Health & Beauty

Exercises that can be done easily at home during Covid-19

Exercises that can be done easily at home during Covid-19

ကိုဗစ်ကာလဖြစ်တဲ့လို့ အိမ်မှာပဲ နေနေရတာက တော်တော်လေးကို ပျင်းဖို့ကောင်းလှပါတယ်။ဒီထက်ဆိုးတာက  ဗိုက်အောက်မှာ တဖြည်းဖြည်းနဲ့ စုလာတဲ့ အဆီတွေပါပဲ။ ဒါကြောင့်မို့လို့ အဆီပိုတွေတက်မလာအောင် အိမ်မှာနေရင်းလုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

ကြိုးခုန်မယ်

ကြိုးခုန်တယ်ဆိုတာ အိမ်မှာလုပ်ဖို့အလွယ်ဆုံးပါပဲ။ ကြိုးလေးတစ်ချောင်းရှိတာနဲ့ကို ကယ်လိုရီတွေလောင်ကျွမ်းအောင် လုပ်လို့ရပါတယ်။ တစ်မိနစ်ကို အကြိမ် (၁၂၀) ကြိုးခုန်မယ်ဆိုရင် တစ်နာရီကို ကယ်လိုရီ (၆၆၀နဲ့ ၉၉၀) ကြားလောင်ကျွမ်းစေပါတယ်။

လှေကားတက်မယ်

ရန်ကုန်မှာက တိုက်ခန်းတွေများတော့ တစ်ထပ်နဲ့တစ်ထပ်ကြားမှာ လှေကားတွေရှိကြပါတယ်။ ဆိုတော့ ဒီလှေကားတွေကို လေ့ကျင့်ခန်းလုပ်စရာအနေနဲ့ သုံးလို့ရပါတယ်။ အရှိန်မြန်မြန်နဲ့ မိနစ် (၂၀)လောက် အတက်အဆင်းလုပ်ပေးတာကလည်း အဆီပိုတွေကိုကျစေမှာပါ။

ခါးလှည့်ကွင်းလှည့်မယ်

ဒီဟာလေးကလည်း Hardcore gym သမားမဟုတ်တဲ့သူတွေကြားမှာ တော်တော်လေးခေတ်စားနေတဲ့ လေ့ကျင့်ခန်းလေးပါ။ ဒီခါးလှည့်ကွင်းလေးကလည်း တစ်မိနစ်ကို ကယ်လိုရီ (၇) လောက် လောင်ကျွမ်းစေနိုင်ပါတယ်တဲ့နော်။

ဒိုက်ထိုးမယ်

ခန္တာကိုယ်မှာ အဆီပိုတွေမရှိဖို့ဆိုရင် ဒိုက်ထိုးတာကလည်း လွယ်လွယ်ကူကူနဲ့ အကျိုးရှိတဲ့ လေ့ကျင့်ခန်းလေးတစ်ခုပါပဲ။ဘာလို့လဲဆိုတော့ ဘယ်နေရာမဆို ဘာပစ္စည်းမှမလိုပဲ လုပ်နိုင်ပါတယ်။  အခုမှ စလုပ်မယ့်သူတွေအတွက်ဆိုရင် ဆယ်ခါစီ (၃)ခေါက်လုပ်ပြီး တစ်ခေါက်စီကြားထဲမှာ စက္ကန့် (၃၀)လောက်နားပေးပါ။

ကိုဗစ်ကာလမှာ ကိုယ်ခံအားကောင်းအောင်နေရမှာမလို့ အခုပြောပြတဲ့ လေ့ကျင့်ခန်းလေးတွေကို လိုက်လုပ်ကြမယ်လို့မျော်လင့်ပါတယ်။

By Aung Myo Hein

⇐ Previous Next ⇒

Read 3555 times