Food & Drink

Four popular Hotpot you have to know

 Four popular Hotpot you have  to know

ဟော့ပေါ့ဆိုတာ အခုခေတ်မှာ လူတိုင်းကြိုက်နှစ်သက်တဲ့ အစားအစာ ဖြစ်လို့နေပါပြီ။ ဟော့ပေါ့ရဲ့ အစက တရုတ်ပြည်ဖြစ်ပေမယ့် ကမ္ဘာတစ်လွှားမှာလည်း ကိုယ်ပိုင်ပုံစံနဲ့ ဟော့ပေါ့တွေရှိလာနေပါပြီ။ ဒီထဲကမှ နာမည်ကြီး ဟော့ပေါ့တွေအကြောင်း ပြောပြပေးသွားမှာပါ။ 

Beijing Style Hotpot 

တရုတ်ပြည် မြောက်ပိုင်းရဲ့ နာမည်ကြီး ဟော့ပေါ့တစ်မျိုးဖြစ်ပြီး အဓိက ပါဝင်ပစ္စည်းကတော့ အသားနဲ့ အရွက်တွေပဲ ဖြစ်ပါတယ်။ပါဝင်ပစ္စည်းကို အရိုးပြုတ်ရည်ထဲ ထည့်ပြီး ဟင်းခတ်တွေနဲ့ စားတတ်ကြပါတယ်။

 

Chongqing Hotpot  

ချောင်ကျွင်းမြို့ကို တရုတ်ပြည်ရဲ့ ဟော့ပေါ့မြို့တော်လို့ ခေါ်ကြတာ အကြောင်းရှိပါတယ်။ ဘာလို့လဲဆိုတော့ ချောင်ကျွင်းက ဆိုင် (၁၀) ဆိုင်မှာ ဟော့ပေါ့ဆိုင်က (၈) ဆိုင်လောက်ထိ ရှိတတ်လို့ပါပဲ။ လေးလေးပင်ပင်ရှိလှပြီး မာလာအရသာရှိတဲ့ ခပ်စပ်စပ် အသားပြုတ်ရည်ဟာ ဒီဟော့ပေါ့ နာမည်ကြီးတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ 

Yunnan Hotpot 

ယူနန်ဟော့ပေါ့ဆိုတာ ဒီကသူတွေအတွက်တော့ သိပ်မစိမ်းလှပါဘူး။ အသားတစ်လွှာ အရွက်တစ်လွှာ ပိန်းဥ ကန်းစွန်းဥ တစ်လွှာ အစရှိသဖြင့် အလွှာလိုက် စီစီရီရီထည့်ထားတဲ့ ဟော့ပေါ့ပါ။  တခြား ဟော့ပေါ့တွေနဲ့ မတူပဲ ထူးခြားတာမို့လို့ စားကြည့်သင့်ပါတယ်။ 

Shabu Shabu 

ဒီဟော့ပေါ့ကတော့ တရုတ်ကမဟုတ်ပဲ ဂျပန်က ဟော့ပေါ့ပါ။ အသားတွေကို ဟင်းရည်ထဲ ထည့်လိုက်တဲ့အခါ ထွက်လာတဲ့အသံကို ယူပြီးနာမည်ပေးထားတာလို့ ဆိုပါတယ်။ ဒီဟော့ပေါ့ကတော့ ကျွန်တော်တို့ အစားများတဲ့ ဟော့ပေါ့ပါ။ အသားပြုတ်ရည်ထဲကို အသားတွေ အရွက်တွေ ကိုယ်ကြိုက်တတ်တဲ့ အမယ်တွေထည့်ပြီးစားကြတာမျိုးပါ။ 

ဒီဟော့ပေါ့တွေကတော့ ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များ နာမည်ကြီးကြတဲ့ ဟော့ပေါ့တွေပဲ ဖြစ်ပါတယ်။ `

⇐ Previous Next

Read 2551 times