Health & Beauty

Food that should eat in the morning for health

Food that should eat in the morning for health

ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာစားခြင်းက တစ်နေကုန်အလုပ်လုပ်ဖို့ လိုအပ်တဲ့ Energy ပမာဏကိုရရှိရုံမက ကျန်တဲ့ အချိန်တွေမှာ အစားများတာကိုပါ တစ်ခါတည်းတားဆီးသလို ဖြစ်သွားပါတယ်။

 

ဒီတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာမှာဘယ်လိုအရာတွေပါလဲ ဆက်ကြည့်ကြည့်ရအောင်…..

 

ကြက်ဥ

 

ကြက်ဥစားတာ ကိုယ်ခန္တာအတွက် ကောင်းတယ်ဆိုတာငြင်းလို့မရပါဘူး။ စျေးသိပ်မကြီးတဲ့အပြင် သူ့မှာ ဗီတာမင် A,D,B12 ပရိုတိန်းဓာတ် တွေပါဝင်တဲ့အပြင် ကြက်ဥနှစ်လုံးစားခြင်းက ဦးနှောက်အတွက် အရေးကြီးတဲ့ Choline ပမာဏရဲ့ 50% ရာခိုင်နှုန်းထိရရှိနိုင်ပါတယ်။

 

ဒိန်ချဥ်

 

အချိုမပါတဲ့ ဒိန်ချဥ်စားခြင်းအားဖြင့် ဗိုက်ဆာတာကို လျော့နည်းစေတဲ့အပြင် အဆီတွေကိုလည်းလျော့နည်းစေပြီး ရင်သားကင်ဆာဖြစ်တာကိုလည်း ကာကွယ်နိုင်တယ်လို့လည်းဆိုပါတယ်။ နို့ထွက်ပစ္စည်းဖြစ်တာကြောင့် ဗီတာမင် D, ပရိုတိန်း နဲ့ ကယ်ဆီယမ်တွေလည်း ကြွယ်ဝပါတယ်။ အချဥ်မကြိုက်ဘူးဆိုရင်တော့ သကြားတို့ ထန်းလျက်ရည်တို့ မထည့်ပဲ အသီးအနှံလေးတွေထည့်ပြီးစားလို့လည်းရပါတယ်။

 

ငှက်ပျောသီး

 

ငှက်ပျောသီးကနေရတဲ့ ဗီတာမင် A နဲ့ Folate က ရိုးတွင်းချဥ်ဆီထဲမှာ သွေးနီဥနဲ့ သွေးဖြူဥ တွေထုတ်လုပ်ဖို့ အရေးကြီးတဲ့အပြင် ခန္တာကိုယ်ထဲမှာ ရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်းလျော့ချပေးပါတယ်။ အလွယ်တကူ သယ်သွားလို့ရတာမို့လို့ မနက်စာနောက်ကျရင်တောင် လမ်းမှာစားသွားလို့လည်း ရပါသေးတယ်။

 

Black Tea (or) Coffee

 

အချိုမပါတဲ့ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်တစ်ခွက်ကနေရတဲ့ ကဖိန်းဓာတ်နဲ့ antioxidants ဓာတ်တွေက ကျန်းမာရေးကောင်းဖို့အတွက် ဆက်စပ်နေတယ်လို့ လေ့လာတွေ့ရှိတာတွေ တော်တော်များများ ရှိကြပါတယ်။ အချိုမပါတဲ့အတွက် ကယ်လိုရီ (၀) သာရှိပြီး တစ်နေကုန် လန်းဆန်းစေဖို့ အထောက်အကူပြုမှာပါ။

 

ထောပတ်သီး

 

ထောပတ်သီးမှာ နှလုံးအတွက် ကောင်းမွန်တဲ့ ဗီတာမင် B လိုမျိုးအရာတွေပါဝင်တဲ့အပြင်  ကင်ဆာ၊ သွေးချိုစတဲ့ အဖြစ်များနေတဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့ ဓာတ်ပစ္စည်းတွေပါဝင်ပါတယ်။

 

By Aung Myo Hein

⇐ Previous Next

Read 2698 times