Things To Do

Are you looking for Businesses Related To Pet??

Are you looking for Businesses Related To Pet??

တိအရောင်းဆိုင်လေးတွေ ရှာနေလား?

တိဆေးခန်းတွေရဲ့ လိပ်စာလိုအပ်လား?

တိလေးတွေအတွက် အစာနဲ့ အသုံးအဆောင်ပစ္စည်း  ဘယ်မှာဝယ်ရမလဲ?

အပေါ်ကဟာတွေကို ခေါင်းခြောက်ခံပြီး စဉ်းစားမနေပါနဲ့။ တိလေးတွေအတွက် လိုအပ်မယ့် ဆိုင်တွေကို ရန်ကုန်လမ်းညွှန်ဝဘ်ဆိုက်မှာ တစ်ထိုင်တည်း ရှာဖွေလိုရပါပြီ။

သင်ဟာ တိလေးတွေကို ချစ်လို့ မွေးချင်တယ်။ ဒါပေမဲ့ ဘယ်အကောင်လေးတွေကို အိမ်မှာ ဘယ်လို မွေးရမလဲဆိုတာ မသိတာမျိုး ဖြစ်နေတတ်ပါတယ်။ တကယ်တော့ အိမ်မွေးတိရစ္ဆာန်လေးတွေဆိုတာ သေချာမွေးတတ်ရင် သင့်အတွက် အဖော်မွန်ကောင်းတွေတောင် ဖြစ်လာနိုင်ပါသေးတယ်။

ဒါကြောင့် အိမ်မှာ ဘယ်တိရစ္ဆာန်လေးတွေ မွေးသင့်တယ် ဆိုတာရယ်နဲ့ တိလေးတွေကို ပြုစုစောင့်ရှောက်တဲ့အခါမှာ လိုအပ်လာမယ့် အရောင်းဆိုင်တွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုလည်း တစ်ခါတည်း လမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်။

၁။ ခွေး

Buy Dogs in Dubai | Best Pet Shop Dubai | Puppies for sale in Dubai

ခွေးသည် အမျိုးအစားအလိုက် တစ်ကောင်နဲ့တစ်ကောင် အရွယ်အစား၊ အသိဉာဏ်နဲ့ နေထိုင်မှုပုံစံ ကွဲပြားကြပါတယ်။ အမျိုးအစားရွေးချယ်စရာများတာမို့ ကိုယ်နဲ့ကိုက်မယ့်၊ ကိုယ့်မိသားစုနဲ့ အဆင်ပြေမယ့် ခွေးအမျိုးအစားကို စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်။ ဥပမာ - ကိုယ့်မိသားစုက အိမ်နဲ့ဝန်းနဲ့နေတယ်၊ ခြံကလည်း လုံလုံလောက်လောက် ကျယ်မယ်ဆို ခွေးအကြီးမျိုးတွေ မွေးဖို့ အဆင်ပြေနိုင်ပါတယ်။

၂။ ကြောင်

The cat's meow | The Humane Society of the United States

ကြောင်မွေးရတာက ခွေးလောက် အားစိုက်ထုတ်စရာမလိုပေမဲ့ ပုံမှန်လုပ်ပေးရမယ့် အရာလေးတွေတော့ ရှိပါတယ်။ အစာရေစာ ပုံမှန်ကျွေးရမယ်၊ ကျန်းမာရေးလည်း နည်းနည်းတော့ ပိုဂရုစိုက်ရပါမယ်။

၃။ ယုန်

9 Things to Know Before Getting a Pet Rabbit

ယုန်လေးတွေဟာလည်း အိမ်မှာမွေးနိုင်တဲ့ ချစ်စရာ အကောင်ငယ်လေးတွေထဲမှာ ပါပါတယ်။ ယုန်လေးတွေက လှောင်အိမ်နဲ့ မွေးရတယ်ဆိုပေမဲ့ မကြာမကြာ အပြင်ထုတ်ပေးဖို့ လိုပါတယ်။

အပြင်ထုတ်ထားတဲ့အချိန်လေးတွေမှာတော့ အတော်လေး သတိရှိဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့လေးတွေက တွေ့သမျှ ကောက်ဝါးတတ်ကြတာမို့ သူတို့ကို သေချာလိုက်မကြည့်နေဖူးဆိုရင် အိမ်မှာရှိသမျှ ပျက်စီးနိုင်ပါတယ်။

