Health & Beauty

(4) Ways of Food Scrub

(4) Ways of Food Scrub

ရှေးတုန်းက မြန်မာနိုင်ငံရဲ့ မိန်းမလှလေးတွေဆိုတာ ခေါင်းအစ၊ ခြေအဆုံး လှရိုးထုံးစံ ရှိတယ်လို့ ဆိုခဲ့ကြပါတယ်။ တစ်ကယ်လည်း မြန်မာမိန်းကလေးတွေဟာ ပြစ်မျိုးမှည့်မထင်တဲ့ သဘာဝအလှအပကို ပိုင်ဆိုင်ကြသူတွေ ဖြစ်ပါတယ်။ 

(၂၁)ရာစု ရောက်တဲ့အခါမှာတော့ မိန်းကလေးတိုင်းဟာ ယောက်ျားလေးတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်တွေ လုပ်လာနိုင်တယ်၊ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာကြပါတယ်။ ဒီအတွက် ယောက်ျားလေးတွေနည်းတူ လုပ်ရကိုင်ရ၊ သွားရလာရတာမျိုးတွေ ရှိလာတာပေါ့။ 

Shutterstock

ဘယ်လိုပဲ ရင်ဘောင်တန်းတယ် ဆိုပါစေ၊ မိန်းကလေးတွေရဲ့ အသားအရေတွေက သာမန် ယောက်ျားလေးတွေထက် နူးညံ့ကြစမြဲပါပဲ။ ဒါကြောင့် အလုပ်တွေဘယ်လိုလုပ်လုပ် အသားအရေကိုတော့ ဂရုစိုက်သင့်ပါတယ်နော်။ အထူးသဖြင့် ခြေထောက်တွေကိုပေါ့။ 

မိန်းကလေးတိုင်းဟာ ဒေါက်လှလှလေးတွေ စီးနိုင်ဖို့ အမာရွတ်ကင်းစင်တဲ့ ခြေထောက်လေးတွေ ရှိဖို့ လိုပါတယ်။ ဒီအတွက် မိန်းကလေးတွေရဲ့ ခြေထောက်လေးတွေကို မွေးကင်းစ ကလေးလေးတစ်ဦးလိုမျိုး သဘာဝအတိုင်း ပြန်လည်ကြည်လင်လာစေမယ့် ချေးချွတ်နည်းတွေကို ဒီကနေ့မှာ ပြောပြပေးလိုက်ချင်ပါတယ်။ 

How to Get Rid of Dry, Dead Skin on Feet - L'Oréal Paris

ဒီလိုရာသီမျိုးမှာ ခြေဖဝါးတွေဟာ သေချာတိုက်ချွတ်ဆေးကြောတာမျိုး မလုပ်ဘူးဆိုရင် အရေပြား အလွှာဟောင်းတွေကြောင့် အနံ့ဆိုးတွေ ထွက်လာတာမျိုး၊ ချေးတင်ပြီး မပြောင်တော့တာမျိုး စသဖြင့် ဖြစ်တတ်ပါတယ်။ 

ဒီလိုကိစ္စတွေကို သက်သာစေမယ့် အကောင်းဆုံးနည်းလမ်းကတော့ Foot Scrub လုပ်တာပါ။ ဒါကြောင့် မိန်းကလေးတွေသာမက၊ ကိုယ့်ကိုကိုယ် ဂရုစိုက်တတ်တဲ့ ယောက်ျားလေးတွေပါ အိမ်မှာနေရင်း အလွယ်တကူ ပြုလုပ်လို့ ရမယ့် Foot Scrub (၆)နည်းကို ပြောပြပေးမယ်နော်။ 

၁။ ပျားရည်နဲ့ ချေးချွတ်နည်း 

သဘာဝပျားရည်စစ်စစ်နဲ့ ချေးချွတ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ … 

  • သကြားဖြူ - (၁)ခွက် 
  • မုန့်ဖုတ်ဆိုဒါ - လက်ဖက်ရည်ဇွန်း (၂)ဇွန်း 
  • သံလွင်ဆီ - လက်ဖက်ရည်ဇွန်း (၂)ဇွန်း 
  • ပျားရည် - လက်ဖက်ရည်ဇွန်း (၂)ဇွန်း 

