Technology

Apple's first 5G iPhone 12 Series

Apple's first 5G iPhone 12 Series

Apple ကမနေ့ညက ကျင်းပခဲ့တဲ့ Event မှာ သူတို့ရဲ့ ပထမဦးဆုံး 5G ဖုန်းဖြစ်တဲ့ iPhone 12 ကိုကြေညာသွားခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ basic model ဖြစ်တဲ့ iPhone 12,12 pro ,12 promax ဆိုပြီးထွက်လာပါတယ်။ ထူးခြားတာတစ်ခုကတော့ iPhone 12 mini ဆိုတဲ့ 6s plus display  နီးနီးရှိတဲ့ model အသစ်တစ်မျိုးပါဝင်လာတာပါ။ ဒီဇိုင်းအနေနဲ့ လုံးမနေတော့ပဲ ယခင် 5 5s လိုမျိုး လေးထောင့် ပြန်ဖြစ်သွားမှာပါ(သူတို့ကတော့ New Design ပြောတာပဲ) 

အရောင်တွေကတော့ တော်တော်လေးမိုက်တဲ့အရောင်လေးတွေပါလာပါတယ်။ Graphite, White, (PRODUCT)RED, Green နဲ့ Pacific Blue ဆိုပြီး အရောင် (၅) မျိုးနဲ့ ရရှိနိုင်မှာပါ။Modelတိုင်းမှာ Super Retina Display ပါဝင်မှာဖြစ်ပြီး iPhone 11 ထက် resolution နှစ်ဆဖြစ်သွားပါမယ်။

 

 

iPhone 12 mini အနေနဲ့ 5.4” Super Retina XDR display,  12 အနေနဲ့ 6.1” Super Retina XDR display,12 pro အနေနဲ့ 6.1” Super Retina XDR display နဲ့ 12 pro max အနေနဲ့ကတော့ 6.7” Super Retina XDR display တွေအသီးသီးပါဝင်မှာပါ။ Model  အားလုံးမှာ 5G ပါဝင်မှာဖြစ်ပြီး 12 mini ကိုကမ္ဘာ့အပေါ့ဆုံးနဲ့ အပါးဆုံး 5G ဖုန်းလို့လည်း ကြွားလုံးထုတ်ထားပါသေးတယ်။

ရှေ့မှန်မှာလည်း Ceramic Glass လို့ခေါ်တဲ့ နည်းပညာအသစ်ကိုအသုံးပြုထားပြီး ယခင်ကထက် (၄) ဆပိုအကြမ်းခံမှာပါ။ Ceramic ဆိုတာမျိုးက ပုံမှန်အားဖြင့် ဖောက်မမြင်ရပေမယ့် Glass နဲ့ ရောစပ်ပြီး အဆင့်မြှင့်နည်းပညာသုံးကာ မာကျောမှုမြှင့်လိုက်ပေမယ့်လည်းကြည့်ရတဲ့ အရည်အသွေးလုံးဝမကျအောင် လုပ်ထားတာပါ။ နောက်တစ်ခုက ကမ္ဘာ့ပထမဦးဆုံး 5nm CPU ဖြစ်တဲ့ A14 Chip ဖြစ်ပြီး ကျန်တဲ့ဘယ်ဖုန်းတွေထက်မဆို 50% ကြီးတောင်ပိုမြန်ဦးမှာပါ။ Battery Capacity ကိုနည်းနည်းလေး လျော့လိုက်တယ်ဆိုပေမယ့် A14 ရဲ့အစွမ်းကြောင့် Video Playback ကို 17hr ကနေ 18hr ထိရတယ်ဆိုတာကတော့ လုံးဝအကြမ်းစားပါပဲ။

 

 

Cameraပိုင်းမှာဆိုရင်လည်း ထင်ကြေးပေးခဲ့ကြတဲ့အတိုင်း LiDAR Sensor ကိုအသုံးပြုလာပါတယ်။ LiDAR ရဲ့အစွမ်းကြောင့် Autofocus မှာ “6” ဆလောက်ပိုမြန်လာမယ်။ တော်တော်လေးမိုက်တဲ့ Night Mode တွေရလာပါလိမ့်မယ်။ LiDAR ဘယ်လောက်ကောင်းတယ်ဆိုတာကတော့ Huawei ရဲ့ Mate Series ကိုကြည့်ရင်သိမှာပါ။ HDR Video Recording ရရှိမှာဖြစ်ပြီး အဆင့်မြင့် Dolby Vision HDRနဲ့ ရိုက်ကူးနိုင်မှာပါ။ Photos App ထဲမှာတင် Edit လုပ်နိုင်မှာဖြစ်ပြီး၊ Dolby Vision HDR Video တွေကို ရိုက်ကူး၊ တည်းဖြတ်၊ ကြည့်ရှု၊ မျှဝေနိုင်မယ့် ပထမဆုံးနဲ့ တစ်ခုတည်းသောဖုန်းဖြစ်ပါတယ်။ ip 68 ပါဝင်လာပြီး ရေအောက် 6 မီတာအနက်မှာ မိနစ် 30 ထိအသုံးပြုနိုင်မှာပါ။

 

 

စျေးတွေအနေနဲ့ကတော့  12 mini ကို $699, 12 ကို $799 ,12 pro ကို $999 နဲ့ 12 pro max ကို $1099 ဆိုပြီးအသီးသီးရှိမှာပါ။ iPhone 12 နဲ့ 12 Pro ကို October 16 ရက်နေ့နဲ့ 12 pro max နဲ့ 12 mini ကို November 13 ရက်နေ့တို့မှာ အသီးသီး Preorder တင်နိုင်မှာပါ။

သြော်...ဒါနဲ့ 60hz ပဲနော် 120hz မဟုတ်သလို 90hz ကလည်းမပါပါဘူးတဲ့ဗျာ။

 

⇐ Previous Next

Read 4674 times