Things To Do

The First FDB Bank In Yangon

The First FDB Bank In Yangon

တောင်သူလယ်သမား ဖွံ့ဖြိုးရေးဘဏ်လီမိတက် (FDB) ဘဏ်ရဲ့ ပထမဆုံး ရန်ကုန်ဘဏ်ခွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့က ရွှေဘုံသာလမ်း (အထက်ဘလောက်)၊ ပန်းပဲတန်းမြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ 

FDB ဘဏ်သည် နိုင်ငံတဝှမ်းတွင် စီးပွားရေးလုပ်ငန်းများစွာကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Excellent Fortune Development Group (EFD Group) ရဲ့ စီးပွားရေးလုပ်ငန်းများအနက်က ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းခွဲတစ်ခုဖြစ်ပါတယ်။

FDB ဘဏ်သည် ပထမဆုံး ဘဏ်ခွဲအဖြစ် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၈၄လမ်း၊ ၂၈လမ်းနှင့် ၂၉ လမ်းကြားတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ (၂၉) ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး အခုတစ်ခါမှာတော့ ဒုတိယ ဘဏ်ခွဲအဖြစ် ရန်ကုန်မြို့တွင် ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

FDB ဘဏ်သည် လာမည့်တစ်နှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မိတ္ထီလာ၊  မော်လမြိုင်၊ မြဝတီ၊ မူဆယ်၊ လာရှိုး၊ ပြင်ဦးလွင်၊ မြစ်ကြီးနား၊ ဖားကန့်၊ တောင်ကြီး၊ တာချီလိတ်၊ ပဲခူး၊ ပြည်၊ မုံရွာ၊ မကွေး၊ ထားဝယ်၊ ပုသိမ် စတဲ့ မြို့ကြီးများတွင် ဘဏ်ခွဲများ ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လာမယ့် (၅) နှစ်အတွင်း ဘဏ်ခွဲပေါင်း (၁၀၀) ကျော်ကို ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

FDB ဘဏ်မှ ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့ -

  • ပြည်တွင်းငွေလွှဲခြင်း
  • အပ်ငွေ၊ ချေးငွေ ဝန်ဆောင်မှု
  • ATM/ CRM ဝန်ဆောင်မှု
  • ကတ်ဝန်ဆောင်မှု
  • Payroll ဝန်ဆာင်မှု
  • Bank Guarantee ဝန်ဆောင်မှု

Premier Banking ဝန်ဆောင်မှုအပါအဝင် အခြားသော အထွေထွေဘဏ်ဝန်ဆောင်မှုများကို နားလည်တတ်ကျွမ်းပြီး ယဉ်ကျေးပျူငှာသော ဘဏ်ဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုများဖြင့် ပံ့ပိုးဖြည့်ဆည်းပေးနေပါတယ်။

FDB ဘဏ်က စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အသေးစားနဲ့ အလတ်စားလုပ်ငန်း ချေးငွေ (SME Loan)၊ ကုန်သွယ်လုပ်ငန်းဆိုင်ရာချေးငွေ (Commercial Term Loan) တွေအပြင် မော်တော်ယာဥ်ချေးငွေ (Vehicle Loan) နဲ့ ဝန်ထမ်းချေးငွေ (Staff Loan) တွေလိုမျိုး အခြားသော ချေးငွေ အစီအစဥ်တွေကိုလည်း ဝန်ဆောင်မှုပေးသွားမှာပါ။ ဆက်လက်ပြီး အိမ်ရာချေးငွေ (Home Loan)၊ သဘာ၀ပတ်ဝန်ကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာချေးငွေ (Green Loan) နဲ့ လယ်ယာသုံး ပစ္စည်းကိရိယာများအတွက် အငှားဝယ်စနစ်ချေးငွေ (Hire Purchase Loan) တို့ကိုလည်း မကြာခင်မှာ ပေးအပ်သွားနိုင်ဖို့ ကြိုးစား ဆောင်ရွက်နေပါတယ်။ 

ဒါ့အပြင်‌ Mobile Banking၊ iBanking၊ e-Wallet၊ နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုများ၊ နိုင်ငံတကာဘဏ်လုပ်ငန်း စတာတွေကိုလည်း မကြာမီကာလတွင် ဝန်ဆောင်မှုပေးနိုင်ဖို့ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ရန်ကုန်ဘဏ်ခွဲဖွင့်လှစ်သည့် အထိမ်းအမှတ်အနေဖြင့် ရရှိနိုင်သည့် ပရိုမိုးရှင်းတွေကတော့ -

(၁) ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၂၈) ရက်နေ့မှ ဒီဇင်ဘာ (၂) ရက်နေ့အတွင်း ရွှေဘုံသာဘဏ်ခွဲတွင် စာရင်းလာရောက်ဖွင့်လှစ်မယ့် ပထမဆုံးသော ဧည့်သည်အယောက် (၅၀၀) ကို အထူးလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ပါတယ်။

(၂) စာရင်းသေအပ်ငွေ အပ်နှံချင်သူများအတွက် အထူးအစီအစဉ်အနေဖြင့် ပိုမိုမြင့်မားသောအတိုးနှုန်း ခံစားခွင့်များ ရရှိနိုင်တဲ့ ငွေပြုံးပရိုမိုးရှင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်နေ့အထိ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရရှိမယ့် အတိုးငွေများကို စာရင်းဖွင့် အပ်နှံသည့်နေ့တွင် တစ်ခါတည်း စာရင်းထဲ ထည့်သွင်းပေးမှာဖြစ်ပါတယ်။

(၃) FDB Bank ရဲ့ MPU debit card ကိုင်ဆောင်သူများအတွက် ငွေသားဆုများနှင့် နောက်ဆုံးပေါ်  iPhone 14 ရရှိနိုင်မည့် ငွေလာဘ်ပရိုမိုးရှင်းအစီအစဉ်ကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။ ငွေလာဘ်ပရိုမိုးရှင်းအစီအစဉ်တွင် ၃ လအတွင်း FDB ဘဏ်ရဲ့ MPU ကတ်ဖြင့် တစ်ကြိမ်လျှင် ကျပ် ၁၀,၀၀၀ နှင့်အထက် ငွေပေးချေမှု အကြိမ်ရေ အနည်းဆုံး ၁၅ ကြိမ် (သို့) ကျပ် ၁၀၀,၀၀၀ နှင့်အထက် ငွေပေးချေမှု အနည်းဆုံး ၃ ကြိမ် ပြုလုပ်ရုံဖြင့် ပါဝင်နိုင်မည်ဖြစ်ပါတယ်။

FDB ဘဏ်နှင့်ပတ်သက်သော အကြောင်းအရာများကိုဖြစ်စေ၊ အထူးအစီအစဉ်များအကြောင်းကိုဖြစ်စေ သိရှိလိုပါက ဘဏ်ရဲ့ Facebook နှင့်  LinkedIn  လူမှုကွန်ယက် စာမျက်နှာများတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက ၀၉ ၇၇၇၇ ၈၈၈၈၁ ကို ဖုန်းခေါ်ဆို၍ သော်လည်းကောင်း၊ [email protected] ကို စာပို့၍သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါတယ်။

⇐ Previous Next

Read 959 times