Things To Do

Arriving 40 Electric Cars in Myanmar 2023

Arriving 40 Electric Cars in Myanmar 2023

ပထမအကြိမ်အဖြစ် Chin Dwin Shan Construction Co.,Ltd နှင့် NPK Motors Co.,Ltd တို့သည် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် လျှပ်စစ်ယာဉ် အစီး ၄၀ နှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်းသို့ တင်သွင်းခဲ့ကြသည်။ 

Click Here - Central Ko Soe Myint

ယခုရောက်ရှိလာသော လျှပ်စစ်ယာဉ်များမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် BYD အမျိုးအစား E2 Model ဖြစ်ပြီး လူစီးနှင့် တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲ အသုံးပြုမည့် လျှပ်စစ်သုံး ယာဉ်များဖြစ်ကြောင်း သိရသည်။ 

Chin Dwin Shan Construction Co., Ltd. မှ တင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ် အစီး ၃၀ နှင့် NPK Motors Co., Ltd. မှ လျှပ်စစ်သုံးယာဉ် ၁၀ စီး၊ စုစုပေါင်း အစီး ၄၀ မှ အများပြည်သူ အသုံးပြုနိုင်ရေးအတွက် လျှပ်စစ်တက္ကစီအဖြစ် Chin Dwin Shan Construction Co., Ltd. မှ ရန်ကုန်လေဆိပ်တွင် အခြေပြု၍ တက္ကစီ ၁၀ စီး ၊ NPK Motors Co., Ltd. မှ နေပြည်တော် သပြေကုန်းဈေးတွင် အခြေပြု၍ တက္ကစီ ၁၀ စီး ပြေးဆွဲကြမည်ဖြစ်ကြောင်း သိရသည်။

⇐ Previous Next

Read 1080 times