Things To Do

Passport လျှောက်တဲ့အခါ လုပ်ဆောင်ရမည့် အချက်များ

Applying For Myanmar Passport

လူအပင်ပန်းခံနိုင်ပြီး ကုန်ကျစရိတ် သက်သာချင်တယ်ဆိုရင် Passport ကို ပွဲစားတွေ အကူအညီမပါဘဲ ကိုယ်တိုင်လျှောက်ထားဖို့ အကြံပြုချင်ပါတယ်။ ရန်ကုန်ရုံးမှာ Passport PJ/ PV/ PE/ PS တို့ကို  အသစ်လျှောက်ချင်ရင်ဖြစ်ဖြစ် သက်တမ်းတိုးချင်ရင်ဖြစ်ဖြစ် အဆင့်ဆင့် လုပ်ဆောင်ရမယ့် အချက်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁။ အရင်ဆုံး Passport ရုံးထဲကို ဝင်ဖို့ Online Booking လျှောက်ထားရန် လိုအပ်ပါတယ်။ အသစ်လျှောက်၊ သက်တမ်းတိုး၊ အပျောက်လျှောက် ဘာပဲလုပ်လုပ် ရုံးထဲကို ဝင်ခွင့်အတွက် Booking Appointments QR Code လိုပါတယ်။ 

Online Booking တင်ရန် - www.passport.gov.mm

၂။ ခုနောက်ပိုင်း Booking တင်ရတာ အရင်လို မလွယ်ကူတော့ဘဲ ပိုခက်လာတာမလို့ အရေးမကြီးဘူးဆိုရင် (၃) လ ကြိုပေးတဲ့ Booking ကို ယူပါ။ 

၃။ Booking Appointments QR Code ရပီဆိုရင် QR Code မှာပါတဲ့ ရက်စွဲအတိုင်း Passport ရုံး သွားရမှာပါ။ အဲ့နေ့မသွားဖြစ်လို့ နောက်နေ့မှ ရုံးသွားမယ် လုပ်လို့မရပါဘူး။ အဲ့နေ့မသွားခဲ့ရင် ရထားတဲ့ Booking Cancel ဖြစ်သွားပါပီ။ တစ်ရက်တည်း ပီးအောင်လုပ်ချင်တဲ့ သူတွေကို မှာချင်တာက  Passport ရုံးကို စောနိုင်သမျှ စောစောသွားပါ။ 

၄။ Booking QR Code ပုံကို ဖုန်းထဲ သိမ်းထားပြီး ပြလို့ရသလို Print ထုတ် သွားလို့လည်းရပါတယ်။ ခုနောက်ပိုင်း တစ်ရက်တည်းနဲ့ မပီးတာတွေရှိလို့ Print ထုတ်သွားပါ။ Bank မှာ ပိုက်ဆံသွင်းမမှီလို့ တစ်ရက်တည်းနဲ့ မပီးတဲ့သူတွေကို QR Code ထုတ်ထားတဲ့ စာရွက်ပေါ်မှာ တံဆိပ်တုံးထုပီ လက်မှတ်ထိုးပေးလို့ Print ထုတ်သွားတာ ပိုကောင်းပါတယ်။

၅။ Passport လုပ်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေက -

(အသစ်လျှောက် / သက်တမ်းတိုး / အပျောက်လျှောက် ) အားလုံးတူတူပါပဲ။

ဘယ်အမျိုးစားပဲလုပ်လုပ် အဓိကလိုအပ်တာက

>> အိမ်ထောင်စုစာရင်း မူရင်း + မိတ္တူ ၂ စောင်

>> မှတ်ပုံတင် မူရင်း + မိတ္တူ ၂ စောင်

PV အတွက်ကိုမှ ၁၀ နှစ်အောက် ကလေးအတွက်ဆို

>> မွေးစာရင်း မူရင်း + မိတ္တူ ၂ စောင်

>> အိမ်ထောင်စုစာရင်း မူရင်း + မိတ္တူ ၂ စောင်

သက်တမ်းတိုးသမားတွေက အပေါ်ကစာရွက်စာတမ်းအပြင်

>> စာအုပ်အဟောင်း + Passport မှာ မိမိဓါတ်ပုံပါတဲ့ စာမျက်နှာ မိတ္တူ ၂ စောင်

PJ အတွက်ဆို အပေါ်က စာရွက်စာတမ်းအပြင်

>> Labour Card လိုပါတယ် ( Labour Card ကို စာအုပ်မလုပ်ခင် ကြိုလုပ်ထားကြပါ၊ ရုံးထဲမှာ လုပ်လို့ရပေမယ့် အပြင်မှာ လုပ်တာထက် စျေးပိုပေးရပါတယ်၊ Labour Card ကို နီးစပ်ရာမြို့နယ် အလုပ်သမားဦးစီးဌာနမှာ ပြည်ပအတွက်လို့ပြောပီ လျှောက်ထားလို့ရပါတယ်၊ ၅၀၀ (သို့) ၁၀၀၀ ကျပ်)

