Health & Beauty

Food to live a longer and healthier life

 Food to live a longer and healthier life

ကျန်းမာရေးခြင်းဟာ လူသားတိုင်းအတွက် လာဘ်ကြီးတစ်ပါး ဖြစ်ပါတယ်။ လူသားတွေဟာ နေ့စဉ်လှုပ်ရှား သွားလာဖို့အတွက် ခန္တာကိုယ်က ပေးတဲ့ စွမ်းအင်တွေ လိုအပ်ပါတယ်။ မှန်ကန်တဲ့ စွမ်းအင်တွေ ရရှိဖို့ ကောင်းမွန်တဲ့ အစားအသောက်တွေကို စားသုံးရပါတယ်။ 

ရောဂါဘယ ကင်းကင်းနဲ့ လူ့သက်တမ်းပြည့်ဝတဲ့အထိ နေထိုင်ရခြင်းဟာလည်း လူသားတိုင်းရဲ့ တောင်းဆုတစ်ခုလို့ ဆိုရမှာပါ။ ဒီလိုမျိုး အသက်ရှည်ပြီး ကျန်းမာရေးကောင်းဖို့ သင်နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကတစ်ဆင့် ရယူနိုင်ပါတယ်။ 

ဒီလိုမျိုး နုပျိုကျန်းမာပြီး အသက်ရှည်ခြင်းကို ပေးစွမ်းနိုင်တဲ့ သဘာဝရဲ့ အာဟာရတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

  • ဘလူးဗယ်ရီသီး
  • ငါးကြီးဆီ
  • ထောပတ်သီး
  • အစေ့အဆံများ
  • ပန်းဂေါ်ဖီစိမ်း
  • ဂျုံဖြင့်ပြုလုပ်သောအစားအစာများ
  • ခရမ်းချဉ်သီး
  • ပဲပိစပ်

၁။ ဘလူးဗယ်ရီသီး 

Blueberry industry launches Blueberry Method campaign | 2020-04-30 |  Supermarket Perimeter

ဘလူးဗယ်ရီသီးမှာ အလွန်ပမာဏများပြားလှတဲ့ Anti-Oxdiant (ခေါ်) အရွယ်တင်နုပျိုစေတဲ့ ဓာတ်အများအပြားပါဝင်ပြီး ကျန်မာရေးနှင့် အထူးညီညွှတ်တဲ့ အသီးအနှံတစ်မျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘလူးဗယ်ရီသီးကို (၁)ပတ်ကို အနည်းဆုံး (၂)ကြိမ်ခန့် ပုံမှန် စားပေးခြင်းက သင့်ကို အရွယ်တင် နုပျိုစေပြီး အသက်ရှည်စေမှာပါ။ 

၂။ ငါးကြီးဆီ 

The questions about fish oil supplements - Harvard Health

ကျန်းမာရေးအတွက် အလွန်သင့်လျော်ပြီး အဆီဓာတ် အလွန်ကြွယ်၀တဲ့ ငါးတွေဖြစ်ကြတဲ့ ဆယ်လမွန်ငါး၊ ရေချိုငါးကလေးများ၊ ငါးကွမ်းရှပ်၊ ငါးသေတ္တာနဲ့ လတ်ဆတ်တဲ့ တူနာငါးမျိုးများမှာ ပရိုတင်းဓာတ်၊ ဇင့်ဓာတ်၊ ဆီလီနီယမ်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဒီနဲ့ ဗီတာမင်ဘီ စတဲ့ ဓာတ်သတ္တိတွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျန်းမာရေးကောင်းမွန်စေပြီး အသက်ကိုရှည်စေနိုင်ပါတယ်။ 

၃။ ထောပတ်သီး 

Primary Health Benefits of Avocados | Cedars-Sinai

ထောပတ်သီးရဲ့ သုံးပုံနှစ်ပုံဟာ Monounsaturated (ခေါ်) အဆီအက်ဆစ်ဓာတ်ပါဝင်ပြီး၊ ဒီဓာတ်ဟာ LDL (သို့မဟုတ်) မကောင်းတဲ့ ကိုလက်စထရော ပါဝင်မှုအဆင့်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် HDL လို့ခေါ်တဲ့ ကောင်းမွန်တဲ့ ကိုလက်စထရောများကို ထိန်းထားစေတာကြောင့် ကျန်းမာရေးနဲ့ အင်မတန်ညီညွတ်တဲ့ စားစရာတစ်မျိုး ဖြစ်ပါတယ်။ 

