Health & Beauty

Foods you should avoid eating on an empty stomach​

Foods you should avoid eating on an empty stomach​

ဗိုက်ထဲမှာ အစာမရှိလို့ သံစုံထွက်ပြီး ဆာလောင်နေချိန်မှာ ဘယ်အစားအစာပဲဖြစ်ဖြစ် စားမယ်ဆိုတဲ့ အတွေးမျိုး တွေးမိနေရင် ပြင်ဖို့လိုပါပြီ။ အစာအိမ်ထဲ ဘာအစာမှ မရှိချိန် မစားသင့်တာတွေ စားမိရင် ဗိုက်အောင့်ရာက စလို့ ဆီးချိုရောဂါ၊ နှလုံးရောဂါအထိပါ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် ဘယ်လိုအစားအစာတွေကို ရှောင်သင့်လဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

၁။ တဆေးပါသောမုန့်များ

ဂျုံမှုန့်၊ ထောပတ်၊ တဆေးတို့နဲ့ ပြုလုပ်ထားတဲ့ မုန့်တွေဟာ အစာအမ် အတွင်းနံရံကို ကျိန်းစပ်စေပြီး လေပွတာတို့၊ ဝမ်းဖောဝမ်းရောင်တို့ ဖြစ်စေနိုင်ပါတယ်။

၂။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာ အစာအိမ်အတွင်း အက်စစ်ဓာတ် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် အစာမရှိချိန်မှာ စားလိုက်ရင် ရင်ပူရင်ဆာ ဖြစ်စေနိုင်ပါတယ်။

၃။ ဟင်းသီးဟင်းရွက်အစိမ်းများ

ဟင်းသီးဟင်းရွက်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အကျိုးပြု အမျှင်ဓာတ် ကြွယ်ဝပေမဲ့ မချက်မပြုတ်ဘဲ အစိမ်းအတိုင်း အစာအိမ်ထဲ ဘာမှမရှိချိန် စားတာမျိုးက ဆိုးကျိုးအဖြစ် ပြောင်းသွားစေပါတယ်။

၄။ ငှက်ပျောသီး

အစာအိမ်ထဲ ဘာမှ မရှိချိန် ငှက်ပျောသီးစားတာကလည်း သွေးတွင်း မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ် ပမာဏများစေနိုင်တဲ့အတွက် နှလုံးကို ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။

၅။ အပူအစပ်များ

ပူလွန်း၊ စပ်လွန်းတဲ့ အစားအစာတွေ စားရင်လည်း အစာအိမ်ထဲမှာ အက်စစ်ဓာတ်တွေ ပိုထွက်စေတဲ့အတွက် မအီမသာ ဖြစ်စေပါတယ်။

၆။ အချဉ်သီးများ

လိမ္မော်၊ သံပရာ၊ ဂရိတ်ဖရုစတဲ့ အချဉ်သီးတွေကို အစာအိမ်ထဲ ဘာမှမရှိချိန် စားခဲ့ရင် ဗိုက်နာတာမျိုး ဖြစ်တတ်ပါတယ်။

၇။ ဆိုဒါ

အချဉ်သီးတွေလိုမျိုးပဲ အက်စစ်ဓာတ်များတဲ့ ဆိုဒါပါတဲ့ အအေးတွေကို အစာမရှိချိန်မှာ လုံးဝမသောက်မိဖို့ ရှောင်ရပါမယ်။

၈။ ကော်ဖီ၊ လက်ဖက်ရည်

အစာ မရှိချိန်မှာ ကော်ဖီပဲသောက်သောက်၊ လက်ဖက်ရည်ပဲသောက်သောက် အစာအိမ်တွင်း အက်စစ်ဓာတ်တွေ ထုတ်လွှတ်မှုများစေသလို အစာချေဖျက်မှုလုပ်ငန်းစဉ်ကိုလည်း ဆိုးကျိုးပေးနိုင်ပါ တယ်။

၉။ အချိုများ

အချိုဓာတ်များတာတွေ စားရင်လည်း ပန်ကရိယကို အလုပ်တွေ ပိုလုပ်စေသလိုဖြစ်ပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေ များစေပါတယ်။

၁၀။ ဒိန်ချဉ်

ဒိန်ချဉ်မှာပါတဲ့ အကျိုးပြု ဗက်တီးရီးယားတွေကို အစာအိမ်ထဲက အက်စစ်တွေက သေကြေစေတဲ့အတွက် ဘာမှမစားရသေးခင်မှာ ဒိန်ချဉ်မစားသင့်ပါဘူး။

⇐ Previous Next

Read 547 times