PE အတွက်ဆို အပေါ်ကစာရွက်စာတမ်းအပြင်

>> သက်ဆိုင်ရာ ကျောင်းခေါ်စာ မူရင်း + မိတ္တူ ၁ စောင်

PS အတွက်ဆို အပေါ်ကစာရွက်စာတမ်းအပြင်

>> ပြည်တွင်းရေကြောင်းမှ အခြေခံပင်လယ်ပြင် အသက်အန္တရာယ် လုံခြုံမှုသင်တန်းဆင်း လက်မှတ် မူရင်းနှင့် မိတ္တူ ၂ စုံ

>> သက်တမ်းတိုးဖြစ်ပါက မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်ဟောင်း၊ သင်္ဘောသားလုပ်သက် မှတ်တမ်း (CDC) စာအုပ် မူရင်းနှင့် မိတ္တူ  ၂ စုံ

၆။ ရုံးထဲဝင်ဖို့အတွက် ဝင်ပေါက် ၃ နေရာ ပန်းခြံဘေး၊ ရန်ကင်းစင်တာရှေ့နှင့် စက်မှု ၁ ကြိုက်တဲ့နေရာက ဝင်လို့ရပါတယ်။ ဝင်ပေါက်အပြင်မှဘက် တန်းစီနေတဲ့နေရာမှာ တန်းစီပီး ကိုယ့်မှာပါတဲ့ Booking Qr Code ကို တာဝန်ရှိသူတို့ကို ပြလိုက်ရင် စစ်ဆေးပီး ပေးဝင်ပါတယ်။

၇။ ပထမဆုံးစစ်တဲ့ ဂိတ်မှာ ဖုန်းထဲက အသင့်သိမ်းထားတဲ့ ဓါတ်ပုံ (သို့) Print ထုတ်လာတဲ့ Booking Qr Code ထဲက ကိုယ်ရေးအချက်လက်နဲ့ မှတ်ပုံတင်ထဲက ကိုယ်ရေးအချက်လက် စစ်ဆေးပီးရင် အထဲကို ဝင်လို့ရပါပီ။

၈။ ဒုတိယဂိတ်မှာ မှတ်ပုံတင်နဲ့ မျက်နှာ Scan ဖတ် စစ်ဆေးပီးရင် ရုံးထဲကိုဝင်လို့ရပါပီ။ အထဲကို ဖုန်း၊ စာရွက်စာတမ်းပါတဲ့ဖိုင်နဲ့ ပိုက်ဆံအိတ်က လွဲရင် ကျန်တာဘာမှပေးမယူပါဘူး။ 

၉။ ရုံးထဲ စဝင်တာနဲ့ အဝင်ဝလေးမှာ ရဲအရာရှိနှစ်ယောက် ထိုင်နေပီး အထဲမှာ ဖြည့်ရမယ့် ဖောင်ပေးပါတယ်။ ဖောင်ခ ၁,၀၀၀ ကျပ် ကျသင့်ပါတယ်။

ဖောင်မှာပါဝင်တဲ့ အချက်အလက်တွေကို သေချာဖြည့်စွက်ပြီးရင် သက်တမ်းတိုးသမားတွေက Counter 1 မှာ တန်းစီရပါတယ်။ နိုင်ငံခြားမှာ သက်တမ်းတိုးလာတဲ့သူတွေဆို Counter 12 မှာ တန်းစီရပါတယ်။ မှတ်ပုံတင်မှာ ကရင်+ဗမာ/ ဗမာရှေ့မှာ (+) ဆိုရင် သွေးနှောလို့ဆိုပီး ဦးစီးမှူးနဲ့ ဝင်တွေ့ရပါတယ်။ လဝက ဖောင်စစ်ခ ၃,၀၀၀ ကျပ် ပေးရပါမယ်။ သွေးနှောသမားတွေက ၅,၀၀၀ ကျပ် ထပ်ပေးရပါတယ်။ အားလုံးစစ်ပီးသွားရင် ဘဏ်မှာ ငွေသွင်းဖို့ စာရွက်ပေးပါတယ်။

၁၀။ PJ လုပ်မယ့် သူတွေဆို ရေသန့်ဘူး၊ မုန့်တွေ ရောင်းတဲ့ ဘေးနားက မှန်ခန်းထဲမှာ လဝကက စစ်ပီးပေးလိုက်တဲ့ ဖောင်မှာ တံဆိပ်တုံးထုရပါတယ်။ (၃,၀၀၀ ပေးရပါတယ်)

