Things To Do

7 Events Hold in May in Yangon

7 Events Hold in May in Yangon

၂၀၂၃ ခုနှစ်၊ မေလအတွင်း ရန်ကုန်မှာ ကျင်းပမယ့် ကျန်မားရေးဆွေးနွေးပွဲ၊ ပညာရေးဆွေးနွေးပွဲ၊ ပြည်တွင်းဖြစ်ထုတ်ကုန်များ စျေးရောင်းပွဲ၊ မင်္ဂလာဆောင်လုပ်ငန်းပြပွဲနဲ့ အနုပညာပြပွဲတို့အကြောင်းကို စိတ်ဝင်စားသူများ သွားရောက်လည်ပတ် ကြည့်ရှုနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

၁။ Burmese Blossom: Forms of Nature

"မြန်မာ့ပွင့်သစ် ။ ။ သဘာဝ၏ ပုံစံများ" လို့ နာမည်ပေးထာတဲ့ ပန်းချီပြပွဲကို စွယ်စုံအနုပညာရှင် Kaal က မြန်မာ့ဒြပ်ရှိ ယဉ်ကျေးမှုများနှင့် သဘာဝတရားကို ပေါင်းစပ်ကာ ဖန်တီး တင်ဆက်ထားပါတယ်။ ပုဂံခေတ် နံရံဆေးရေးပန်းချီ လက်ရာကနေစပြီး ခေတ်သစ်ဖန်တီးမှု လက်ရာတွေထိပါ ထင်ဟပ်ပေါင်းစပ်နေတဲ့ လက်ရာများကို ဖန်တီး ရေးဆွဲထားပြီး ပြပွဲတွင် တင်ဆက်ထားပါတယ်။ ပန်းချီအနုပညာကို နှစ်သက်စိတ်ဝင်စားသူတိုင်း အခမဲ့ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

နေ့ရက် - မေလ (၂) ရက်မှ မေလ (၇) ရက်နေ့

အချိန် - ‌နေ့စဉ် မနက် (၉) နာရီမှ ညနေ (၆) နာရီ

နေရာ - ပြင်သစ်ယဉ်ကျေးမှုဌာန - ခန်းမ

လိပ်စာ - အမှတ် - ၃၄၀၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန် (မဟာမြိုင်မှတ်တိုင်အနီး)

၂။ Made In Myanmar Fair - Local Made Products and Food

Myanmar Women Entrepreneurs Network - MYANWEN (မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်) က စီစဉ်ပြီး Main Partner အဖြစ် Aya Bank မှ ပူးပေါင်းပါဝင်ထားတဲ့ (၁၀) ကြိမ်မြောက် ပွဲကြီး “Made In Myanmar Fair - Local Made Products and Food” စတင် ကျင်းပနေပြီ ဖြစ်ပါတယ်။

“Made In Myanmar Fair - Local Made Products and Food”  ဆိုတဲ့အတိုင်း မြန်မာပြည်မှာ ဂုဏ်ယူစွာ ထုတ်လုပ်သော စိတ်ဝင်စားစရာ အရည်အသွေးမြင့် မြန်မာ့ရိုးရာ ချည်ထည်၊ ပိတ်၊ အဝတ်အထည်၊ လူသုံးကုန်ပစ္စည်းများနှင့် အစားအသောက်များပါဝင်သည့် ကုန်အမှတ်တံဆိပ် (၉၀) ကျော်ကို စည်ကားသိုက်မြိုက်စွာ ပြသရောင်းချသွားမယ့်ပွဲ ဖြစ်ပါတယ်။

နေရာ - Junction City, Promotion Area

နေ့ရက် - ၁ - ၅ - ၂၀၂၃ မှ ၇ - ၅ - ၂၀၂၃

အချိန် - မနက် (၉) နာရီမှ ည (၇) နာရီ 

၃။ JAYPEE ဆေးရုံကြီးမှ ဝါရင့်ဆရာဝန်ကြီးများ၏ ကျန်းမာရေးဆွေးနွေး ဟောပြောပွဲကြီး

အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် JAYPEE ဆေးရုံကြီးမှ ဝါရင့်ဆရာဝန်ကြီးတွေကိုယ်တိုင် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံကို လာရောက် ဆွေးနွေးပေးမယ့် ကျန်းမာရေး ဆွေးနွေးဟောပြောပွဲ ဖြစ်ပါတယ်။

