Health & Beauty

10 Best Air Purifying Plants

10 Best Air Purifying Plants

တချို့လူတွေက အပင်တွေကို “လာဘ်ဝင်စေတဲ့ အပင်”၊ “ကျန်းမာရေး ကောင်းစေတဲ့အပင်” ၊ “အောင်မြင်မှုကို ယူဆောင်ပေးတဲ့အပင်” စသဖြင့် ကိုယ်လိုချင်တဲ့ပေါ် မူတည်ပြီး ရွေးစိုက်လေ့ရှိကြပါတယ်။ 

အပင်တွေဆိုတာ ကာဗွန်ဒိုင်အောက်ဆိုက်ကို ရှူပြီး အောက်ဆီဂျင်ကို ထုတ်ပေးလို့ အိမ်တွင်းမှာ အပင်လေးတွေ စိုက်ထားတာက အောက်ဆီဂျင်ပမာဏကို တိုးစေတဲ့အတွက် အသက်ရှူ၀စေပါတယ်။

အိမ်တွင်း၊ အခန်းတွင်း၊ ရုံးတွင်း ဘယ်မှာဖြစ်ဖြစ် အပင်လေးတွေ အလှစိုက်ထားမယ်ဆိုရင် မျက်စိအေးပြီး စိတ်ကြည်လင်စေပါတယ်။ 

အိမ်တွင်းလေထုကို သန်စင်ပေးတဲ့အပြင် စိုက်ပျိုးပြုစုရတာလည်း လွယ်ကူပြီး အလုပ်မရှုပ်တဲ့ အလှစိုက်အပင် (၁၀) မျိုးကို ပြောပြပေးချင်ပါတယ်။

Click Here >> Bawgawdi

၁။ ပင့်ကူဂမုန်း (Spider Plant)

ပင့်ကူဂမုန်းက အလင်းရောင် လိုအပ်ပေမယ့် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှု မရလည်း ရှင်သန်နိုင်ပါတယ်။ ပြတင်းပေါက်ဘေးမှာ ထားပေးထားရင် ရပါပြီ။ လေထုထဲက ဖော်မယ်ဒီဟိုက်နဲ့ ဇိုင်လင်းတို့လို လူကို ထိခိုက်စေနိုင်တဲ့ ဓာတ်ငွေ့တွေကို ဖယ်ရှားပေးပြီး လေထုထဲက အောက်စီဂျင်ကို သန့်စင်ပေးပါတယ်။

၂။ နဂါးစက်ပင် (Snake Plant)

နဂါးစက်ပင်ဟာ ဘန်ဇင်းဓာတ်ငွေ့နဲ့ ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့အပြင် တခြားမကောင်းတဲ့ ဓာတုဓာတ်ငွေတွေကို စစ်ထုတ်ပေးပါတယ်။ တိုက်ခန်း၊ ရုံးခန်း၊ အိပ်ခန်းတွေမှာ ထားသင့်တဲ့ အပင်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဂရုစိုက်မှုသိပ်မလိုတဲ့ အပင်ဖြစ်ပြီး နေရောင်တိုက်ရိုက်မရတဲ့ နေရာမှာတောင် ရှင်သန်နိုင်ပါတယ်။ အရွက်ပိုင်းလေးကနေ အလွယ်တကူ မျိုးပွားလို့လည်း ရပါတယ်။ 

၃။ ပိန်းပန်း (Peace Lily)