၁၁။ လဝကက ပေးတဲ့ ဘဏ်ငွေသွင်းဖို့ စာရွက်ပြပြီး ရုံးထဲမှာရှိတဲ့ မြန်မာ့စီးပွားရေး ဘဏ်မှာ ၂၅,၀၀၀ ကျပ် ပေးသွင်းပါ။ ဘဏ်ငွေသွင်းပီရင် ငွေသွင်းပီးကြောင်း စာရွက်ပြန်ပေးပါတယ်။ ကိုယ့်နာမည်ခေါ်ပြီဆို ဘဏ်ကပေးတဲ့ Slip စာရွက်ယူ ကိုယ့်နာမည်၊ မှတ်ပုံတင်အမှတ် မှန်/မမှန် ပြန်စစ်ပါ။ စစ်လို့မှန်ရင် ဓါတ်ပုံ ရိုက်ဖို့သွားပါ။

၁၂။ ဓာတ်ပုံရိုက်တဲ့နေရာမှာ ဖြည့်ထားတဲ့ဖောင်၊ ဘဏ်ငွေသွင်းပီးကြောင်း Slip သူတို့ကို ပေးပါ။ ဓါတ်ပုံရိုက်၊ လက်ဗွေနှိပ်၊ မျက်စိ Scan ဖတ်၊ Tablet ပြားပေါ်မှာ လက်မှတ်ထိုး၊ အထဲမှာ သူတို့မေးတာ ပြန်ဖြေပြီးရင် ၅,၀၀၀ ကျပ်သွင်းရပါတယ်။ အားလုံးပီးသွားရင် Passport စာအုပ်ထုတ်ဖို့ Slip ရပါပြီ။

၁၃။ Slip ရရင် အထဲက အချက်အလက်တွေကို သေချာလေးပြန်စစ်ပါ။ မစစ်မိလို့ အချက်လက်တွေမှားနေရင် စာအုပ်ထွက်လာတဲ့အခါ Slip ထဲမှာ ပါတဲ့အတိုင်း ထွက်လာမှာပါ။ 

၁၄။ Slip မှာပါတဲ့ စာအုပ်လာထုတ်ရမယ့် ရက်အတိုင်း ရုံးကိုပြန်သွားပြီး Passport ထုတ်လို့ရပါပြီ။ ရက်ပေါင်း ၉၀ အတွင်း သွားထုတ်လို့ရပါတယ်။ စာအုပ်ထုတ်ရင် ပေးထားတဲ့ Slip ပြပြီး ဝင်လို့ရပါတယ်။ (အစောကြီးသွားရင် တန်းစီရတာမလို့ နည်းနည်းနောက်ကျမှသွားပါ၊ ၂ နာရီ လောက်သွားရင် တန်းစီစရာမလိုပါဘူး)

Online Booking ထပ်ယူစရာမလိုပါဘူး။ သွားထုတ်တဲ့အခါ Slip ရယ်၊ မှတ်ပုံတင်မူရင်းရယ် ယူသွားပါ။ ၃,၀၀၀ ကျပ်ပေးပြီး Passport စာအုပ်ရပါပြီ၊၊

၁၅။ သက်တမ်းကျန် ဒဏ်ကြေး

စာအုပ်သက်တမ်းတိုးလုပ်မယ်ဆို သက်တမ်းတိုးမယ့်အချိန်မှာ လက်ရှိစာအုပ်သက်တမ်း ၂ နှစ်ခွဲကျော် ကျန်ရင် ဒဏ်ကြေး ၄ သောင်း ပေးဆောင်ရပါတယ်။ စာအုပ်သက်တမ်း ၂ နှစ်ခွဲအောက်ဆို ဒဏ်ကြေးမဆောင်ရပါဘူး။

၁၇။ စာအုပ်သက်တမ်းလွန်/ ကျော်နေသူများ

သက်တမ်းလွန်အတွက် သတ်မှတ်ချက်များ ဖော်ပြထားခြင်းမရှိတာ‌ကြောင့် သက်တမ်းဘယ်လောက်လွန်လွန် ဒဏ်ကြေး လုံးဝ မပေးဆောင်ရပါဘူး။ အဓိကက စာအုပ်အဟောင်းရှိနေဖို့ လိုအပ်တာမို့ သက်တမ်းတိုးအတွက် ပုံမှန်နှုန်းအတိုင်း ကုန်ကျမှာပါ။

Source - Passport Myanmar Group

⇐ Previous Next

Read 38198 times