Health & Beauty

9 Things to Avoid for Insomnia

9 Things to Avoid for Insomnia

Insomnia ဆိုတာ အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး မူမမှန်ပဲပုံမှန်အိပ်စက်ချိန်မရှိတာမျိုးဖြစ်ပါတယ်။ အထူးသဖြင့် ညဘက်တွေမှာ တော်တော်နဲ့ အိပ်မပျော်ဘဲ နေ့ပိုင်းမှာအိပ်တာ၊ မနက်ရော ညရော ကောင်းမွန်စွာ အိပ်မပျော်နိုင်တာ၊ အိပ်ပျော်ဖို့ ခက်ခဲတာ  စတဲ့ အိပ်စက်ခြင်းဆိုင်ရာရောဂါတစ်ခုဖြစ်ပါတယ်။

Insomnia ကြောင့် စိတ်တိုလွယ်တာ၊ စိတ်ဓာတ်ကျလာတာတွေ ဖြစ်ပြီး ရေရှည်မှာ  ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆိုးကျိူးတွေခံစားရလာနိုင်ပါတယ်။ ဒါကြောင့် မပေါ့ဆသင့်ပဲ လူတစ်ယောက်အတွက် အရေးကြီးတဲ့ အိပ်စက်ချိန်ကို မှန်ကန်အောင် ဒီအချက်လေးတွေကို လေ့လာလိုက်ကျရအောင်...

(၁) နေ့စဉ်တိုင်း တူညီတဲ့အချိန်မှာ အိပ်ရာထပါ။ ပိတ်ရက်မို့လို့ အချိန်ပိုအိပ်တာမျိုးကို ရှောင်ပြီး ပုံမှန်မနက်ထချိန်တိုင်း ထပေးမှ မှန်ကန်တဲ့အိပ်စက်ချိန်စက်ဝန်းကို စတင်နိုင်မှာပါ။

(၂) အရက်၊ nicotine/ caffeine နဲ့ ခွန်အားဖြည့်အချိုရည် စတာတွေက အိပ်စက်ခြင်းအတွက်အနှောက်ယှက်ဖြစ်နိုင်လို့ Limit နဲ့ ဆင်ခြင်သုံးဆောင်ဖို့လည်း အရေးကြီးပါတယ်။  ဥပမာ - Caffeine ဓာတ်ကြောင့် အိပ်မပျော်တတ်တဲ့ လူတွေဆို ကန့်သတ်ရှောင်ရှားတာမျိုးလုပ်ပေးပါ။

(၃) နေ့လည်ဘက် တရေးအိပ်စက်အနားယူခြင်းကို ဂရုစိုက်ပါ။ အာရုံတွေ ပြန်စုစည်းပြီး ခွန်အားတွေပြန်ကောင်းလာဖို့ Nap လို့ခေါ်တဲ့ တရေးအိပ်စက်အနားယူခြင်းဟာ ကောင်းမွန်တဲ့ အချက်ဆိုပေမယ့် ညဘက်အိပ်ချိန်ကို အဆင်မပြေဖြစ်နိုင်လို့  အမြဲတမ်းအတွက် သတိထားသင့်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

(၄) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းက သွေးလည်ပတ်မှုကိုကောင်းမွန်စေတဲ့အတွက် အိပ်စက်ချိန်နဲ့ အိပ်စက်ခြင်းအခြေနေကို တိုးတက်ကောင်းမွန်စေပါတယ်။ ညအိပ်ချိန်နဲ့ နီးတဲ့အချိန်ကိုတော့ ရှောင်ရှားပြီး အိပ်စက်ချိန်နဲ့ အနည်းဆုံး ၃ နာရီအကွာမှာ လုပ်ပေးဖို့တော့ လိုပါတယ်နော်။

(၅) အိပ်ယာထဲမှာ အိပ်စက်တာမဟုတ်ဘဲ ဖုန်းသုံးတာ၊ စာလေ့လာတာ၊ စာရင်းတွက်တာ စတာတွေကို မလုပ်ဖို့လည်း လိုပါတယ်။ ဦးနှောက်ကို အလုပ်လုပ်စေတဲ့အခါ အိပ်စက်ဖို့ ပိုခက်ခဲစေနိုင်ပါတယ်။

(၆) အိပ်ခါနီးအစားအသောက်အများကြီးမစားမိပါစေနှင့်။ အိပ်ခါနီးမှာ အစာခြေစနစ်က အလုပ်လုပ်နေရတဲ့အတွက် အိပ်ပျော်ဖို့ အဟန့်အတားဖြစ်စေတဲ့အပြင် အရည်ပါဝင်မှုများတဲ့အစားအသောက်တွေကို အပေါ့ခဏခဏထသွားနိုင်စေတဲ့အတွက် အိပ်ပျော်ဖို့ အနှောက်ယှက်ဖြစ်စေပါတယ်။

(၇) ကိုယ့်အိပ်ရာက သက်သောင့်သက်သာဖြစ်ပါစေ။ တစ်နေကုန်မောပန်းထားသမျှတွေကို သက်သောင့်သက်သာနဲ့ ကိုယ်အတွက်အဆင်ပြေတဲ့အိပ်ရာပေါ်မှ အိပ်စက်မှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်မှာဖြစ်ပါတယ်။ အခန်းအပူချိန်၊ အလင်းမှောင်နဲ့ ဆူညံသံရှိမရှိကလည်း အိပ်စက်ခြင်းအတွက် အရေးပါတဲ့အချက်တွေပါပဲ။ အိပ်ရာနဲ့ ပတ်ဝန်းကျင်ကို သက်သောင့်သက်သာနဲ့ အိပ်ချင်စဖွယ်အနေထားဖြစ်အောင်လုပ်ပေးခြင်းကလည်း ကိုယ့်ရဲ့အိပ်စက်ခြင်းကို အများကြီးအထောက်ကူဖြစ်စေနိုင်ပါတယ်။

(၈) အိပ်ခါနီးစိုးရိမ်ပူပန်မှုတွေကို ဖြေလျှော့ထားပါ။ မနက်ဖြန်အတွက် အစီစဉ်တွေဆွဲတာ၊ အကြောင်းရာကိစ္စအမျိုးမျိုးကြောင့် စိတ်ပူပန်သောကတွေကို ခဏမေ့ထားပါ။ ဒီအချက်တွေကလည်း အိပ်မပျော်စေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အလုပ်ချိန်ပြီးချိန် ဒါမှမဟုတ် ညစာစားပြီးချိန်တဲ့အချိန်မှာ နောက်တစ်နေ့လုပ်ဆောင်ရမယ့်တာဝန်တွေကို တခါတည်းအစီစဉ်ဆွဲပြင်ဆင်ထားပါ။ ညအိပ်ချိန် အိပ်ရာထဲရောက်မှ တွေးတောစီစဉ်ခြင်းက အိပ်စက်မှုအတွက် အနှောက်ယှက်ဖြစ်စေပါတယ်။

(၉) မအိပ်ခင် စိတ်နဲ့ ခန္ဓာကိုယ် ဖြေလျော့အပန်းပြေစေမယ့် ကုထုံးတွေလုပ်ပါ။ ဥပမာ ကိုယ်နှစ်သက်ရာ အနှိပ်စက်နဲ့ အနှိပ်ခံတာ၊ တရားထိုင်တာ၊ ယောဂလေ့ကျင့်တာ စတာတွေက အိပ်စက်ခြင်းအတွက် အများကြီးအထောက်ကူဖြစ်စေပါတယ်။

 

⇐ Previous Next

Read 2041 times