10 Must Try Foot Scrub Recipes To Pamper Your Feet - The Channel 46

ပြုလုပ်နည်း

ပထမဆုံး ပန်းကန်လုံး အလွတ်တစ်ခုထဲမှာ သကြားဖြူ ခွက်တစ်ခွက် ထည့်ပြီး မုန့်ဖုတ်ဆိုဒါ၊ သံလွင်ဆီ၊ ပျားရည် စတာတွေကို လက်ဖက်ရည်ဇွန်း (၂)ဇွန်းဆီ ထည့်ပြီး သမအောင် မွှေပါ။ ပြီးရင်တော့ ရေချိုးပြီးကာစ (သို့မဟုတ်) ရေစိုနေတဲ့ ခြေထောက်ပေါ်မှာ အသာအယာ ပွတ်လိမ်းပေးပါ။ 

အားလုံးပြီးသွားရင်တော့ ရေဆေးချပြီး ခရင်မ်တစ်မျိုးမျိုး (သို့မဟုတ်) နွားနို့နဲ့ အစိုဓာတ် ထိန်းပေးရပါမယ်။ 

ခြေထောက်အရေပြားဟာ သာမန်အရေပြားတွေထက် မာကြောတာကြောင့် တစ်ရက်ခြားတစ်ခါစီ Foot Scrub လုပ်ပေးလို့ ရပါတယ်နော်။ ပုံမှန် လုပ်ပေးခြင်းအားဖြင့် ကျန်းမာလှပပြီး စိုပြေတဲ့ ခြေထောက်လှလှလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။ 

၂။ နွားနို့နဲ့ ချေးချွတ်နည်း 

အိမ်တိုင်း၊ ဆိုင်တိုင်းမှာ လွယ်လွယ်ကူကူ ရရှိနိုင်တဲ့ Pure Milk Foam နဲ့လည်း ခြေထောက်တွေကို ချေးချွတ်သန့်စင်နိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ … 

  • နွားနို့ - ခွက်၏ (၄)ပုံ(၁)ပုံ 
  • ကွေကာအုတ်အမှုန့် - ခွက်၏ (၂)ပုံ(၁)ပုံ 
  • ပျားရည် - ထမင်းစားဇွန်း (၁)ဇွန်း 

Exfoliate and Detox Your Winter Worn Feet with a Foot Scrub - Aetrex  Footprints Blog

ပြုလုပ်နည်း 

ခွက်အလွတ်တစ်လုံးထဲမှာ ကွေကာအုတ်အမှုန့်နဲ့ နွားနို့ကို ထည့်ပြီး သမအောင် မွှေပါ။ ပြီးရင် ပျားရည်ကို ထမင်းစားဇွန်း (၁)ဇွန်းခန့် ထည့်မွှေပြီး ခြေထောက်ပေါ်မှာ (၅)မိနစ်ကနေ (၁၀)မိနစ်အတွင်း အသာအယာ ပွတ်လိမ်းပေးရပါမယ်။ ပြီးရင်တော့ ခြောက်အောင် ခဏထားပြီး ရေအေးအေးနဲ့ ဆေးချပေးပါ။ 

ဒီလိုမျိုး (၁)ပတ်ကို (၁)ကြိမ်ခန့် ပုံမှန် ပြုလုပ်ပေးရင် ခြေထောက်မှာရှိတဲ့ ညစ်ထေးနေတဲ့ အပိုင်းတွေနဲ့ ဆဲလ်အသေတွေကို ဖယ်ရှားနိုင်ပြီး သဘာဝ အသားအရောင်အတိုင်း ပြန်လည်ကြည်လင်တဲ့ အသားအရေကို ရရှိနိုင်မှာပါ။ 

၃။ သံပုရာသီးနဲ့ ချေးချွတ်နည်း 

သံပုရာသီး (သို့မဟုတ်) သံပုယိုသီးတွေဟာလည်း အိမ်တိုင်းမှာ အလွယ်တကူ ရရှိနိုင်တဲ့ အမျိုးအစားတွေပါပဲ။ ပါဝင်ပစ္စည်းတွေကတော့ … 

