Things To Do

117th Anniversary Of Yangon Zoological Gardens

117th Anniversary Of Yangon Zoological Gardens

ရန်ကုန်မြို့ရဲ့ သမိုင်းဝင် အထင်ကရ‌ နေရာတစ်ခုဖြစ်တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့မှာ ၁၁၇ နှစ် ပြည့်ပြီ ဖြစ်ပြီး ထိုနှစ်ပြည့်ပွဲကို ဇန်နဝါရီလ (၂၇) ရက်နေ့ကနေ (၂၉) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ပျော်ရွှင်စရာ အစီအစဉ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Click Herre >> Central Ko Soe Myint

ပွဲနေ့တွေမှာ ပြသတင်ဆက်သွားမယ့် အစီအစဉ်တွေကတော့ -  

  • တိရစ္ဆာန် အလှပြ အစီအစဉ်
  • မျက်လှည့် အစီအစဉ်
  • ချစ်စရာတိရိစ္ဆာန် အလိမ္မာလေးများနှင့်အတူ ဓာတ်ပုံရိုက်ကူးနိုင်မယ့် အစီအစဉ်
  • တေးဂီတနဲ့ ဖျော်ဖြေရေး အစီအစဉ်
  • ဂိမ်းအစီအစဥ်
  • လက်ဆောင်တွေ ရရှိမယ့် အမေးအဖြေကဏ္ဍတွေ ပါဝင်ပါတယ်။ ဒါ့အပြင် စျေးရောင်းပွဲတော်လည်း ရှိလို့ တိရစ္ဆာန်လေးတွေကို လျှောက်ကြည့် အစာကျွေးရင်း စျေးရောင်းပွဲတော်မှာလည်း ပါဝင်ဆင်နွှဲနိုင်ပါတယ်။ 

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဆိုတာ ကိုလိုနီခေတ်ကတည်းက ရှိခဲ့တဲ့ ရန်ကုန်မြို့ရဲ့ ရှေးအကျဆုံး အပန်းဖြေလည်ပတ်စရာ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို အများပြည်သူက ဝိုင်းဝန်း ထည့်ဝင်တဲ့ မြန်မာငွေ ၂၄၀,၀၀၀ ကျပ်နဲ့ ၁၉၀၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၁၉၀၆ ခုနှစ်မှာမှ ဝေလမင်းသားနှင့် မင်းသမီးတို့က ဖွင့်လှစ်ပေးခဲ့ပါတယ်။ 

ပထမက ဗစ်တိုးရီးယား ဘုရင်မကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ Victoria Memorial Park & Zoological Gardens လို့  အမည်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် လွတ်လပ်ရေးရပြီးချိန်မှာ Yangon Zoological Gardens အဖြစ် အမည် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ 

၁၉၉၀ ခုနှစ် နောက်ပိုင်းမှာ တိရစ္ဆာန်ဥယျာဉ်ဝင်းအတွင်း သဘာဝသမိုင်းပြတိုက်၊ ငါးပြတိုက်နဲ့ အပန်းဖြေဥယျာဉ်တို့ကို တိုးချဲ့ ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ဆင်ပြတိုက်ကို တိုးချဲ့ ဆောက်လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအစတွင် စတင် ဖွင့်လှစ်ပြသခဲ့ပါတယ်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို နေ့စဉ် မနက် (၈) နာရီမှ (၄) နာရီ အထိ ဖွင့်လှစ်ထားပြီး ဝင်ကြေးကတော့ လူကြီး (၂,၅၀၀) ကျပ်၊ ကလေး (၁,၅၀၀) ကျပ်လို့ သိရပါတယ်။ 

⇐ Previous Next

Read 814 times