Things To Do

ရန်ကုန်မြို့ရှိ လူရွေးများဆုံး International Schools (၈) ကျောင်း

A Selection of International Schools in Yangon

မိဘတိုင်းရဲ့ အကောင်းဆုံး ရင်းနှီးမြှပ်နှံမှုဟာ သားသမီးတွေရဲ့ ပညာရေး ဖြစ်ပါတယ်။ မိဘတိုင်း စိတ်ပူရတဲ့ကိစ္စဟာလည်း ကိုယ့်သားသမီးတွေအတွက် ကျောင်းရွေးမမှားဖို့ပါပဲ။ ဒီတော့ ကိုယ်က International School မှာလည်း ထားချင်တယ်၊ ဘယ်ကျောင်းထားရကောင်းမလဲ မစဉ်းစားတတ်တော့ဘူးဆိုရင်တော့ ဒီဆောင်းပါးလေးက အကူအညီ ဖြစ်ပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ International ကျောင်းတွေ များစွာ ရှိတဲ့ထဲက ရွေးချယ်သင့်တဲ့ ကျောင်း (၈) ကျောင်းကို ကောက်နုတ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဖော်ပြပါ International ကျောင်းတွေရဲ့ သင်ရိုးနဲ့ စျေးနှုန်း စတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ အောက်မှာ ဆက်လက် ဖတ်ရှုကြည့်နိုင်ပါတယ်။

၁။ Network International School

Network International School မှာ IGCSE နဲ့ A-Level သင်ကြားရေး ပြီးမြောက်အောင်မြင်မှုကို ပံ့ပိုးပေးတဲ့ ရန်ကုန်ရှိ ရှေးအကျဆုံး British International School ဖြစ်ပါတယ်။ IGCSE ကတော့ နိုင်ငံတကာ အသိအမှတ်ပြု အထက်တန်းအောင်လက်မှတ်ဖြစ်ပြီး A-Level ကတော့ အထက်တန်းအောင်မြင်ပြီး တက္ကသိုလ်မတက်ခင် တက္ကသိုလ်မှာ ကိုယ်ဆက်လေ့လာချင်တဲ့ ဘာသာရပ်ကို သင်ကြားခြင်းဖြစ်ပါတယ်။

ဥပမာ - သင်က ဆေးတက္ကသိုလ်တက်ချင်တာဆို IGCSE အောင်မြင်ပြီးတာနဲ့ တက္ကသိုလ်မတက်ခင် A-Level မှာ ဆေးပညာပိုင်းကို သင်ယူထားခြင်း ဖြစ်ပါတယ်။  

ဒီကျောင်းရဲ့ သင်ရိုးညွှန်းတမ်းကတော့ ဗြိတိန်ဖြစ်ပြီး အသက် ၃ နှစ်မှ ၁၈ နှစ်အထိ တက်ရောက်နိုင်ပါတယ်။ သင်ကြားတဲ့ ဘာသာစကားမှာ အင်္ဂလိပ်ဖြစ်ပါတယ်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နှစ်စဉ်ကြေးကတော့  13,447,049 ကျပ်မှ 30,676,081 ကျပ်အထိ ဖြစ်ပါတယ်။

လိပ်စာနဲ့ ဖုန်းနံပါတ် >> https://www.edge.com.mm/k:Network+International+School

၂။ SIS Myanmar

SIS Myanmar ကျောင်းမှာ ကျောင်းသား/ကျောင်းသူတွေကို ၂၁ ရာစု ဗြိတိန်နဲ့ စင်ကာပူ သင်ရိုးညွှန်းတမ်းတွေအတိုင်း စနစ်တကျ သင်ကြားပေးလျက်ရှိပါတယ်။ သင်ကြားရေးမှာ အင်္ဂလိပ်ဘာသာစကားကိုသာ အသုံးပြုပြီး အသက် ၃ နှစ်မှ ၁၆ နှစ်အထိ လက်ခံသင်ကြားပေးပါတယ်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နှစ်စဉ်ကြေးကတော့ 17,824,769 ကျပ်ကနေ 27,261,411 ကျပ်အထိ ဖြစ်ပါတယ်။ 

6A Paw San Hmwe Road, Thingangyun Township, Yangon, Myanmar

09 42688 8100

၃။ Royal British International School 

Cambridge အခြေစိုက် International School ဖြစ်တဲ့ RBIS ကျောင်းမှာ အသက် (၅) နှစ်မှ (၁၈) နှစ် အထိ ကျောင်းသား၊ ကျောင်းသူတွေအတွက် အသက်အရွယ်နဲ့အလိုက် သက်ဆိုင်တဲ့ အတန်းတွေဖြစ်တဲ့ 

- Primary School (Year 1 - 5)

- Secondary School (Year 6 - 7)

- Secondary School (Year 8 - 9)

- Secondary School (Year 9 - 10) နှင့်

- University Preparation (Years 11 - 12) A Levels Program တို့အထိ သင်ကြားပေးပါတယ်။ ၂၀၂၃-၂၀၂၄ စာသင်နှစ်အတွက် ကုန်ကျစရိတ်ကတော့ 14,729,668 ကျပ်ကနေ 20,520,676 ကျပ်အထိ ရှိပါတယ်။