အသည်း၊ ကျောက်ကပ်နှင့် နှလုံးဆိုင်ရာ ရောဂါဝေဒနာများအကြောင်းကို ထူးချွန်ဆရာဝန်ကြီးများရဲ့ ဝါရင့်အတွေ့အကြုံများနဲ့ ဆေးပညာဆိုင်ရာ ဗဟုသုတများကို ဆွေးနွေး ဟောပြောပေးသွားမှာ ဖြစ်ပြီး စိတ်ဝင်စားတဲ့ ဘယ်သူမဆို Medic Journey မှာ အခမဲ့ စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

ဟောပြောသွားမည့် JAYPEE ဆေးရုံမှ ဆရာဝန်ကြီးများ

---------------------------------------------------------------

၁။ Dr. Manoj Luthra (နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီး)

၂။ Dr. K.R.Vasudevan (အသည်းအထူးကုဆရာဝန်ကြီး)

၃။ Dr. Vijay Kuma Sinha (ကျောက်ကပ်အထူးကုသမားတော်ကြီး)

နေ့ရက် - မေလ (၁၃) ရက်နေ့၊ စနေနေ့

အချိန် - မနက် (၁၀) နာရီမှ နေ့လည် (၁) နာရီ

နေရာ - Zealax Hotel, Ballroom, 4th Floor

လိပ်စာ - အမှတ်(၁၆) ကမ်းနားလမ်း၊အလုံမြို့နယ်၊ရန်ကုန်မြို့။

စာရင်းပေးသွင်းရန် ဖုန်းနံပါတ် - 09 89 777 068, 09 95 777 068

၄။ ဆွေးနွေးအဖြေရှာ အနာဂတ်ပညာ

ပြည်တွင်း၊ ပြည်ပ တက္ကသိုလ်တွေမှာ တက်ရောက်နိုင်တဲ့ ပညာရေး လမ်းကြောင်းတွေအကြောင်းနှင့် အကြံပေးချက်များ ပြောကြားသွားမယ့် နိုင်ငံတကာပညာရေး ဆွေးနွေးပွဲကို British University College နှင့် BUC Education Services တို့က ပူးပေါင်းပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီပညာရေးဆွေးနွေးပွဲမှာ နိုင်ငံတကာအဆင့်မီ ပညာရေးကို လေ့လာလိုတဲ့ ကျောင်းသား/သူတွေအတွက်  British University College မှတဆင့် တက်ရောက်နိုင်တဲ့ နိုင်ငံတကာပညာရေးလမ်းကြောင်းများနှင့် UK, USA, Singapore, Australia, Switzerland, Canada နှင့် Thai နိုင်ငံတို့ရှိ နိုင်ငံတကာတက္ကသိုလ်ကြီးများတွင် တက်ရောက်နိုင်တဲ့ ပညာရေးလမ်းကြောင်းများ အကြောင်းကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ပညာရေးကို စိတ်ပါဝင်စားသော ကျောင်းသား/သူများ၊ လူကြီးမိဘများ တက်ရောက်ချင်တယ်ဆိုရင် အောက်ကလင့်ခ်မှာ စာရင်းပေးသွင်းဖို့ လိုပါတယ်။ 

> https://forms.gle/iX1cg5qFEEAbprfg9

နေ့ရက် - မေလ (၁၃) ရက်နေ့၊ စနေနေ့

အချိန် - မနက် (၁၀) နာရီမှ (၁၂) နာရီ

နေရာ - British University College Main Campus

လိပ်စာ - S-25၊ ဦးချစ်မောင်အိမ်ရာ၊ ဦးချစ်မောင်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