၄။ ငှက်

ကြက်တူရွေး

ငှက်တွေကိုလည်း အိမ်မွေးတိရစ္ဆာန်လေးတွေအဖြစ် မွေးတတ်ကြပါတယ်။ ငှက်ကလေးတွေကို လှောင်အိမ်ထဲမှာပဲ ထည့်ထားမျိုးမလုပ်ဘဲ သူတို့လေးတွေ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်မယ့် သီးသန့်နေရာလေးတစ်ခု ဖန်တီးပေးထားသင့်ပါတယ်။ ငှက်မွေးမယ်ဆို အနည်းဆုံး နှစ်ကောင် မွေးပါ။ ဒါဆို ငှက်လည်း အထီးမကျန်တော့ဘူးပေါ့။

၅။ ဟမ်းစတား

What Can Hamsters Eat? [Expert Advice + FAQs Included]

ဟမ်စတားလေးတွေကို အခုနောက်ပိုင်း အိမ်တွေမှာ တော်တော်လေးမွေးလာကြပါတယ်။ သူတို့လေးတွေက ချစ်ဖို့လည်းကောင်းပြီး အိပ်ချိန်ကလွဲရင် တစ်ချက်မှ အငြိမ်မနေတဲ့ ကြွက်ဝတုတ်လေးတွေပါ။ ဒါပေမဲ့ ဟမ်းစတားလေးတွေက လူယဉ်ပါတယ်။ သူတို့က သက်တမ်းတိုတဲ့ အကောင်ပေါက်လေးတွေ ဖြစ်ပါတယ်။

၆။ ရွှေငါး

500+ Goldfish Pictures | Download Free Images on Unsplash

ရွှေငါးလေးတွေကတော့ အပေါ်က အကောင်လေးတွေလိုတော့ ပွတ်သပ်ကိုင်တွယ်လို့ မရပါဘူး။  သူတို့လေးတွေကို မှန်ရေကန်ထဲမှာ အောက်ဆီဂျင်လေးနဲ့ ထားပြီး မွေးရပါတယ်။

သူတို့လေးတွေ ရေကန်ထဲမှာ ကူးခတ်နေတာကို မြင်ရတာလည်း တစ်မျိုးစိတ်ချမ်းသာစေပါတယ်။ နောက်ပြီး ကိုယ့်မိသားစုက အိမ်မွေးတိရစ္ဆာန်အတွက် အချိန်အများကြီး မပေးနိုင်ဘူးဆို ရွှေငါးလေးတွေ မွေးတာ အဆင်ပြေစေမှာပါ။

အိမ်မွေးတိရစ္ဆာန်လေးတွေဆိုတာ ဝယ်ပြီး အိမ်မှာမွေးလိုက်ရုံနဲ့ တာဝန်မပြီးသေးပါဘူး။ သူတို့လေးတွေရဲ့  ကျန်းမာရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အစားအသောက်အတွက်သာမက လိုအပ်မယ့် အသုံးအဆောင်ပစ္စည်းလေးတွေထိပါ တာဝန်ယူပေးဖို့ လိုလာပါပြီ။

ဒါကြောင့် တိချစ်သူလေးတွေအတွက် သိထားရမယ့် တိရစ္ဆာန်အရောင်းဆိုင်တွေ၊ တိရစ္ဆာန်ဆေးကုခန်းတွေ၊ Pet Spa တွေ၊ တိရစ္ဆာန်အစာနဲ့ အသုံးအဆောင်ပစ္စည်း အရောင်းဆိုင်တွေရဲ့  ဖုန်းနံပါတ်နဲ့ လိပ်စာအပြည့်အစုံတို့ကို သက်ဆိုင်ရာမြို့နယ်အလိုက် ရန်ကုန်လမ်းညွှန်ဝဘ်ဆိုက်မှာ အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်နေပါပြီ။

တိအရောင်းဆိုင် (၉၄) ခု - https://bit.ly/3GJPKbl

တိဆေးခန်း (၁၀၆) ခု - https://bit.ly/3V3H83q

တိအစာအရောင်းဆိုင် (၁၆၇) ခု - https://bit.ly/3U3zh4v

တိအသုံးအဆောင်ပစ္စည်း အရောင်းဆိုင် (၂၂) ခု - https://bit.ly/3ic0lS7

တိ Spa (၁၄) ခု - https://bit.ly/3OC5hf3

ရန်ကုန်လမ်းညွှန်ဝက်ဆိုဒ်လင့်ခ်

>> https://bit.ly/3yaGlFp

>> https://bit.ly/3vGH53l

 

⇐ Previous Next

Read 2238 times