  • သံပုရာရည် (သို့) သံပုယိုရည် - ခွက်တစ်ဝက် 
  • သကြား - ခွက်တစ်ဝက် 
  • အုန်းဆီ (သို့) သံလွင်ဆီ - ခွက်၏ (၄)ပုံ(၁)ပုံ 

Coconut-Lime Sugar Scrub {Plus Printable!} | Our Best Bites

ပြုလုပ်နည်း 

ခွက်အလွတ်တစ်လုံးမှာ သကြား၊ သံလွင်ဆီနဲ့ သံပုရာရည်ကို အပေါ်မှာ ပြောထားတဲ့ အဆတွေအတိုင်း ရောမွှေပေးပါ။ ပြီးရင်တော့ ခြေထောက်မှာ (၅)မိနစ်ကနေ (၁၀)မိနစ်ခန့် အသာအယာ ပွတ်လိမ်းပြီး ခြောက်အောင် ထားပါ။ ခဏကြာရင် ရေဆေးချလို့ ရပါပြီ။ 

သံပုရာရည်က ခြေထောက်မှာရှိတဲ့ အညစ်အကြေးနဲ့ ဆဲလ်အသေတွေကို ယူပစ်သလို ဖယ်ရှာပေးနိုင်တာကြောင့် (၁)ပတ်ကို (၁)ကြိမ် သို့မဟုတ် (၂)ကြိမ်ခန့် ပြုလုပ်ပေးတာနဲ့ သဘာဝအတိုင်း လှပတဲ့ ခြေထောက်လေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။ 

၄။ ကော်ဖီမှုန့်နဲ့ ချေးချွတ်နည်း 

သဘာဝကော်ဖီစစ်စစ်ဟာ သောက်ရတာအပြင် အခြား အလှအပနဲ့ ပတ်သက်တဲ့ နည်းလမ်းတွေမှာ အများကြီး အသုံးဝင်ပါတယ်။ ဒီထဲမှာ ချေးချွတ်နည်းကလည်း မပါမဖြစ်ပါပဲ။ ကော်ဖီမှုန့်နဲ့ ချေးချွတ်နည်းအတွက် ပါဝင်ပစ္စည်းတွေကတော့ … 

  • ကော်ဖီမှုန့် - လက်ဖက်ရည်ဇွန်း (၁)ဇွန်း 
  • ပင်လယ်ဆား - လက်ဖက်ရည်ဇွန်း (၁)ဇွန်း 
  • အုန်းဆီ (သို့) သံလွင်ဆီ - လက်ဖက်ရည်ဇွန်း (၂)ဇွန်း 

10 Incredible Ways to Use Coffee in Your Beauty Routine

ပြုလုပ်နည်း 

ပန်းကန်လုံးအလွတ် တစ်ခုထဲမှာ ကော်ဖီမှုန့်၊ ပင်လယ်ဆားနဲ့ သံလွင်ဆီကို အပေါ်မှာ ဖော်ပြထားတဲ့ အဆတွေအတိုင်း ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို သန့်စင်ပြီးသား ခြေထောက်ပေါ်မှာ (၅)မိနစ်ခန့် ညင်သာစွာ သုတ်လိမ်းပေးပါ။ 

ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချပြီး အစိုဓာတ်ထိန်းဖို့ Foot Cream တစ်မျိုးမျိုးကို လိမ်းထားပေးပါ။ ဒီလိုမျိုး (၁)ပတ်မှာ (၁)ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့ အမာရွတ်ကင်းပြီး သဘာဝအတိုင်း လှနေတဲ့ ခြေထောက်ကလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

၅။ ခရမ်းချဉ်သီးနဲ့ ချေးချွတ်နည်း 

မီးဖိုချောင်ထဲမှာ အလွယ်တကူ ရှိနေတဲ့ ခရမ်းချဉ်သီးတွေကလည်း သင့်ခြေထောက်ကို လှပစေဖို့ ကူညီနိုင်ပါတယ်။ ခရမ်းချဉ်သီးနဲ့ ချေးချွတ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့ … 

