အရှေ့တောင်အာရှမှာ ရှိတဲ့ တိရစ္ဆာန်ဥယျာဉ်တွေထဲမှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဟာ သက်တမ်းအရှည်ကြာဆုံးနဲ့ ရှေးအကျဆုံးဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီလ (၂၅) ရက်နေ့မှာဆိုရင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ဟာ (၁၁၈) နှစ်တိုင်တိုင်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဇန်နဝါရီ (၂၅) ရက်နေ့ကနေ (၂၈) ရက်နေ့အထိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရဲ့ (၁၁၈) နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို တိရစ္ဆာန်ဥယျာဉ်အတွင်းမှာ ပျော်ရွှင်စရာ အစီအစဉ်များနဲ့အတူ ကျင်းပသွားမှာ ဖြစ်ပါတယ်။
(၄) ရက်တိုင် ကျင်းပသွားမယ့် ပွဲနေ့တွေမှာ -
လက်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ နို့တိုက်သတ္တဝါမျိုးစိတ် ၄၉ မျိုး၊ အကောင်ရေ (၄၆၅) ကောင်၊ ကျေးငှက်မျိုးစိတ် (၆၈) မျိုး၊ အကောင်ရေ (၄၁၇) ကောင်၊ တွားသွားသတ္တဝါမျိုးစိတ် ၁၈ မျိုး၊ အကောင်ရေ (၁၈၃) ကောင်၊ စုစုပေါင်း ၁၃၅ မျိုးစိတ်နဲ့ အကောင်ရေ (၁၀၆၅) ကောင်တို့ကို မွေးမြူ ထိန်းသိမ်းစောင့်ရှောက် ပြသလျက် ရှိပါတယ်။
ကလေးဘဝက ပျော်ရွှင်လွမ်းမောစရာ အမှတ်တရတွေကို ပြန်လည်ခံစားနိုင်မယ့်အပြင် သားသားမီးမီးတွေကိုလည်း ပျော်ရွှင်စရာ အခိုက်အတန့်တွေ ဖန်တီးပေးနိုင်ပါတယ်။
ပွဲရက်နဲ့ ကျင်းပပြုလုပ်မယ့် အစီအစဉ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဇန်နဝါရီလ (၂၅) ရက်နေ့မှာ
ဇန်နဝါရီလ (၂၆) ရက်နေ့မှာ
ဇန်နဝါရီလ (၂၇) ရက်နေ့မှာ
ဇန်နဝါရီလ (၂၈) ရက်နေ့မှာ
တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) ကို ကန်သာယာလမ်း (ဗဟန်း ၃ လမ်းမှတ်တိုင်အနီး) ဝင်ပေါက်မှ ဖြစ်စေ၊ ဗိုလ်မင်းရောင်လမ်း (ကျောက်တိုင်မှတ်တိုင်အနီး) ဝင်ပေါက်မှ ဖြစ်စေ သွားရောက်လည်ပတ်နိုင်ပါတယ်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ပိတ်ရက်မရှိ နေ့စဉ် မနက် (၈) နာရီကနေ ညနေ (၄) နာရီ အထိ ဖွင့်လှစ်ထားပြီး ဝင်ကြေးကတော့ လူကြီး (၂,၅၀၀) ကျပ်၊ ကလေး (၁,၅၀၀) ကျပ်လို့ သိရပါတယ်။
Read 820 times