Things To Do

Yangon Gems and Jewellery Fair 2025

Yangon Gems and Jewellery Fair 2025

ရန်ကုန် ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအရောင်းပြပွဲ ၂၀၂၅ (Yangon Gems and Jewellery Fair 2025) ကို ဒီဇင်ဘာ (၁၀) ရက်နှင့် (၁၁) ရက်နေ့များတွင် နံနက် ၁၀ နာရီမှ ည‌နေ ၅ နာရီထိ ရန်ကုန်မြို့ Lotte Hotel ၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်သွားမည့်အကြောင်းအား MY Yangon Guide မှ ပြန်လည်မျှဝေလိုက်ပါသည်။

ဤရတနာပြပွဲကြီးတွင် ကျောက်မျက်အသင်းဝင်အသင်းသားရတနာကုန်သည်များ၊ ရန်ကုန်မြို့ရှိ ရတနာဆိုင်ကြီးများ၏ ဆိုင်ခန်းပေါင်း (၈၀) ပါဝင်ခင်းကျင်း ပြသရောင်းချကြပါမည်။ ထို့အတွက် ရတနာကို ချစ်မြတ်နိုးသူများ၊ တန်ဖိုးထားစုဆောင်းလိုသူများ၊ ရတနာမျိုးစုံကို တစ်နေရာတည်းတွင် စုံစုံလင်လင် ကြည့်ရှုလေ့လာလိုသူများအတွက် အကောင်းဆုံးသော အခွင့်အရေးဖြစ်ပါသည်။ ရန်ကုန် ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအရောင်းပြပွဲ ၂၀၂၅ တွင် အိတ်ပိတ်လေလံ အရောင်းပြပွဲကို အထူးအစီအစဉ်တစ်ရပ်အဖြစ် ကျင်းပသွားမည်ကိုလည်း ကြေညာထားပါသည်။

 Yangon Gems and Jewellery Fair 2025

Event Details

Date – December 10 & 11, 2025.

Time – 10:00 am to 5:00 pm

Location – Lotte Hotel, Yangon .

 

Yangon Gems and Jewellery Fair 2025

 

⇐ Previous Next

Read 135 times