၄။ အစေ့အဆံများ

Legumes, Nuts, Fruits, Whole Grains and Functional Botanicals Pump Up  Heart-Health Appeal | 2018-11-14 | Prepared Foods

သစ်ကြားစေ့၊ ဗာဒံစေ့ စတဲ့အစေ့တွေမှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ကယ်လစီယမ်၊ သံဓာတ်၊ ဆီလီနီယမ်ဓာတ်၊ မက်ဂနီစီယမ်ဓာတ်နဲ့ ဗီတာမင်အီးစတဲ့ အာဟာရဖြစ်စေတဲ့ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ Monounsaturated ဓာတ်နဲ့ Polyunsaturated ဓာတ်များ ပါဝင်ပါတယ်။ အဆီဓာတ် ပါဝင်မှု များတာကြောင့် အများကြီး စားမိရင်တော့ ဝိတ်တက်လာမှာပါနော်။ 

၅။ ပန်းဂေါ်ဖီစိမ်း 

Puntas amarillas? Aún hay tiempo de salvar ese brócoli | BuenaVida | EL PAÍS

ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ် အများအပြားပါဝင်ပြီး အထူးသဖြင့် ဘီတာ-ကရိုတင်းဓာတ်၊ ဗီတာမင်စီ၊ ဖောလစ်အက်ဆစ် (ဗီတာမင်ဘီ)နဲ့ ပိုတတ်စီယမ်ဓာတ်များ ပါဝင်ရုံသာမက ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးတဲ့ သဘာ၀ ဓာတ်ပြုပစ္စည်းများ ပါဝင်တာကြောင့် ရောဂါကင်းစင်စေပါတယ်။ 

၆။ ဂျုံဖြင့် ပြုလုပ်သော အစားအစာများ 

Courgette Bread | Recipe | Cuisine Fiend

ဂျုံနဲ့ပြုလုပ်တဲ့ အစားအစာတွေဖြစ်တဲ့ ပေါင်မုန့်ကြမ်း၊ ဆန်လုံးညို စတာတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ သဘာဝဖြည့်စွက်စာတွေ ဖြစ်ပါတယ်။ 

၇။ ခရမ်းချဉ်သီး 

Detecting Carotenoids in Tomato Fruit - Examining Food

ခရမ်းချဉ်သီးက အဆီပမာဏကို အလွန်လျော့နည်းစေပြီး၊ အမျှင်ဓာတ် ကြွယ်ဝတဲ့အပြင် ကယ်လိုရီပါဝင်မှုလည်း နည်းပါးတဲ့ စားစရာတစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့ အဓိက အရင်းမြစ်ဖြစ်ပြီး ခရမ်းချဉ်သီးမှာ အရေးကြီးတဲ့ အာဟာရဓာတ် အကျိုးကျေးဇူးများစွာ ပါဝင်ပါတယ်။

ခရမ်းချဉ်သီးဟာ လိုင်ကိုပင်းဓာတ်များနဲ့ ဖွဲ့စည်းထားပြီး Antioxidant လို့ခေါ်တဲ့ အနီရောင် အသွင်အပြင်ရှိ၊ သက်စောင့်ဓာတ်များကြောင့် လိုင်ကိုပင်း ဓာတ်များဟာ ကင်ဆာဖြစ်ပွားမှု အန္တရယ်ကို လျော့နည်းစေတဲ့ အဓိက အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ 

၈။ ပဲပိစပ်

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ပဲပိစပ် | MyFood Myanmar

ပဲပိစပ်ဟာ အလွန်အရည်အသွေးမြင့်တဲ့ ပရိုတင်းဓာတ်များနဲ့ ဖွဲ့စည်းထားပြီး၊ အသား၊ ငါး၊ ဥနှင့် အခြား နို့ထွက်ပစ္စည်းများနဲ့ နှိုင်းယှဉ်လျှင် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ဓာတ်များ (ပရိုတင်းဓာတ် ကြွယ်၀စွာ တည်ဆောက်ထားမှု) ပါဝင်တဲ့ တခုတည်းသော အပင်ဖြစ်ပါတယ်။ ဒါကြောင့် သက်သက်လွတ်စားတဲ့ သူများအတွက် အလွန်အရေးကြီးတဲ့ အာဟာရ ကြွယ်ဝတဲ့ အစားအစာဖြစ်ပါတယ်။ 

⇐ Previous Next

Read 1669 times