Health & Beauty

Does potato make your body physically development?

Does potato make your body physically development?

အမျိုးသမီးတွေက အစားအစာကရတဲ့ ကစီဓါတ်တွေ ပရိုတင်းဓါတ်တွေကို ခန္ဓာကိုယ်အောက်ပိုင်းမှာ စစုပါတယ်။ ဥပမာ ပေါင်လို တင်လိုနေရာမျိုးတွေမှာပေါ့။ အမျိုးသားတွေကတော့ ဗိုက်မှာစစုလို့ ဗိုက်ခေါက်ထွက်နိုင်ချေ ရာခိုင်နှုန်းပိုများပါတယ်။

တင်ပါးကြီးစေဖို့အတွက် အာလူးအပြင် တခြားစားသင့်တဲ့အစားအစာများ

- အစေ့အဆန်
- ပေါင်မုန့်ကြမ်း
- တူနာငါး၊ ငါးအမျိုးမျိုး
- ကန်စွန်းဥ
- အမဲသား၊ ကြက်သား၊ အသားအမျိုးမျိုး
- ကြက်ဥ
- အစိမ်းရောင် ဟင်းသီးဟင်ရွက်၊ အသီးအနှံ
- ထောပတ်သီးတွေကို စားသုံးပေးသင့်ပါတယ်။

အစားအစာကို သေချာဂရုစိုက်ပေးဖို့လိုအပ်တဲ့အပြင် လေ့ကျင့်ခန်းတွေပါ လုပ်ပေးသင့်ပါတယ်။

 

တင်ပါးကြီးဖို့အတွက် အလွယ်အကူဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းကို ပြောပြပါဆိုရင် ထိုင်ထလုပ်ပေးခြင်းပါပဲ။ ဒါပေမယ့် ပိုထိရောက်တဲ့ နည်းလမ်းကတော့ ထိုင်ထလုပ်တဲ့အခါ ထိုင်ချတဲ့အချိန်မှာ အောက်အထိရောက်အောင် ထိုင်လိုက်တာမျိုးမဟုတ်ဘဲ တဝက်ပဲထိုင်ပြီး ပြန်ထရပါတယ်။ ထိုနောက် လက်နှစ်ချောင်းကိုလည်း ပုခုံးအကျယ်အတိုင်း အရှေ့ကို ဆန့်ထားရပါမယ်။ ဒီနည်းလမ်းလေးက သင့်ကို ပိုပင်းပန်စေပေမယ့် အများကြီး ပိုထိရောက်တာကို တွေ့နိုင်ပါတယ်။ တကယ်လို့ အဲ့ဒီလေ့ကျင့်ခန်းကို လုပ်တော့မယ်ဆိုရင် အနည်းဆုံး တစ်နေ့ကို အခါ သုံးဆယ်လောက် လုပ်သင့်ပါတယ်။

ထို့နောက် မနက်တိုင်း လမ်းလျှောက်ပေးတာ၊ ပြေးတာ၊ ကိုယ်ကာယ လေ့ကျင့်ခန်းမျိုး လုပ်ပေးပါ။ အစာကို ဂရုစိုက်စားမယ်၊ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကိုလည်း ပြောင်းလဲလိုက်မယ်ဆိုရင် အချိန်တိုအတွင်းမှာ သွယ်လျလှပပြီး ကြည့်ကောင်းတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။

⇐ Previous Next

Read 3000 times