လေထုကို သန့်စင်ပေးတယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ အိမ်တွင်း အလှစိုက်ပင်တွေထဲ နာမည်ကြီးပါတယ်။ ဘန်ဇင်း၊ ဖော်မယ်ဒီဟိုက်၊ တော်လူအင်း၊ ကာဗွန်မိုနောက်ဆိုဒ်နဲ့ ဇိုင်လင်းတို့လို ဓာတ်ငွေ့တွေကို ဖယ်ရှားပေးပါတယ်။ ဒီပိန်းပန်းပင်လေးက အခန်းတွင်းရဲ့ စိုထိုင်းစကို ၅ ရာခိုင်နှုန်း တိုးစေပါတယ်။ ဒါက အိပ်ပျော်နေတဲ့အချိန် ကောင်းမွန်တဲ့ အသက်ရှုနှုန်းကို ရဖို့အတွက် အများကြီး အထောက်အကူပြုစေပါတယ်။ စိုက်ပျိုးပြုစုမှုကလည်း တိုက်ရိုက်နေရောင် မရရင်တောင် အဆင်ပြေပါတယ်။ အမြဲ ရေလောင်းပေးစရာ မလိုသလို အိုးထဲက မြေခြောက်မှသာ ရေလောင်းပေးရုံပါပဲ။

၄။ ရာဘာပင် (Rubber Plant)

ရာဘာပင်ဟာ လေထုထဲက အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို စုပ်ယူပေးပါတယ်။ ရွက်လှပင်မို့ အရွက်တွေကို ရေစိုဝတ်နဲ့ သုတ်ပေးရင် အရွက်အလှ ပိုပေါ်လွင်ပါတယ်။ အပင်ရှင်သန်ဖို့အတွက် နေရောင်လိုသလို လွတ်လွတ်လပ်လပ် ကြီးထွား ရှင်သန်နိုင်ဖို့ နေရာနည်းနည်းတော့ ပေးရပါမယ်။

၅။ ပတ္တမြားပလ္လင် (Red Aglaonema)

ပတ္တမြားပလ္လင်အပင်ကို အလင်းရောင်ရပြီး လေဝင်လေထွက် ကောင်းတဲ့နေရာမှာ ထားပေးပါ။ အရွက်တွေက နုလို့ နေရောင်ခြည်နဲ့ အချိန်ကြာကြီး ထိတွေ့မိရင် နေလောင်တတ်ပါတယ်။ ဒီအပင်ဟာ လေထုထဲမှာ ရှိနေတဲ့ ဓာတ်ငွေ့အဆိပ်အတောက်တွေကို စုပ်ယူပေးပြီး ပတ်ဝန်းကျင်က လေထုကို သန့်စင်စေပါတယ်။

၆။ ညောင်လန်းပင် (The Weeping Fig)

ဒီအပင်လေးက လေထုထဲက ဖော်မယ်ဒီဟိုက်၊ ဇိုင်လင်း၊ တော်လူအင်းတို့လို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အိမ်တွင်းမှာ ဒီအပင်လေးတွေကို စိုက်ထားမယ်ဆိုရင် လေထဲမှာ ပါဝင်တဲ့ အသက်ရှုသွင်းလိုက်တဲ့ အောက်ဆီဂျင်အရည်အသွေးက ကောင်းမွန်သန့်စင်နေမှာပါ။

၇။ ရှားစောင်းလက်ပတ် (Aloe Vera)

ရှားစောင်းလက်ပတ်ပင်ဟာ အသားအရေ ထိန်းသိမ်းဖို့အတွက် အကောင်းဆုံး အပင်တစ်မျိုးဖြစ်သလို တခြားဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။  ရှားစောင်းလက်ပက်ပင်ဟာ လေထုထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သန့်စင်တဲ့ အောက်စီဂျင်ကို ထုတ်လွှတ်ပေးပါတယ်။ ညဘက်တွေ ကောင်းကောင်းအိပ်မပျော်ရင် ရှားစောင်ပင်ကို အိပ်ခန်းထဲ ထည့်စိုက်ထားသင့်ပါတယ်။ ရေအမြဲ လောင်းပေးနေစရာ မလိုသလို၊ ခြောက်ခြောက်သွေ့သွေ့ အခြေအနေက ရှားစောင်းပင်ကြီးထွားဖို့ အကောင်းဆုံးပါ။ မြေလုံးဝခြောက်နေပြီဆိုမှသာ ရေလောင်းပေးရပါတယ်။