Advertisement

Click Here > YTSB

၅။ Crystal Galaxy LOTTE Wedding Fair   

(၄) ကြိမ်မြောက် 2023 Crystal Galaxy LOTTE Wedding Fair ကို လာမယ့် မေလ ၄ ရက်နဲ့ ၅ ရက်နေ့ LOTTE HOTEL YANGON မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ Crystal Galaxy Theme နဲ့အတူ ခမ်းနားလှပတဲ့ Wedding Setup တွေအပြင် နာမည်ကြီး Designer တွေရဲ့ Wedding Fashion Show တွေ၊ စိတ်လှုပ်ရှားဖွယ်ရာ Lucky Draw အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

မင်္ဂလာဆောင်အတွက် လိုအပ်တဲ့ Wedding Planner, Bridal Fashion Design, Floral, Photography စတာတွေ အားလုံးကို တစ်နေရာထဲမှာ သိရှိနိုင်မှာ ဖြစ်တာကြောင့် မင်္ဂလာဆောင်မယ့် မောင်နှံတွေ တက်ရောက် လေ့လာသင့်တဲ့ ပွဲတစ်ခု ဖြစ်ပါတယ်။

နေ့ရက် - မေလ (၃) ရက်နှင့် မေလ (၄) ရက်

အချိန် - မနက် (၁၀) နာရီမှ ညနေ (၆) နာရီ

နေရာ - Lotte Hotel Yangon

၆။ Art Exhibition 2023

Times City မှာ (၂၈.၄.၂ဝ၂၃) ရက်နေ့မှ (၁.၅.၂ဝ၂၃) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့တဲ့ ပန်းချီ၊ ပန်းပု အနုပညာပြပွဲကို ပန်းချီချစ်သူ ပရိသတ်များရဲ့ တောင်းဆိုမှုကြောင့်  (၇.၅.၂ဝ၂၃) ရက်နေ့အထိ ပြပွဲရက်ကို တိုးမြှင့်ပေးခဲ့ပါတယ်။ 

ဒီပွဲမှာ ပန်းချီဆရာ/ဆရာမကြီးများရဲ့  လက်ရာမြောက်တဲ့ ပန်းချီကားချပ်များ၊ မြန်မာ့လက်မှုပညာ ပန်းပုရုပ်သေးများကို စိတ်ဝင်စားဖွယ် လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

နေ့ရက် - မေလ (၂) ရက်နေ့မှ (၇) ရက်နေ့

အချိန်  - မနက် (၁၁) နာရီမှ ညနေ (၅) နာရီအတွင်း

နေရာ - Times City Complex, Jewellery Mall

၇။ Summer Beauty & Foodie

အတွင်းဝန်ရုံးရဲ့ လှပခန့်ညားတဲ့ နောက်ခံအဆောက်အဦး ရှုခင်းတွေနဲ့ အလှဓာတ်ပုံရိုက်ရင်း ပစ္စည်းများ ဝယ်ယူနိုင်မယ့် ပွဲဖြစ်ပါတယ်။ အစားအသောက် အရသာမျိုးစုံကို မြည်းစမ်းနိုင်မယ့်အပြင် မဒီလေးတွေအကြိုက် အလှအပရေးရာပစ္စည်းများကိုလည်း တစ်နေရာတည်းမှာ  အသေးစိတ်မေးမြန်းပြီး ဝယ်ယူလို့ရပါသေးတယ်။

ဒါ့အပြင် အလှဓာတ်ပုံရိုက်မယ်ဆိုရင် Dior By Heart Wedding Studio နှင့် Hla Retro Photo Studio တို့မှ ပွဲရက်အတွင်း ၁၀% လျှော့စျေးဖြင့် ဝန်ဆောင်မှုပေးသွားမှာဖြစ်ပြီး Moonlight Trading မှ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ အဝတ်အထည်၊ ဖိနပ်နဲ့ အိတ်တွေကို ထူးခြားတဲ့ အစီအစဉ်တွေနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

နေ့ရက် - မေလ (၂) ရက်နေ့မှ (၃) ရက်နေ့အထိ

နေရာ - The Secretariat (အတွင်းဝန်ရုံး)

⇐ Previous Next

Read 738 times