက်တတ်ကြပါတယ်။ Intern လျောက်တာကောင်းတယ်ဆိုပေမယ့် ကိုယ်လျောက်တဲ့ အလုပ်ရအောင် သတိပြုရမယ့် အချက်လေးတွေတော့ ရှိပါတယ်။

Internship လျှောက်ရာမှာ ပထမဆုံးအဆင့်အနေနှင့် email ပို့ရပါတယ်။ပို့တဲ့ email မှာ

Subject

Cover Letter

CV/ Resume ပါဖို့လိုပါတယ်။

 

Subject

Email တစ်ခုဝင်လာရင် ပထမဆုံးတွေ့ရတာ Subject ပါ။ Subject မပါတဲ့ သို့မဟုတ် Subject မှာ name နဲ့ CV လို့ ပဲပါတဲ့ အခါ လက်ခံရရှိသူ အနေနှင့် ကိုယ့်ကို impression ကျစေပါတယ်။

 

Cover Letter

ဒုတိယမြောက်အရေးကြီးတာက Cover Letter ပါ။ ကိုယ် ဒီကုမ္ပဏီကို ဘာလို့စိတ်ဝင်စားတယ်။ ဒီအလုပ်က ကိုယ်နဲ့ဘာလို့ကိုက်ညီတယ်။ ကိုယ့်ကို ဘယ်လို ဆက်သွယ်နိုင်ပါတယ် ... အစရှိသဖြင့် လက်ခံရရှိသူ ကိုယ့်ကို သဘောကျအောင် attention ရအောင်ရေးဖို့လိုပါတယ်။

Email Body မှာစာပိုဒ်တိုတိုနဲ့ 

  • ကိုယ့်အကြောင်း (Intro)
  • ဒီအလုပ်ကို ဘာကြောင့် သဘောကျတယ်၊ ကိုယ့်စိတ်ဝင်စားမှု အားသာချက်နဲ့ ကိုက်ညီကြောင်း
  • ကိုယ့်ကို နောက်ဘယ်ကနေဆက်သွယ်နိုင်တယ် (ဖုန်းနံပါတ်၊ email)၊ reply ကို စောင့်ပါ့မယ် ကျေးဇူးတင်ပါတယ် အစသဖြင့် အဆုံးသတ်လေးထည့်လိုက်ပါ။

CV/ Resume

Internship လျှောက်ဖို့ CV ရေးရမယ်ဆိုရင် ကိုယ်ပါဝင်ခဲ့တဲ့ volunteer project တွေ၊ ကျောင်းတွင်း activities တွေ၊ ရဖူးတဲ့ achievement တွေ၊ Private University တက်ခဲ့တယ်ဆိုရင်လည်း အဲ့မှာလုပ်ဖူးခဲ့တဲ့ Project တွေ ထည့်ရေးနိုင်ပါတယ်။ အရင်က အလုပ်သင် ဆင်ဘူးရင်လည်း ထည့်ရေးပါ။ အိမ်က စီးပွားရေး ကူဘူးတယ်ဆိုလည်းထည့်ရေးပါ။

တစ်ခု သတိပေးချင်တာက ဒီက Internship အများစုက လခမရတတ်ကြပါဘူး။ ရရင်လည်း သွားလာစရိတ်လောက်ပဲ ရတတ်ကြတာမို့လို့ ကိုယ်ရမယ့် အတွေ့အကြုံတွေကို အမြတ်လို့ သဘောထားစေချင်ပါတယ်။ ကဲဒီလိုဆိုရင်တော့ Internship တစ်ခု ဘယ်လိုလျောက်ရလဲဆိုတာ သိသွားလောက်ပြီလို့ထင်ပါတယ်။

⇐ Previous Next

Read 1497 times