၈။ ရွှေလာငွေလာ ဂမုန်း (Pothos Plant)

ဒီအပင်လေးက နာမည်နဲ့ လိုက်အောင် လာဘ်လာဘ ပွင့်စေသလို လေထုကိုလည်း သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။ သူက လေထုထဲမှာ ရှိတဲ့ အဆိပ်ဓာတ်ငွေ့တွေကို စုပ်ယူပေးပြီး ကောင်းမွန်တဲ့ အောက်ဆီဂျင်ကို ပြန်လည် ထုတ်လွှတ်ပေးတဲ့ အပင်လေးလည်းဖြစ်ပါတယ်။

၉။ အုန်းပွားပင် (Areca Palm)

မြန်မာနိုင်ငံမှာတော့ ဒီအပင်ကို တချို့က အုန်းပွားပင်လို့ ခေါ်ကြပြီး တစ်ချို့ကလည်း အလှစိုက်အုန်းလို့ ခေါ်ပါတယ်။ အိမ်ခန်း၊ ရုံးခန်းတွေမှာ အလှဆင်ဖို့နဲ့ လေထုကို သန့်စင်ဖို့အတွက် စိုက်ပျိုးကြပါတယ်။ ဒါ့အပြင် ဒီအပင်လေးတွေက လူကို ထိခိုက်စေနိုင်တဲ့  ဘန်ဇင်းနဲ့ ဖော်မယ်ဒီဟိုက်တို့လို အဆိပ်အတောက် ဓာတ်ငွေ့တွေကို စုပ်ယူပြီး ဦးနှောက်နဲ့ အာရုံကြောစနစ်တွေကိုလည်း အားဖြည့်ပေးနိုင်တယ်လို့ သိရပါတယ်။ နှာစေး၊ နှာခေါင်းပိတ်နေတဲ့ ဝေဒနာ ခံစားနေရတဲ့ လူတွေအတွက် အထူးသင့်တော်တဲ့ အပင်ဖြစ်ပါတယ်။

၁၀။ ပင်စိမ်း (Tulsi)

ပင်စိမ်းအနွယ်ဝင်တစ်မျိုးဖြစ်တဲ့ ဒီအပင်က တစ်နေ့ကို နာရီ (၂၀) လောက် အောက်ဆီဂျင် ထုတ်လွှတ်ပေးတဲ့ အပင်ဖြစ်ပါတယ်။ လေထုထဲက ကာဗွန်မိုနောက်ဆိုဒ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်တို့လို အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေကိုလည်း စုပ်ယူပေးပါတယ်။ နောက်ပြီး သူ့ဆီကထွက်တဲ့ အနံ့တစ်မျိုးကြောင့် စိုးရိမ်ပူပန်မှုတွေကို ပြေလျော့စေနိုင်ပါတယ်။ ပင်စိမ်းပင်ကို အိမ်မှာ စိုက်မယ်ဆိုရင် ကိုယ့်အိမ်ကို ကျရောက်မယ့် မကောင်းတဲ့ ရန်တွေကနေ ကာကွယ်ပေးနိုင်သလို ကံကောင်းခြင်းတွေကိုလည်း ဆောင်ကျဉ်းပေးနိုင်တယ်ဆိုတဲ့ အယူအဆမျိုးတွေလည်း ရှိပါတယ်။

အိမ်တွင်း အလှစိုက်အပင်လေးတွေ စိုက်ချင်ရင် Indoor Plants အရောင်းဆိုင်တွေကို ရန်ကုန်လမ်းညွှန်ဝဘ်ဆိုက်မှာ သက်ဆိုင်ရာမြို့နယ်အလိုက် အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။

>> https://www.yangondirectory.com

>> https://bit.ly/3kAh3vE (၁၃၉ ဆိုင်)

⇐ Previous Next

Read 1097 times