  • ခရမ်းချဉ်သီး - အမှည့်တစ်လုံး 
  • သံလွင်ဆီ - လက်ဖက်ရည်ဇွန်း (၁)ဇွန်း 
  • ပင်လယ်ဆား - အနည်းငယ်

foot scrubHealth | Wellness | Beauty | DIY

ပြုလုပ်နည်း 

ခွက်အလွတ်တစ်ခုထဲမှာ ခရမ်းချဉ်သီး အမှည့်ကို ဇွန်းနဲ့ ကြေညက်အောင် ချေပြီး အပေါ်မှာ ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းအားလုံးနဲ့ ရောမွှေပေးပါ။ ရလာတဲ့အနှစ်ကိုတော့ သန့်စင်ပြီးသား ခြေထောက်မှာ (၁၀)မိနစ်ခန့် လိမ်းပေးပြီး ရေနွေးနွေးနဲ့ ဆေးချလိုက်ပါ။ 

ပြီးရင်တော့ အစိုဓာတ်ထိန်းသိမ်းဖို့အတွက် Foot Cream တစ်မျိုးမျိုးကို လိမ်းထားလို့ ရပါတယ်။ (၁)ပတ်မှာ (၂)ကြိမ်ခန့် ပြုလုပ်ပေးရုံပါပဲနော်။ 

၆။ ပန်းသီးရှာလကာရည်နဲ့ ချေးချွတ်နည်း 

ပန်းသီးရှာလကာရည်ကလည်း Foot Scrub အတွက် ကောင်းမွန်တဲ့ ချေးချွတ်နည်း တစ်မျိုးပါပဲ။ ဒီချေးချွတ်နည်းအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ … 

  • ပန်းသီးရှာလကာရည် - လက်ဖက်ရည်ဇွန်း (၁)ဇွန်း 
  • ပင်လယ်ဆား - လက်ဖက်ရည်ဇွန်း (၃)ဇွန်း 
  • ပျားရည် - လက်ဖက်ရည်ဇွန်း (၁)ဇွန်း 

7 Ways Apple Cider Vinegar Benefits Your Foot Health | Footfiles

ပြုလုပ်နည်း 

အပေါ်မှာ ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းတွေရဲ့ အဆတိုင်း ခွက်အလွတ်တစ်ခုမှာ ရောမွှေပြီး ရေစိုနေတဲ့ ခြေထောက် (သို့မဟုတ်) သန့်စင်ပြီးသား ခြေထောက်ပေါ်မှာ (၅)မိနစ်ခန့် အသာအယာ သုတ်လိမ်းပေးပါ။ ပြီးရင်တော့ ရေဆေးချပြီး Lotion သို့မဟုတ် Foot Cream တစ်မျိုးမျိုး လိမ်းပေးပါ။ 

အပေါ်မှာ ပြောပြခဲ့တဲ့ ချေးချွတ်နည်းတွေကို (၁)ပတ်မှာ အနည်းဆုံး (၁)ကြိမ် သို့မဟုတ် (၂)ကြိမ်ခန့် ပြုလုပ်ရုံနဲ့ အညစ်အကြေးတွေ ပိတ်နေတဲ့ ခြေထောက်ကနေ သန့်ရှင်းကြည်လင်ပြီး ဖွေးဥနေတဲ့ ခြေထောက်လေးအဖြစ် ပြောင်းလဲသွားတာကို တွေ့ရမှာပါ။ ဘယ်နည်းကိုမဆို စိတ်ရှည်ရှည်နဲ့ သေသေချာချာ လိုက်လုပ်ပေးဖို့တော့ လိုပါမယ်နော်။ 

10 Must Try Foot Scrub Recipes To Pamper Your Feet - The Channel 46

အခုလိုမျိုး အလှအပနဲ့ဆိုင်တဲ့ အကြောင်းအရာတွေ၊ အစားအသောက်တွေ၊ ရုပ်ရှင်တွေ၊ ဂိမ်းတွေ၊ Shopping တွေအပြင် တစ်ခြားသော လှုမှုနေထိုင်မှုဘဝနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကိုလည်း ဆက်လက် တင်ဆက်သွားဦးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြဖို့လည်း မမေ့နဲဦးနော်။ 

⇐ Previous Next

Read 1971 times