Technology

Facebook Wifi Features and Benefits

Facebook Wifi Features and Benefits

Facebook က Facebook Wifi ဆိုတဲ့ Feature သစ်တစ်ခုကို ဇွန်လလယ်မှာ စတင် လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၁၀၀,၀၀၀ ကျော်ဟာ Facebook Wifi ကို တွင်တွင်ကျယ်ကျယ် သုံးလာကြပါပြီ။

 

မြန်မာနိုင်ငံမှာတော့ Facebook Wifi ကို သေချာသိသူ နည်းသေးတာကြောင့် အသုံးပြုတဲ့ Page အနည်းငယ်သာ ရှိပါသေးတယ်။ ဒါပေမဲ့ တွေ့ရသလောက်တော့ ၁၀၀ ကျော် ရှိနေပါပြီ။ City Mart, Yangon Door2Door, YKKO, Pizza Hut, Real Fitness, Easy Mart စတဲ့ လူသိများတဲ့ လုပ်ငန်းကြီးတွေလည်း သုံးနေပါတယ်။

 

Facebook ရဲ့ ထုတ်ပြန် ကြေညာချက်အရဆိုရင် Facebook Wifi ကို ချိတ်ထားမယ်ဆိုရင် မိမိရဲ့ Page ကို Facebook Users တွေက လွယ်ကူစွာ Check-In လုပ်နိုင်ပြီး Like တွေလည်း ပိုရနိုင်သလို လူအများကြီးဆီလည်း Reached ပိုရောက်နိုင်တယ်လို့ ဆိုပါတယ်။

 

ဒီ Feature ဟာ Facebook Page ထောင်ထားတဲ့သူတွေအတွက် မိမိလုပ်ငန်းကို လူသိပိုများစေနိုင်သလို Facebook Users တွေအနေနဲ့လည်း မိမိအနီးအနားမှာရှိတဲ့ Facebook Page တွေရဲ့ Wifi ကို Password မလိုပဲ ချိတ်ဆက်ပြီး ဆိုင်တွေ၊ လုပ်ငန်းတွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို လွယ်ကူစွာ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

 

အဲဒီတော့ Page တွေအနေနဲ့ Facebook Wifi ကို ဘယ်လိုလွှင့်မလဲ၊ Facebook User တွေကရော ဘယ်လိုချိတ်လို့ ရနိုင်မလဲ ဆိုတာကို ပုံလေးတွေနဲ့တကွ တစ်ဆင့်ချင်း သေချာ ရှင်းပြပေးသွားပါမယ်။

 

Facebook Wifi ကို Page တွေက ဘယ်လိုလွှင့်မလဲ

ပထမဦးဆုံးအနေနဲ့ မိမိ Page ထဲကို ဝင်ပြီး Edit Page ကနေတဆင့် Page Info ဆိုတာကို နှိပ်ပါ။ Scoll လုပ်လိုက်ရင် အလယ်လောက်မှာ Wi-Fi ( Location နဲ့ Hours ကြားမှာ ရှိပါတယ်။ ) ကို တွေ့ပါလိမ့်မယ်။ 

 

 

အဲဒီမှာ Add Wifi Network Name မှာ မိမိကြိုက်တဲ့နာမည် သို့ Page Name ထည့်လိုက်ပါ။ ဒါဆို ရပါပြီ။ မိမိလုပ်ငန်း တည်နေရာနဲ့ နီးစပ်တဲ့သူတွေ Facebook Wifi ကတစ်ဆင့် ရှာတဲ့အခါ ကိုယ့်ရဲ့ Page လေး ပေါ်နေမှာ ဖြစ်ပါတယ်။

 

 

Facebook Wifi ကို ဘယ်လို ချိတ်လို့ ရမလဲ

ဒါကတော့ ရိုးရိုး Users တွေအတွက်ပါ။ Facebook Setting ထဲကနေ Facebook Wifi ကို ဝင်ပြီး နီးစပ်ရာ ဆိုင်တွေ၊ လုပ်ငန်းတွေရဲ့ Wifi ကို လှမ်းချိတ်လို့ ရပါတယ်။ ( Location တော့ ဖွင့်ထားဖို့ လိုပါတယ်။ ) ဆိုင် List တွေ ကျလာပြီဆိုရင် မိမိကြိုက်တဲ့ဆိုင်ကို ရွေးချယ်ပြီး See More ကို နှိပ်ပါ။

 

 

ဒါဆိုရင် အဲဒီဆိုင် သို့ လုပ်ငန်းရဲ့ လိပ်စာ၊ ဖုန်းနံပါတ်၊ ဆိုင်ဖွင့်ချိန်တွေကို လွယ်ကူစွာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ Connect in Wifi Setting ကို နှိပ်မယ်ဆိုရင် သူ့ရဲ့ Wifi Name ကို ရှာဖွေ၊ ချိတ်ဆက်နိုင်မှာ ဖြစ်သလို View Place ကို နှိပ်လိုက်ရင် သူ့ရဲ့ Facebook Page ကို ရောက်ရှိသွားမှာပါ။ 

 

 

 

⇐ Previous Next

Read 1674 times