(၂၀၂၆) ခုနှစ်အတွက် Digital Marketing Skill အသစ်တွေကို Instructor (၃) ဦးကနေ ကဏ္ဍ (၃) ခုခွဲပြီး သင်ကြားပေးသွားမယ့် နှစ်သစ်ကူးပညာဒါန တစ်ရက်တာအပြင်သင်တန်းကြီးအကြောင်းကို MY Yangon Guide ကနေ ပြန်လည်မျှဝေလိုက်ပါတယ်။ ဒီပညာဒါနသင်တန်းဟာဆိုရင် ယနေ့ခေတ်မှာ လူငယ်တို့ ဘဝရပ်တည်ရေးအတွက် အထောက်အကူပြုနိုင်မဲ့ Digital Marketing နဲ့ ပတ်သက်တဲ့အကြောင်းတွေ မျှဝေသင်ကြားပေးသွားမှာဖြစ်ပါတယ်။
Digital Marketing Skill အသစ်တွေကို Instructor (၃) ဦးကနေ ကဏ္ဍ (၃) ခုခွဲပြီး သင်ကြားပေးသွားမယ့် ဒီသင်တန်းမှာ -
ကိုဘုန်း (The Burmese Content) က “Social Media Screenplay”
ကိုလင်းမိုးစက် က “2026 Social Media Landscape”
မအိသူ က “Digital Campaign Strategy” ခေါင်းစဉ်များဖြင့် သင်ကြားသွားမှာပါ။

ဒီသင်တန်းဟာ
- Facebook, TikTok မှာ Digital Marketing လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ လုပ်ငန်းရှင်တွေ
- (၂၀၂၆) အတွက် Digital Marketing ကို ကြိုတင်ပြင်ဆင်ထားလိုတဲ့ လုပ်ငန်းရှင်တွေ
- Digital Marketing နယ်ပယ်ထဲမှာ ဝန်ဆောင်မှုပေးနေကြတဲ့ Content Creator နဲ့ Media Buyer တွေ
- အတွေးသစ်တွေရရှိလိုတဲ့ Content Writer တွေ
- နှစ်သစ်မှာ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်လိုသူတွေအတွက် ဖြစ်ပါတယ်။
သင်တန်းကို တက်ရောက်လိုပါလျှင် ဖော်ပြပါ Link မှ တစ်ဆင့် Comment မှာ Newyear” လို့ ရေးပေးရမှာဖြစ်ပြီး၊ လိုအပ်တဲ့ အချက်အလက်တွေကို Page Messenger ကနေတစ်ဆင့် Auto Reply စနစ်နဲ့ ပြန်လည် ပေးပို့ပေးသွားမှာဖြစ်ပါတယ်။
အစီအစဉ် အသေးစိတ်။
သင်တန်းနေ့ရက် - ၂၁.၁၂.၂၀၂၅ (တနင်္ဂနွေနေ့)
သင်တန်းအချိန် - မနက် (၉) နာရီမှ ညနေ (၅) နာရီ
သင်တန်းနေရာ - Zenn Campus (စမ်းချောင်း) ၊ အာရှတော်ဝင်ဆေးရုံအနီး။

Read 108 times