Things To Do

118 th Anniversary of Yangon Zoo 2024

118 th Anniversary of Yangon Zoo 2024

အရှေ့တောင်အာရှမှာ ရှိတဲ့ တိရစ္ဆာန်ဥယျာဉ်တွေထဲမှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဟာ သက်တမ်းအရှည်ကြာဆုံးနဲ့ ရှေးအကျဆုံးဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီလ (၂၅) ရက်နေ့မှာဆိုရင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ဟာ (၁၁၈) နှစ်တိုင်တိုင်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဇန်နဝါရီ (၂၅) ရက်နေ့ကနေ (၂၈) ရက်နေ့အထိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရဲ့ (၁၁၈) နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို တိရစ္ဆာန်ဥယျာဉ်အတွင်းမှာ ပျော်ရွှင်စရာ အစီအစဉ်များနဲ့အတူ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

(၄) ရက်တိုင် ကျင်းပသွားမယ့် ပွဲနေ့တွေမှာ -  

  • တိရစ္ဆာန်အလိမ္မာပြပွဲ
  • မျက်လှည့် အစီအစဉ်
  • တေးဂီတနဲ့ ဖျော်ဖြေရေး အစီအစဉ်
  • ချစ်စရာတိရစ္ဆာန်လိမ္မာလေးများနှင့်အတူ ဓာတ်ပုံရိုက်ကူးနိုင်မယ့် အစီအစဉ်
  • သားသားမီးမီးတို့အကြိုက် ဂိမ်းအစီအစဥ်
  • လက်ဆောင်များ ရယူနိုင်မယ့် အမေးအဖြေကဏ္ဍတွေအပြင်
  • လူသုံးကုန်ပစ္စည်းတွေနဲ့ အစားအသောက်ရောင်းချ‌ပေးမယ့် ဆိုင်ခန်းများစွာနဲ့ ဈေးရောင်းပွဲတော်လည်း ပါဝင်မှာ ဖြစ်ပါတယ်။ 

ကလေးဘဝက ပျော်ရွှင်လွမ်းမောစရာ အမှတ်တရတွေကို ပြန်လည်ခံစားနိုင်မယ့်အပြင် သားသားမီးမီးတွေကိုလည်း ပျော်ရွှင်စရာ အခိုက်အတန့်တွေ ဖန်တီးပေးနိုင်ပါတယ်။ 

ပွဲရက်နဲ့ ကျင်းပပြုလုပ်မယ့် အစီအစဉ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

ဇန်နဝါရီလ (၂၅) ရက်နေ့မှာ 

  • Muisc Band
  • Magic show 
  • Photo Session with Animals

ဇန်နဝါရီလ (၂၆) ရက်နေ့မှာ

  • Magic show
  • Animal Presentation 
  • Photo Session with Animals

ဇန်နဝါရီလ (၂၇) ရက်နေ့မှာ

  • Music Band & Dance Performance
  • Magic show
  • Photo Session with Animals
  • Game Activities 

ဇန်နဝါရီလ (၂၈) ရက်နေ့မှာ

  • Music Band & Dance Performance
  • Magic Show
  • Photo Session with Animals
  • Game Activities 

တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) ကို ကန်သာယာလမ်း (ဗဟန်း ၃ လမ်းမှတ်တိုင်အနီး) ဝင်ပေါက်မှ ဖြစ်စေ၊ ဗိုလ်မင်းရောင်လမ်း (ကျောက်တိုင်မှတ်တိုင်အနီး) ဝင်ပေါက်မှ ဖြစ်စေ သွားရောက်လည်ပတ်နိုင်ပါတယ်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ပိတ်ရက်မရှိ နေ့စဉ် မနက် (၈) နာရီကနေ ညနေ (၄) နာရီ အထိ ဖွင့်လှစ်ထားပြီး ဝင်ကြေးကတော့ လူကြီး (၂,၅၀၀) ကျပ်၊ ကလေး (၁,၅၀၀) ကျပ်လို့ သိရပါတယ်။ 

⇐ Previous Next

Read 540 times