Things To Do

Yangon Pet Expo 2023

Yangon Pet Expo 2023

အိမ်မှာ တိလေးတွေ မွေးထားတယ်ဆိုရင် ဟူးမန်းဖေဖေ၊ မေမေတို့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်တွေနဲ့ ကျင်းပပြုလုပ်မယ့် Yangon Pet Expo 2023 ပွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Yangon Pet Expo 2023 ပွဲလေးက ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပမယ့် တိလေးတွေအတွက် ရည်ရွယ်တဲ့ ပွဲဖြစ်ပါတယ်။ ဒီပွဲကို IMS International Professional Trade Organizer ကုမ္ပဏီနဲ့ ငွေပင်လယ်ဂျာနယ်တို့မှ ကြီးမှူးကျင်းပပေးသွားမှာဖြစ်ပြီး ပွဲကို အဓိက ပံ့ပိုးကူညီပေးထားတာကတော့ Myanmar Kennel Club နဲ့ Myanmar Breeder Association တို့က ဖြစ်ပါတယ်။

Yangon Pet Expo 2023 ပွဲကို အင်းယားလိတ်ဟိုတယ်ဝင်းအတွင်းမှာ ရှိတဲ့ ရန်ကုန်ကွန်ဗန်းရှင်းစင်တာ - Yangon Convention Center - YCC မှာ မေလ (၂၆) ရက်နေ့မှ (၂၈) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပြီး ပွဲအချိန်ကတော့ မနက် (၁၀) နာရီကနေ ညနေ (၆) နာရီအထိ ဖြစ်ပါတယ်။

ဒီပြပွဲလေးမှာ ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်တွေ ပါဝင်မှာလဲဆိုရင် အိမ်မွေးတိလေးတွေအတွက် လိုအပ်တဲ့ အစာမျိုးစုံ၊ ဆေးဝါးမျိုးစုံ၊ အသုံးအဆောင်ပစ္စည်း၊ အင်္ကျီ၊ အိပ်ရာ၊ လှောင်အိမ်၊ တွန်းလှည်း၊ ကစားစရာ၊ အစာခွက်၊ ရေခွက် စတဲ့ နိုင်ငံအစုံ၊ ဘရန်းအစုံက ပစ္စည်းအစုံအလင်ကို တစ်နေရာတည်းမှာ အထူးလျှော့စျေးတွေနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 

Advertisement

Click Here > AM Trading

ဒါတင်မကသေး Myanmar Kennel Club နဲ့ Myanmar Breeder Association တို့မှ ပညာရှင်တွေ ဦးဆောင်ပြုလုပ်မယ့် Talk Show အစီအစဉ်နဲ့ Pet Grooming လက်တွေ့ပြသမှုကိုလည်း လေ့လာလို့ရပါသေးတယ်။

နောက်ထပ်အစီအစဉ်ကောင်းတစ်ခုအနေနဲ့ သဘာ၀ငှက်သိုက်ကနေ အပိုဝင်ငွေ ရှာချင်တဲ့ စွန့်ဦးလုပ်ငန်းရှင်တွေ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း  အထူးအခွင့်အရေးအဖြစ် ဝါရင့်ပညာရှင် ဆရာ Dr.တင့်ဆွေ (BVS) မှ ဇီဝဇိုးငှက်မွေးမြူခြင်းနဲ့ ငှက်သိုက်လုပ်ငန်းအကြောင်းကို အသေးစိတ်တင်ပြ ဟောပြောဆွေးနွေးသွားဖို့ ရှိပါတယ်။

ဒါ့အပြင် ပွဲကို တက်ရောက်သူတွေအနေနဲ့ စိတ်အပန်းဖြေလို့ရအောင် Agri Tech Myanmar ရဲ့ Food & Beverage Myanmar စားသောက်ကုန်ပြပွဲကြီးမှာ နာမည်ကြီး စားဖိုမှူးတွေကိုယ်တိုင် ချက်ပြုတ်မှုကို လက်တွေ့ ကြည့်ရှုခံစားရမဲ့ Live Food Demonstration အစီအစဉ်လေး ပါသေးတဲ့အပြင် Food Court လည်း ရှိတာမို့ စားသောက်ရင်း အပန်းဖြေလို့ ရပါတယ်။

ကိုယ့်ရဲ့ အိမ်မွေးတိလေးတွေနဲ့အတူ စျေးဝယ်ထွက်ရင်း စိတ်အပန်းဖြေလို့ရမယ့်အပြင် ဗဟုသုတလည်း ရရှိဦးမှာဖြစ်တဲ့ Yangon Pet Expo 2023 ပွဲအကြောင်းကို အသေးစိတ်သိချင်တာမျိုးရှိရင် 09443059422 နဲ့ 0943125185 ကို ဆက်သွယ်စုံစမ်းမေမြန်းနိုင်ပါတယ်။

ပြပွဲနေ့ရက် - မေလ (၂၆) မှ (၂၈) ရက်နေ့အထိ

ပြပွဲအချိန် - မနက် (၁၀) နာရီမှ ညနေ (၆) နာရီအထိ

ပြပွဲနေရာ - Yangon Convention Center - YCC (ရန်ကုန်ကွန်ဗန်းရှင်းစင်တာ)၊ ကမ္ဘာအေးဘုရားလမ်း၊ ၁၀၆ မှတ်တိုင်အနီး။

 

⇐ Previous Next

Read 747 times