Things To Do

YBS Directory During Thingyan Festival

YBS Directory During Thingyan Festival

ရန်ကုန်မြို့တွင် လာမည့် သင်္ကြန်ပိတ်ရက်အတွင်း ပြေးဆွဲမည့် ကားလိုင်း၊ မီးရထားခရီးစဉ်များနှင့် ရပ်နားမည့် ကားလိုင်း၊ မီးရထားခရီးစဉ်များ အပါအဝင် အခေါက်ရေလျှော့ပြီး ပြေးဆွဲမည့် ရေကြောင်းခရီးစဉ်များကို စုစည်း ဖော်ပြပေးလိုက်ပါသည်။

သင်္ကြန်ရက် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း ပြေးဆွဲမည့် YBS ယာဉ်လိုင်းများ

=============================

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT)

၄၊ ၈၊ ၁၀၊ ၁၁၊ ၁၇၊ ၂၉၊ ၄၀၊ ၅၉၊ ၈၄၊ ၁၁၁

Yangon Bus Public Co.,Ltd

၃၇၊ ၈၇၊ ၈၉

ခေတ်သစ်ဘုရင့်နောင် အများနှင့်သက်ဆိုင်သော ကုမ္မဏီလီမိတက်

၁၅၊ ၂၁၊ ၃၅၊ ၅၂၊ ၅၃၊ ၅၄၊ ၆၁၊ ၆၈၊ ၆၉၊ ၇၅

ကုန်းဘောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၃၁

အမြင့်မြတ်ဆုံးအင်အား အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

၆၊ ၄၆၊ ၉၂

ရွှေလမ်းခင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၄၀

GYCT Public Co.,Ltd

၁၊ ၉၊ ၁၆၊ ၁၉၊ ၂၃၊ ၅၇၊ ၆၀၊ ၁၀၀၊ ၁၀၃၊ ၁၁၉

Rapid City Bus Transportation Co.,Ltd

၄၄၊ ၆၆၊ ၆၇၊ ၇၁၊ ၇၄၊ ၇၇၊ ၇၉၊ ၉၁

Trans Link Public Co.,Ltd

၂၇၊ ၇၆၊ ၇၉၊ ၈၁၊ ၁၂၀

City Liner Bus Public Co.,Ltd

၈၆

ရွှေပြည်သာသား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၄၂၊ ၆၅

Transport Star Public Co.,Ltd

၂၂၊ ၁၂၆

Thet Yin Aung Transport Public Co.Ltd

၃၃၊ ၆၃

ရွှေတောင်ပိုင်း သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၅၊ ၃၄၊ ၇၀

၃၃၊ ၉၅ ( ဧပြီ ၁၃ တစ်ရက်ထဲသာ ) 

ရန်ကုန်မြောက်ပိုင်း တိုက်ကြီးသား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၁၂၃ 

၉၀၊ ၁၂၄ ( ဧပြီ ၁၃ တစ်ရက်ထဲသာ ) 

စံဝေလ အများနှင့် သက်ဆိုင်သော ကုမ္မဏီလီမိတက်

၂၃ တွံတေး-ဒလ 

တွံတေး-အနောက်ပိုင်းတက္ကသိုလ် ( ဧပြီ ၁၃ တစ်ရက်ထဲသာ ) 

Advertisement

Click Here > Dong Peng Plastic

သင်္ကြန်ရက် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း ရပ်နားမည့် YBS ယာဉ်လိုင်းများ

=============================

ဗန္ဓုလအများပိုင် ကုမ္ပဏီလီမိတက် (YBS)

၁၂၊ ၁၃၊ ၁၄၊ ၂၅၊ ၃၀၊ ၃၈၊ ၅၅၊ ၁၁၇၊ ၁၂၈

Omni Focus General Service Public Co.,Ltd

၂၀၊ ၅၆၊ ၈၂၊ ၈၃၊ ၉၈၊ ၉၉၊ ၁၀၁

လူထုမိတ်ဆွေ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမီတက်

၃၂၊ ၇၈၊ ၉၃၊ ၉၄၊ ၉၇၊ ၁၁၈

Power Eleven Public Co.,Ltd

၂၁၊ ၃၉၊ ၄၁

အထက်ပါ ကားလိုင်းများသည် သင်္ကြန်ရက် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အတွင်းသာ ရပ်နားမည် ဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်း (၁) ရက်နေ့တွင် ယာဉ်လိုင်းများအားလုံး ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲမည် ဖြစ်သည်။

 

သင်္ကြန်ရက်အတွင်း ပြေးဆွဲ/ ရပ်နားမည့် ရထားခရီးစဉ်များ

=============================

မြန်မာ့မီးရထားအနေဖြင့်လည်း သင်္ကြန်ရက်များဖြစ်သည့် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း အမြန်ရထားခရီးစဉ်တချို့ကို ခေတ္တရပ်နားကာ ဧပြီလ ၇၊ ၈၊ ၉၊ ၁၇၊ ၁၈ ရက်နေ့များတွင် သင်္ကြန်အထူးရထား ခရီးစဉ်များကို အောက်ပါအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ဧပြီ ၇ ရက်

======

ရန်ကုန်-မန္တလေး

မန္တလေး-ရန်ကုန်

နေပြည်တော်-ရန်ကုန် 

ဧပြီ ၈ ရက်

======

ရန်ကုန်-မန္တလေး

မန္တလေး-ရန်ကုန် 

ရန်ကုန်-မော်လမြိုင်

မော်လမြိုင်-ရန်ကုန် 

ရန်ကုန်-ပြည်

ပြည်-ရန်ကုန် 

ဧပြီ ၁၇ ရက်

======

ရန်ကုန်-မန္တလေး

မန္တလေး-ရန်ကုန်

ရန်ကုန်-နေပြည်တော် 

ရန်ကုန်-မော်လမြိုင်

မော်လမြိုင်-ရန်ကုန် 

ရန်ကုန်-ပြည်

ပြည်-ရန်ကုန် 

ဖော်ပြပါ ရက်များအပြင် ခရီးသွားပြည်သူများ လိုက်ပါ စီးနင်းမှုပေါ် မူတည်ပြီး လိုအပ်ပါက ဧပြီလ ၉ ရက်နှင့် ဧပြီလ ၁၈ ရက်တို့တွင်ပါ သင်္ကြန်အထူးရထားများကို ထပ်တိုး ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ရထားအထက်တန်းလက်မှတ်များအား သုံးရက် ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက် ကြိုတင်၍လည်းကောင်း လူကိုယ်တိုင် သွားရောက် ဝယ်ယူနိုင်ပါသည်။

ပန်းဆိုးတန်း-ဒလ ချယ်ရီသင်္ဘောများ ပြေးဆွဲမှု

=======================

ရေကြောင်းခရီးစဉ်အနေဖြင့် ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေသည့် ချယ်ရီသင်္ဘောများကို ပုံမှန် တစ်ရက်လျှင် အသွားအပြန် ခေါက်ရေ ၄၀ ပြေးဆွဲပေးနေရာမှ သင်္ကြန်ကာလ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှ ဧပြီ ၁၇ ရက်နေ့ နှစ်ဆန်း (၁) ရက်နေ့အထိ အသွားအပြန် ခေါက်ရေ ၂၀ အထိ ခေါက်ရေလျှော့၍ ပြေးဆွဲမည် ဖြစ်သည်။

Photos Credit To Owner

Next

Read 4248 times