Health & Beauty

Do's and Don'ts for Gym Beginners

Do's and Don'ts for Gym Beginners

သင်ကအခုမှ Workout စလုပ်မယ်ဆို သိထားရမယ့်အချက်တွေအများကြီးရှိပါတယ်။ အဲ့ဒီထဲကမှ အရေးကြီးမယ်လို့ ယူဆရတဲ့ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။ 

 

  1. မိမိကိုယ်ကို ဂုဏ်ယူပါ

တစ်ပေါင် အလေးကိုပဲ မမ ၊ ပေါင် (၁၀၀) အလေးကိုပဲမမ ကိုယ်ဟာဒီလို လေ့ကျင့်ခန်းလုပ်နေတယ်ဆိုတာနဲ့တင် ဂုဏ်ယူသင့်နေပါပြီ။ သိပ်မလုပ်နိုင်သေးဘူးဆိုပြီး ကြောက်နေစရာမလိုသိလို သူများတွေလုပ်နိုင်တယ်ဆိုတာ ကြည့်ပြီးလိုက်အားကျနေဖို့မလိုပါဘူး။ 

 

  1. မေးဖို့မရှက်ပါနဲ့ 

ကိုယ်မသုံးတတ်တဲ့ စက်တွေကို ဘယ်လိုသုံးရမလည်းဆိုတာ မေးဖို့မရှက်ပါနဲ့။ တတ်နိုင်ရင် Trainer နဲ့ဆော့တာ အကောင်းဆုံးပါ။

 

  1. လွယ်တဲ့ဟာတွေကိုပဲမဆော့ပါနဲ့

Beginner အများစုက လမ်းလျောက်စက်လိုမျိုး လွယ်တာတွေပဲဆော့လေ့ ရှိကြပါတယ်။ သွေးထွက်နည်းဖို့ဆိုရင် ချွေးထွက်များဖို့လိုပါတယ်။ 

 

  1. အစားကိုဂရုစိုက်ပါ

ဘယ်လောက်လေ့ကျင့်ခန်းတွေပဲ လုပ်လုပ် အစားကိုသေချာဂရုစိုက်မစားဘူးဆိုရင်တော့ ကျန်းမာတဲ့ ဝက်ကြီးပဲ ဖြစ်နေမှာပါပဲ ။ လေ့ကျင့်ခန်း လုပ်ပြီးရင် ပရိုတိန်းများတဲ့ အစားအစားတွေကို သေချာစားပါ။ 

 

  1. စိတ်ရှည်ရှည်ထားပါ

ဝိတ်ကျတယ်၊ ဝိတ်တိုးအောင်လုပ်တယ်ဆိုတာ တစ်ခါဆော့လိုက်ရုံနဲ့ ဖြစ်သွားတဲ့အရာတွေမဟုတ်ပါဘူး။ ကိုယ်လုပ်နိုင်တဲ့ ပမာဏကိုပဲ ဆော့ရင်းနဲ့ တဖြည်းဖြည်းတိုးတာ အကောင်းဆုံးပါ။ 

 

  1. သေချာအနားယူပါ

အတွေ့အကြုံရှိတဲ့ အားကစားသမားတွေတောင် အနားယူတာ ဘယ်လောက်အရေးကြီးမှန်းသိကြပါတယ်။ သင်လည်း အနားယူပါ စူပါမန်းမဟုတ်ပါဘူး :3

ကဲဒီလောက်ဆိုရင်တော့  Gym စဆော့တဲ့အခါ ဆောင်ရန်ရှောင်ရန်တွေ သိသွားလောက်ပြီလို့ထင်ပါတယ်နော်။

⇐ Previous Next ⇒

Read 7307 times