လိပ်စာနဲ့ ဖုန်း >> https://www.edge.com.mm/listing/royal-british-international-school-12083.html

၄။ The British School Yangon

BSY ကတော့ ကလေးငယ်တွေအတွက် သင်ယူမှုကို ချစ်မြတ်နိုးပြီး တက်ကြွလန်းဆန်းမှုနဲ့အတူ လုံခြုံစိတ်ချရတဲ့ ပတ်၀န်းကျင်ကောင်းတစ်ခုမှာ သင်ကြားပေးနိုင်တဲ့ ကျောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ်။ ကျောင်းသူ/ကျောင်းသားတွအားလုံး ကျောင်းမှာ ပျော်ရွှင်စွာ စာသင်နိုင်ရမယ်ဆိုတဲ့ အချက်ကို အခြေခံထားပါတယ်။

အတန်းပညာအပြင် စွန့်စားမှု၊ ရဲစွမ်းသတ္တိရှိမှု၊ ကြင်နာမှုနဲ့ သမာဓိရှိမှု စတဲ့ အချက်တွေကိုပါ ရရှိလာနိုင်အောင် ဖွင့်လှစ်ထားတဲ့ ကျောင်းဖြစ်ပါတယ်။ အသက် (၂) နှစ်ကနေ (၁၈) နှစ်အထိ ကျောင်းသား/ကျောင်းသူတွေ တက်ရောက်နိုင်ပြီး ဗြိတိန်သင်ရိုးနဲ့ သင်ကြားပေးပါတယ်။ ၂၀၂၃-၂၀၂၄ အတွက် နှစ်စဉ်ကြေးကတော့ 42,144,044 ကျပ်ကနေ 75,883,185 ကျပ်အထိ ရှိနိုင်ပါတယ်။ 

လိပ်စာနဲ့ ဖုန်းနံပါတ် >> https://www.edge.com.mm/listing/the-british-international-school-yangon-6404.html

၅။ International School of Myanmar

အနာဂတ်သင်ယူမှု အခွင့်အလမ်းတွေနဲ့ တိုးတက်ပြောင်းလဲနေသောကမ္ဘာအတွက် ပြင်ဆင်သင်ကြားပေးနေတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ ISM ကျောင်းရဲ့ သင်ရိုးကတော့ အမေရိကန်ဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားနဲ့ သင်ကြားပေးပါတယ်။ အသက် (၃) နှစ်ကနေ (၁၈) နှစ်အရွယ်အထိ အသက်အရွယ်အလိုက် သင်ကြားရမယ့် အတန်းတွေ ရှိပါတယ်။ 

လိပ်စာနဲ့ ဖုန်းနံပါတ် >> https://www.edge.com.mm/listing/ism-international-school-of-myanmar-2511.html

၆။ Covenant International School

CIS ကျောင်းဟာလည်း မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ International School တွေထဲက တစ်ခုအပါအဝင်ပါ။ CIS ကျောင်းမှာ အင်္ဂလိပ်ဘာသာစကားနဲ့ ကိုရီးယားဘာသာစကား နှစ်မျိုးလုံးကို သုံးပြီး သင်ကြားပေးပါတယ်။ UK က သင်ရိုးညွှန်းတန်းဖြစ်ပြီး အသက် (၉) နှစ်မှ စပြီး (၁၈) နှစ်အထိ လက်ခံပါတယ်။ IGCSE၊ AS/A Levels အတန်းတို့ကိုလည်း သင်ကြားပေးပါတယ်။   

W417, Pan Chan Su Street, Zee Gone Village Group, Shwe Pyi Thar

09 965 739883 

၇။ Brainworks Total International School Yangon

မူကြို၊ မူလတန်း၊ အလယ်တန်း၊ IGCSE နဲ့ A-Level ပညာရေးတို့ကို ပေးဆောင်နေတဲ့ နိုင်ငံတကာအသိမှတ်ပြု အထက်တန်းကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ ဒီကျောင်းက Cambridge International မှ အသိအမှတ်ပြုရထားပြီး PASCH ကွန်ရက်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ 

1 Thumingalar Street, 16/4 Quarter, Thingangyun, Yangon,

01 855 1360

၈။ Singapore International School

Singapore International School ကတော့ ရန်ကုန်ရှိ Cambridge International A-Levels အတန်းတွေကို အသက် ၃ နှစ်မှ ၁၈ နှစ်အထိ ဗြိတိန်နဲ့ စင်္ကာပူ သင်ရိုးညွှန်းတမ်းတွေ သုံးပြီး သင်ကြားပေးနေပါတယ်။

လိပ်စာနဲ့ ဖုန်းနံပါတ် >> https://www.edge.com.mm/listing/singapore-international-school-rvi-academy-5705.html

ရန်ကုန်တစ်မြို့လုံးမှာ ရှိတဲ့ International Schools တွေကို အောက်ကလင့်ခ်မှာ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။

> https://www.yangondirectory.com/listing/international-schools

⇐ Previous Next

Read 620 times